Chapter - 5(ဒယ်ဒီဆီက နေ့လည်စာ)

26.3K 2.3K 63
                                    


Zawgyi

လော့ရှန်ဟွာ အတန်းထဲဝင်လာတော့ အတန်းထဲတွင် ကျောင်းသား၊ကျောင်းသူအချို့ဟာ ရောက်နေပြီး သူ့အဖွဲ့နဲ့ သူစကားပြောဆိုနေကြပြီး လော့ရှန်ဟွာဝင်လာသည်ကို မြင်တော့ အနည်းငယ်အံ့သြသွားကြပေမယ့် မသိကျိုးကျွန်ပြုကာ စကားပြောချင်ယောင်ဆောင်နေပြီး မကြာခင် ဒေါသထွက်စွာ ထသောင်းကျန်းမည့် သူတို့ကစားစရာအားကြည့်နေသည့် သားကောင်ချောင်းနေသည့်မုဆိုးမျက်ဝန်းများဖြင့် လော့ရှန်ဟွာကိုမသိမသာအကဲဖြတ်နေကြသည်၊

လော့ရှန်ဟွာဟာ မှတ်ဥာဏ်အတိုင်း သူ့ခုံဆီသွားတော့ ခုံပေါ်တွင် မိဘမဲ့၊ဆင်းရဲသား၊ အသုံးမကျသည့်ကောင် ဆိုသည့်စကားများကို မြင်လိုက်ရပြီး သူရဲ့အပေါ်နူတ်ခမ်းများဟာ ကော့ညွှတ်သွားကာ...  ခပ်တည်တည်ပင် ဝင်ထိုင်လိုက်သည်၊

လော့ရှန်ဟွာ ထိုသို့သော ကလေးအကွက်တွေဟာ ရိုးနေပြီဖြစ်သည်၊အရင်ဘဝတုန်းက လီရှန့်ဟွာဆိုတဲ့သူဟာ ကျောင်းတွေ တကယ့်ကိုဇိုးတစ်ယောက်ကိုး၊သူရဲ့အဘိုးဟာ ယောကျာ်းလေးတစ်ယောက်ဆိုတာ သူလာမထိုးခင် ကိုယ့်ဘက်ကအရင်ထိုးတတ်ရမည်ဟု ခံယူခိုင်းပြီး ကိုယ်ခံပညာတွေကို ဆရာပေါင်းများစွာ ခေါ်သင်ပေးခဲ့သည်၊ဒါ့အပြင် လီရှန့်ဟွာဟာ ဘာသာဆယ်မျိုးလောက်ထိ တတ်ပြီး၊များစွာသော အတတ်ပညာတွေကို တတ်မြှောက်ထားသူလည်းဖြစ်သည်၊သူရဲ့တစ်ခုတည်းသောအားနည်းချက်က အချစ်ရေးပဲ၊

လီကုမ္ပဏီကြီး သူ့အဘိုးကွယ်လွန်ပြီးနောက် မိသားစုအတွင်းများစွာသောတိုက်ခိုက်မှုတွေနဲ့ အပြင်ရန်သူတွေကြောင့် ဒေဝါလီခံမတတ်ဖြစ်တုန်းက ၁၇နှစ်အရွယ်သာရှိသေးသည် လီရှန့်ဟွာဟာ သူ့အဘိုးခြေရာအတိုင်း လီကုမ္ပဏီကို အရင်ပြန်လည်ပတ်စေဖို့ လူငယ်ဘဝကိုပင် စွန့်ပစ်ခဲ့ပြီး လီကုမ္ပဏီထဲ အရာအားလုံးနစ်မြှပ်ကာ ကြိုးစားပေးခဲ့သည်၊ သူရဲ့ တစ်နေ့ တစ်နေ့ အလုပ်...အလုပ်တွေနဲ့ပဲ လည်ပတ်နေသည့်ဘဝကို ကျိယန်ဟိုက် မဝင်လာသည့်အချိန်ထိပေါ့၊ အရာအားလုံးမှာထူးချွန်ထက်မြက်သည့်သူဟာ အချစ်ရေးနဲ့ပတ်သတ်ရင် တကယ့်ကို မူကြိုကျောင်းသားလေးလိုပင်၊ ဒါကြောင့် ကျိယန်ဟိုက် လှည့်သမျှခံခဲ့ရတာကိုး၊

Daddyရဲ့ ကလေးလေး ဖြစ်ခွင့်ပေးပါလားWhere stories live. Discover now