Chapter - 10 (ဒယ်ဒီက ကမ္ဘာပေါ်မှာအချောဆုံး-1)

24.8K 2.9K 184
                                    

Zawgyi

ဟန်စုမင်ဟာ သူ့ဆီ ထိုးလာသည့် လက်ညှိုးကြောင့် စိတ်ထဲဒေါသလည်းထွက်သွားသည့်အပြင် အရမ်းကိုကြောက်လည်းကြောက်သွားမိသည်၊ ဒီမိန်းမကတော့!!!

ပြီးတော့ အကုန်လုံး သူ့ကိုလှည့်ကြည့်လာမှန်းသတိထားမိတာကြောင့် သူဒီအတိုင်းရပ်နေလို့မဖြစ်ပေ၊သူဟာ အားလုံးရဲ့အမြင်မှာ သူငယ်ချင်းကိုအရမ်းချစ်ပြီး ဖြူစင်အနစ်နာခံသူလေးအပြင် ဒီကျောင်းရဲ့နတ်သားလေးအဖြစ် ကျော်ကြားသူ၊ အားလုံးဆီကအကောင်းမြင်ရဖို့ သူဘယ်လောက်ကြိုးစားခဲ့ရလဲ! ဒီအောက်တန်းစားတွေကြောင့် သူ့ဆောက်တည်ထားသည့်ပုံရိပ်ကို အပျက်အစီးမခံချင်ပေ၊

ဟန်စုမင်ဟာ ဘာမှမသိသည့်လူငယ်လေးပုံစံဟန်ဆောင်ရင်း ကြောက်လန့်တုန်လှုပ်နေသည့်ပုံစံလေးဖြင့် ရှေ့တက်လာကာ မျက်ဝန်းအိမ်ထဲကနေ မျက်ရည်လေးများ စီးကျနေကာ

"အန်တီ... ဘာကြောင့် ကျွန်တော့်ကို စွပ်စွဲချင်နေလဲမသိပေမယ့် ကျွန်တော်က ဘယ်လိုလုပ် ကိုယ့်သူငယ်ချင်းကို ထိခိုက်အောင် လုပ်ရမှာလဲ? " နူတ်ခမ်းလေးများ တုန်ယင်နေကာ ရင်နာနာနေနဲ့ပြောနေပုံလေးဟာ တကယ့်ကို လူတိုင်းကိုသနားစိတ်ဝင်စေသည်၊

"ရှန်ဟွာက ကျွန်တော့်ရဲ့အချစ်ဆုံးသူငယ်ချင်းလေ ဘယ်လိုလုပ် အဲ့လို လုပ်ရပ်မျိုးကို လုပ်ရက်မှာလဲ... အန်တီ ကိုယ့်အပြစ်ကို ကိုယ်ဝန်ခံသင့်တယ်"လို့ ပြောလိုက်တော့ ထိုအမျိုးသမီးဟာ ဒေါသထွက်သွားပြီး သူမအိတ်နဲ့ ရိုက်ချလိုက်ပေမယ့် မထိခင်မှာပင် ဟန်စုမင်ဟာလဲကျပြီး နူတ်ခမ်းများ ကော့တက်သွားပေမယ့် သူရဲ့လက်မောင်းကို နာကျင်ဟန်ထိတွေ့လိုက်ပြီး... ထိုအမျိုးသမီးကိုမော့ကြည့်ကာ

"အန်တီ စိတ်ကျေနပ်မယ်ဆိုရင် ကြိုက်သလောက်ရိုက်ပါ ဒါပေမယ့် ရှန်ဟွာနဲ့ကျွန်တော့်ကြားကို သွေးမခွဲပါနဲ့!!"လို့ ငိုယိုကာပြောဆိုနေသည့် ဟန်စုမင်ကြောင့် ထိုအမျိုးသမီးဟာ ပိုမိုဒေါသထွက်လာပြီး

"ဟန်ပန်မူယာများတဲ့ကောင်!!! နင်ဘယ်လောက် သရုပ်ဆောင်ကောင်းကောင်း ငါ့သားတွေကို ခိုင်းထားတဲ့သက်သေတွေက နင့်ရဲ့သရုပ်မှန်ကိုဖော်ထုတ်ရတာပေါ့"လို့ ထိုအမျိုးသမီးဟာပြောလိုက်ပြီး သူမအိတ်ထဲက ဖုန်းကိုထုတ်ကာ... အခြားသူတွေဘက်ကိုလှည့်ပြီး

Daddyရဲ့ ကလေးလေး ဖြစ်ခွင့်ပေးပါလားWhere stories live. Discover now