Arc(3.5)

3.1K 679 22
                                    

Unicode

Arc(3.5)

ဒါကပထမနှစ်လေးတွေအတွက်ပထမဆုံးလေ့လာရေးခရီးဖြစ်တာကြောင့်စိတ်ရှုပ်ရမယ့်အစားအကုန်လုံးထိုဆောင်ရွက်မှုအားစိတ်လှုပ်ရှားနေကြသည်။

ရှီရှန်းကလည်းသေချာပေါက်တွေ့ဆုံရမယ့်နေရာကိုအမျိုးသားဇာတ်လိုက်နဲ့အတူတူသွားပေမယ့်သူ့အသင်းဖော်တွေကိုတွေ့တာနဲ့တစ်ပြိုင်နက်နှုတ်ဆက်လမ်းခွဲလိုက်သည်။

သူတို့သုံးယောက်က(၁၆)နှစ်သားတွေဖြစ်တာကြောင့်ရှီရှန်းထက်ပိုပြီးအရပ်ရှည်ကြသည်။ Ulric Walter(အော်လ်ရစ်ဝေါလ်တာ) ကအပြာရောင်ဆံပင်များနဲ့ဆယ်ကျော်သက်လေးတစ်ယောက်ဖြစ်ပြီးသူ့ဖခင်ကချမ်းသာတဲ့ကုန်သည်ကြီးတစ်ယောက်ပင်။ Gawain Rolfe(ဂဝိန်းရောဖ့်)ကတော့အညိုရောင်ဆံပင်များနဲ့ဖြစ်ပြီးသူ့မိသားစုကအချိုရည်ထုတ်လုပ်သည့်လုပ်ငန်းမှာအောင်မြင်ကျော်ကြားသည်။နောက်ဆုံးသို့သော်အနိမ့်ဆုံးမဟုတ်တဲ့ Rowley Greene(ရိုလေဂရင်း) ကတော့စိမ်းပုတ်ရောင်ဆံပင်များနဲ့ဖြစ်ပြီး
 Cross Royal Knight ရဲ့ကပ္ပတိန်တစ်ယောက်ဖြစ်သည်။

သူတို့သုံးဦးရဲ့ဖော်ရွေမှုမရှိတဲ့အသွင်အပြင်တွေကိုလစ်လျူရှုထားရင်းဖြင့်ရှီရှန်းကသူတို့ဆီကိုအပြုံးဖျော့ဖျော့နဲ့လျှောက်သွားလိုက်သည်။

"မင်းလာတာတော်တော်လေးစောတယ်နော်"
အော်လ်ရစ်ဝေါလ်တာကမထီမဲ့မြင်ဟန်ဖြင့်ဆက်ပြောသည်။

"ငါတို့ကကိုယ့်နေရာကိုယ်မသိပဲထောင်လွှားနေတတ်တဲ့တစ်စုံတစ်ယောက်လိုမဟုတ်ဘူး"

ရှီရှန်းကစိတ်အခြေအနေကောင်းစွာဖြင့်မျက်ခုံးကိုမြှင့်လိုက်သည်။သူကဘာစကားမှပြန်ပြောမနေပဲဒီအတိုင်းပဲပြုံးလိုက်ပြီးကူးပြောင်းရေးအခင်းအကျင်းကိုအသက်သွင်းပေးမယ့်နည်းပြကိုသာစောင့်နေလိုက်၏။

သိပ်မကြာခင်ပဲဝင်ခွင့်စာမေးပွဲဖြေသည့်နေ့က mage နည်းပြကအခင်းအကျင်းကို အသက်သွင်းရန်ရောက်လာသည်။

သူ့ညာဘက်လက်ကသစ်သားတောင်ဝှေးတစ်ချောင်းကိုကိုင်ပြီးမန္တာန်များရေရွတ်နေသည်။သိပ်မကြာခင်ပဲသူတို့ရှေ့ကနေရာကရုတ်တရက်တောက်ပသည့်အရောင်များနဲ့လင်းလက်လာပြီးကြမ်းပြင်ပေါ်မှာရှေးခေတ်စာလုံးပေါ်ထွက်လာ၏။

အရန်ဇာတ်ကောင်အဖြစ် အဆင့်နိမ့်ကျသွားခြင်းWhere stories live. Discover now