Arc(4.10/1)

2K 411 14
                                    

Unicode

Arc(4.10/1)

အပိုင်းအဆုံးသတ်မှာ ရှီရှန်းတို့ အဖွဲ့မရှုံးခဲ့ပေ။ နောက်တစ်နေ့ မနက်ခင်းမှာတော့ ငါးသွားမျှားရမယ့်သူက စွန်းချင်းနဲ့ ကျီကျင်းတို့ဖြစ်သည်။

ထိုအပိုင်းက One Day Trip ၏အပိုင်းများထဲတွင် rating အမြင့်ဆုံး ဖြစ်လာပြီး နောက်ပိုင်းမှာ ဧည့်သည်များ အထူးသဖြင့် ရှီရှန်းက ပရိသတ်များစွာ ရရှိသွားသည်။ သူ့ Weibo ရဲ့ followerသည်လည်း အချိန်တိုအတွင်း 3.8 million ကို ရောက်သွားလေသည်။

နောက်ဆုံးတော့ အမျိုးသားဇာတ်ဆောင် role အတွက် audition ဖြေရမယ့်နေ့သို့ ရောက်လာလေသည်။ ထို audition က သုံးရက်တိုင်တိုင် ကျင်းပခြင်းဖြစ်ကာ ရှီရှန်းက ဒုတိယမြောက်နေ့ပင်။

လက်ရှိမှာ ဒါရိုက်တာမုက ဟဲဟန်အဖြစ် သရုပ်ဆောင်ရန် သင့်တော်တဲ့ သရုပ်ဆောင်ကို ရှာမတွေ့တာကြောင့် စိတ်ရှုပ်ထွေးနေသည်။

တစ်ချို့ သရုပ်ဆောင်ငယ်လေးများ ရောက်လာသော်လည်း လုံလောက်အောင် အတွေ့အကြုံ မရှိကြ။ သို့သော်လည်း သရုပ်ဆောင်ကောင်းတဲ့ မင်းသားများ ရောက်လာပြန်တော့လည်း ဟဲဟန်ရဲ့ အသက်နဲ့ အရမ်းကို ကွာဟနေတာကြောင့် အဆုံးမှာတော့ ဒါရိုက်တာမုက သင့်တော်တဲ့ လူကို ရှာမတွေ့နိုင်ဖြစ်နေခြင်းဖြစ်သည်။

"ဒီနေ့ Sky ကနေ လူတစ်ယောက် ပို့လိုက်တယ်ကြားတယ်" 

ထိုစကားကိုကြားတော့ ဒါရိုက်တာမုရဲ့ ခံစားချက်က ချက်ချင်းပင် တက်ကြွသွားသည်။ အကြောင်းကတော့ ဥက္ကဌကောင်းက အမြင်စူးရှုမှုအတွက် နာမည်ကြီးပြီး သူ့သရုပ်ဆောင်တွေကလည်း ယုံကြည်ရလို့ ဖြစ်သည်လေ။

သူက စိတ်အားထက်သန်စွာ စောင့်ကြိုနေသော်လည်း စိတ်ပျက်မှုသာ ရရှိသွားရသည်။

သူ့မျက်နှာက ရုပ်ဆိုးလို့ မဟုတ်ဘူး အရမ်းကို ချောမောလွန်းနေတာက ပြဿနာဖြစ်နေတာ

သူ့အသက်က ဟဲဟန်အဖြစ် သရုပ်ဆောင်ဖို့ အသင့်တော်ဆုံး ဆိုပေမယ့် ဒီလိုကောင်လေးမျိုးဆီကနေ ဘယ်လို နက်ရှိုင်းတဲ့ သရုပ်ဆောင်မှုမျိုးကို မျှော်လင့်လို့ရမှာလဲ?

အရန်ဇာတ်ကောင်အဖြစ် အဆင့်နိမ့်ကျသွားခြင်းWhere stories live. Discover now