Arc(4.16)

2K 381 47
                                    

Unicode

Arc(4.16)

ကောင်းချန်သည် သူ့ကိုယ်သူ စိတ်တည်ငြိမ်စေရန် တွန်းအားပေးနိုင်ဖို့ နှစ်ပေါင်းများစွာ ချုပ်တည်းနိုင်သည့် အတွေ့အကြုံအားလုံးကို တိုးမြှင့်လိုက်သည်။

ဘယ်လိုပဲ ဖြစ်နေပါစေ စကားစပြီး မေးခွန်းမေးလိုက်တဲ့ အချိန်မှာတော့ သူ့အသံက အက်ရှနေလေပြီ။

"မင်းဘာလို့ ဒီရောက်နေတာလဲ?"

ရှီရှန်းက သတိမထားမိသလို မျက်နှာနဲ့ ပြန်ဖြေသည်။

''နှစ်သစ်နီး လာလေလေ ခင်ဗျားကို ကြည့်ရတာ ပိုပြီး အလုပ်ရှုပ်လာလေလေ ဖြစ်နေပုံပေါ်လို့ ခင်ဗျားအတွက် ဟင်းချက်ပေးပြီး ရေခဲသေတ္တာထဲ ထည့်ပေးထားခဲ့မလို့ လုပ်နေတာ ဒါပေမဲ့ အခု ပြန်ရောက်လာပြီဆိုတော့ အတူတူ ညစာ စားကြတာပေါ့"

ရင်ထဲ ထိသွားရသည့် ကောင်းချန်သည် သူ့ရဲ့ ယခင် ကလေးဆန်သော လုပ်ရပ်များအား သူ့ကိုယ်သူ ရှက်ရွံ့မိသွားသည်။

သူအလုပ်ရှုပ်နေတယ် ဆိုတာက လုံးဝကြီး လိမ်တာ မဟုတ်ပေမယ့်လည်း ထိုလူ့ကို ရှောင်နေမိတယ် ဆိုတာကတော့ အဖြစ်မှန်ဖြစ်နေသည်လေ။ ယဲ့ရှယ်ကိုယ်တိုင်ကလည်း သူ့ဇာတ်ကားသစ်အတွက် ပရိုမိုးရှင်းလုပ်ဖို့ အလုပ်ရှုပ်နေတာကြောင့် မကြာသေးခင် ရက်ပိုင်းမှာ Talk Show တော်တော်များများမှာ ပါဝင်ခဲ့ရပြီး ဘယ်လောက်တောင် ပင်ပန်းနေမလဲ ဆိုတာကို ထည့်မပြောနဲ့ဦး။

အဲ့ဒီလို ဖြစ်နေတာတောင်မှ ထိုသူက သူ့ကို ဂရုစိုက်ပေးနေသေးတယ်....

ကောင်းချန်က သဘောတူကြောင်းအား နူးနူးညံ့ညံ့ဖြင့် အသံပေးလိုက်ပြီး ရေသွားချိုးကာ ပေါ့ပေါ့ပါးပါး အဝတ်အစား လဲလှယ်လိုက်သည်။ သူ့ခြေထောက်များက အလိုလိုပင် သူ့အား မီးဖိုချောင် ဝင်ပေါက်ဆီသို့ ခေါ်သွားပြီး လူငယ်လေးဘေးမှာ သွားရပ်မိစေ၏။

"အကူအညီ လိုသေးလား?"

သူ့မေးခွန်းကို ကြားတော့ ရှီရှန်းက ထိုလူကြီးအား တွေးဆဆဖြင့် ကြည့်လာသည်။

ရိုးရိုးသားသား ပြောရရင် ထိုလူ ဟင်းချက်တာကို သူတစ်ခါမှ မမြင်ဖူးဘူး။

အရန်ဇာတ်ကောင်အဖြစ် အဆင့်နိမ့်ကျသွားခြင်းWhere stories live. Discover now