Arc(1.8)

7.1K 1.1K 54
                                    

Unicode

Arc(1.8)

သေချာပေါက်တူညီသည့်ကျောင်းနှင့်တူညီသည့်အတန်းဖြစ်သော်လည်းလေထုကကောင်းကင်နှင့်ငရဲလောက်ကွာခြားသွားလေသည်။

မနေ့ကသူလင်ယွဲ့မှန်းသိတဲ့အချိန်မှာဘယ်သူမှသူ့ကိုဂရုမစိုက်ခြင်ပဲလေလိုသာသဘောထားခဲ့ကြသည်။

ဒါပေမဲ့ဒီနေ့ကြတော့သူနဲ့စကားပြောခြင်တဲ့သူတွေအများကြီးရှိနေတယ်ဆိုတာရှီရှန်းကသတိပြုမိသော်လည်းဒီအတိုင်းလျစ်လျုရှုထားလိုက်တော့သည်။

"ဟေ့! မနေ့ကငါတို့သချာၤဆရာဖြုတ်ခံလိုက်ရပြီးကျောင်းအုပ်ပါအသစ်ပြောင်းသွားတာကိုသိလိုက်ကြလား!"

"တကယ်ကြီးလား!ဒါပေမဲ့ဘာဖြစ်လို့လဲ-"

"မင်းမနေ့ကကျောင်းမလာဘူးမှတ်လားအဲ့ဒါကြောင့်မသိလိုက်တာ..သူအဖြတ်ခံလိုက်ရတာသူ့ကြောင့်လေ"

ပြောရင်းဖြင့်သူကစာအုပ်တစ်အုပ်အားဖတ်ရင်းခုံပေါ်မှာစတိုင်ကျကျမှီထိုင်နေသည့်လူငယ်လေးအားလှမ်းကြည့်လိုက်သည်။

"နေပါဦး!အဲ့ဒါဘယ်သူလဲ?"

"အဲ့ဒါလင်ယွဲ့လေ"

"မ...မဖြစ်နိုင်တာ!"

"အသံကိုနှိမ့်ပြောစမ်း!သူကြားသွားရင်ငါတို့တော့သေပြီပဲ!ငါပြောမယ်အဲ့ဒီနာမည်ဆိုးတဲ့ကျော်ကြားတဲ့သခင်လေးနန်ကသူ့ကိုကိုယ်တိုင်တောင်ကျောင်းမှာလာကြိုတာဟ!"

သူတို့ပြောနေသည့်စကားများကိုနားထောင်နေရင်းတစ်လျှောက်လုံးတိတ်ဆိတ်နေခဲ့သည့်ဟီထျန်းကနောက်ဆုံးတော့စကားပြောလာခဲ့သည်။

[အဲ့ဒီတော့မနေ့ကဖြစ်ရပ်တွေက....မင်းသူတို့ကိုရည်ရွယ်ချက်ရှိရှိလုပ်လိုက်တာမှတ်လား?ရှီးချိန်ကနှစ်နှစ်ကြာစာသင်ကြားခြင်းပိတ်ခံလိုက်ရတယ်အဲ့ဒါကသူ့ရဲ့အသက်မွေးဝမ်းကျောင်းမှုအတွက်တော့သေဒဏ်ချမှတ်လိုက်သလိုပဲပြီးတော့အရင်ကလင်ယွဲ့ကိုပြစ်မှားခဲ့ကြတဲ့ကျောင်းသားတွေလည်းကျောင်းထွက်ကြရပြီးသူတို့မိသားစုစီးပွားရေးလုပ်ငန်းတွေပါဒေဝါလီခံကြရပြီ]

အရန်ဇာတ်ကောင်အဖြစ် အဆင့်နိမ့်ကျသွားခြင်းWhere stories live. Discover now