Arc(1.7)

6.8K 1.1K 28
                                    

Unicode

Arc(1.7)

လင်ယွဲ့ကဘယ်လောက်ပဲလှပပါစေ ဒီကမ္ဘာမြေအပြင်ဘက်ကိုကျော်လွန် နေသည့်အမျိုးသမီးဇာတ်လိုက်နှင့် နှိုင်းယှဉ်ရင်တော့ဖြူဖျော့ဖျော့ဖြစ် နေသေးသည်။

သူမကလင်ယွဲ့ထက်အနည်းငယ်အရပ်ပုပြီး နှင်းဖြူရောင်အသားအရည်၊ခါးထိရှိ သည့်လှိုင်းတွန့်ပုံအနက်ရောင်ဆံနွယ် ရှည်များ၊ဗာဒံစေ့ပုံမျက်ဝန်းတစ်စုံနှင့် ဘဲဥပုံသဏ္ဍာန်မျက်နှာရှိပြီးရင့်ကျက် လာသည်နှင့်အမျှသူမဟာရင်သပ်ရှုမော ဖွယ်အလှတရားဖြစ်လာမှာသေချာလေ သည်။

မူလဇာတ်ကြောင်းမှာဘာကြောင့် အမျိုးသမီးဇာတ်လိုက်ကအမျိုးသား ဇာတ်လိုက်ရဲ့မျက်လုံးထဲဖမ်းမိသွားလဲ ဆိုသည့်အကြောင်းအရင်းကိုရှီရှန်းက နားလည်ပေးနိုင်သည်။သို့သော်သူ့အနေ နဲ့ဆိုရင်တော့သူမကတစ်ခြားသူတွေလို ပဲသာမာန်သာဖြစ်ပြီးသူ့ရဲ့စိတ်ဝင်စားမှု နှင့်လုံးမထိုက်တန်မှုမရှိပေ။

အမျိုးသမီးဇာတ်လိုက်ထွက်ပေါ်လာ တာတောင်မှရှီရှန်းကသူ့လုပ်ရပ်ကို ဆက်လက်လုပ်ဆောင်နေပြီးညင်ညင် သာသာပဲရယ်လိုက်ကာအလျင်မလို သည့်ဟန်ဖြင့်ပြောလိုက်သည်။

"ဂျီလင်....မင်းတကယ်ပဲမင်းရဲ့နားမှာ ပြဿနာတစ်ခုခုရှိနေတာလား ဒါမှမဟုတ်ဖြစ်ကောင်းဖြစ်နိုင်တာက မင်းကနိုင်ငံခြားသားဖြစ်နေလို့များ တရုတ်စကားနားမလည်တာလား?"

ထိုစကားအားကြားသောအခါယန်မင်က အနည်းငယ်မျက်မှောင်ကျုံ့သွားပြီးဂျီလင် ကပြန်ပြီးမပြောနိုင်ခင်မှာပဲသူမကအရင် ဝင်ပြောလိုက်သည်။

"လင်ယွဲ့..နင်အရမ်းမလွန်လွန်းဘူးလား? ဘာဖြစ်လို့မိန်းကလေးတစ်ယောက်ကို ဒီလိုမျိုးအနိုင်ကျင့်နေတာလဲ?"

ပြန်ဖြေသည့်အနေဖြင့်ရှီရှန်းက နှာခေါင်းရှုံ့လိုက်လေ၏။

"အနိုင်ကျင့်တယ်?ငါလည်းမင်းကိုဘာမှ မပြောရသေးပဲမင်းကဘယ်သူမှားတယ် ဆိုတာသိနေပြီပေါ့လေ?"

တကယ်တော့သူမဘယ်လိုလူမျိုးနှင့် တွဲသွားတွဲလာလုပ်နေခဲ့လဲဆိုတာသူမ မသိစရာအကြောင်းကိုမရှိပေ။

အရန်ဇာတ်ကောင်အဖြစ် အဆင့်နိမ့်ကျသွားခြင်းWhere stories live. Discover now