Arc(4.7)

2.3K 444 23
                                    

Unicode

Arc(4.7) 

ရိုက်ကူးရေး ပြီးသည့်နောက်မှာ endorsementက အဆုံးသတ်သွားသည်။ ရှီရှန်းနဲ့ တုကျူတို့နှစ်ယောက်လုံးအား ရလဒ်များကို တစ်ပတ်အတွင်း ၎င်းတို့၏ တရားဝင်ပလက်ဖောင်းပေါ်တွင် ထုတ်ပြန်မည်ဖြစ်ကြောင်း အသိပေးခဲ့သည်။

ဘယ်သူမှ ဘာမှမပြောသော်လည်း သူတို့စိတ်ထဲမှာတော့ ဘယ်သူ့ကြော်ညာက ပိုကောင်းလဲဆိုတဲ့ အဖြေကိုရရှိပြီးကြလေပြီ။

သို့သော်လည်း ရှီရှန်းရဲ့ ငယ်ရွယ်တဲ့ အသက်အပြင် သူ့ရဲ့ ကျော်ကြားမှုကလည်း ပြဿနာရှိနေတာကြောင့် ရလဒ်ကို ဘယ်သူမှမခန့်မှန်းနိုင်ပဲ တုကျူကို ရွေးချယ်လိုက်ခြင်းက အန္တာရယ်နည်းပါးဆဲ ဖြစ်နေပြီး ဒီ endorsement ကို တုကျူရရှိနိုင်သည့် အခွင့်အရေးကတော့ မြင့်မားနေဆဲပင်။

ရှီရှန်းသည်လည်း သူ့အချိန်ဇယားထဲမှာ တစ်ခြားကိစ္စများစွာ လုပ်ဖို့ရှိနေသေးတာကြောင့် ထိုကိစ္စနဲ့ ပတ်သတ်လို့ စိုးရိမ်ပူပန်မှု ရှိမနေခဲ့။

ဒါရိုက်တာဟဲသည် ပြီးပြည့်စုံမှု ရရှိဖို့အတွက်ကို နှမြောမှု မရှိပဲ ဝတ်စုံနဲ့ ဝတ်စားဆင်ယင်မှုများက ထိတ်တန်းဖြစ်သည်။ ဇာတ်ဝင် သီချင်းများသည်ပင် ခေတ်စားနေသည့် ကြယ်ပွင့်များက သီဆိုထားခြင်းဖြစ်ပြီး လက်ရှိမှာ ဇာတ်ဝင်သီချင်း (6)ခုထိ ထုတ်လွှင့်ပြီးနေပြီဖြစ်ကာ သူတို့အားလုံးက music chart များပေါ်တွင် အထိုင်တစ်နေရာဆီ သိမ်းပိုက်ထားနိုင်ကြသည်။

သို့သော်လည်း ဇာတ်လမ်းထဲမှာ idol နှစ်ယောက် ပါဝင်သရုပ်ဆောင်ထားတာ ဖြစ်သည်လေ။ ဒါရိုက်တာဟဲသည် ပိုပြီးအမှတ်တရ ဖြစ်သွားစေရန် ယွီမေ့နဲ့ ရှှီရန်းတို့အား သီချင်းဆိုခိုင်းဖို့ ဆုံးဖြတ်လိုက်သည်။

ယွီမေ့၏သီချင်းသည် ဒရာမာ၏အဆုံးတွင် ထုတ်လွှင့်မည်ဖြစ်ပြီး ရှီရှန်းသီချင်းကိုတော့ ခဲ့ရှင်ရဲ့ နောက်ဆုံးအခိုက်အတန့်လေးမှာ ဖွင့်ပြမှာဖြစ်သည်။

ဒါရိုက်တာဟဲသည် ယဲ့ရှယ်ရဲ့ သီချင်းဆိုစွမ်းရည်ကို သိပြီးသားဖြစ်တာကြောင့် တကယ့်လက်ရာကောင်းတစ်ခု ထွက်ပေါ်လာဖို့ မမျှော်လင့်ထားပေ။ 'ခဲ့ရှင်'က ဒရမ်မာထဲမှာ ပြောမပြနိုင်ခဲ့တဲ့ စကားလုံးတွေကို သံစဉ်တစ်ခုအဖြစ် ပုံဖော်ပြီး သီဆိုလိုက်တဲ့အခါ စိတ်ပိုင်းဆိုင်ရာ သက်ရောက်မှုများ ပိုမိုရရှိစေချင်ယုံသာဖြစ်သည်။

အရန်ဇာတ်ကောင်အဖြစ် အဆင့်နိမ့်ကျသွားခြင်းWhere stories live. Discover now