Chapter-79

2K 268 7
                                    

Zawgyi

လော့ကျန်းပေ့ ဖုန်းကိုချလိုက်ပြီးနောက်မှာ သူ့ကို မျက်လုံးဝိုင်းဝိုင်းနဲ့စိုက်ကြည့်နေတဲ့လော့ရှန်ဟွာကိုတွေ့လိုက်ရတော့ ပြုံးလိုက်မိသည်၊

"ဘာဖြစ်လို့လဲ..."

လော့ရှန်ဟွာက လော့ကျန်းပေ့အမေးကြောင့် နူတ်ခမ်းလွှာများဖွင့်ဟသွားပေမယ့် ဘာပြောရမလဲမသိပေ၊Systemကနေ လော့ရှန်ဟွာရဲ့ပျောက်ဆုံးနေသောမှတ်ဥာဏ်များကို ရှာဖွေရန်ပြောလာပေမယ့် လော့ရှန်ဟွာက နားမလည်ဟန်ဖြစ်နေတော့သည်၊သူက ဘယ်ကစပြီး ပြောရမလဲကိုမသိဖြစ်နေခဲ့ပေမယ့် သေချာတွေးတောတဲ့အချိန်မှာ လော့ရှန်ဟွာဆီမှာ အသက်လေးနှစ်နောက်ပိုင်းမှစတဲ့မှတ်ဥာဏ်တွေသာရှိပြီး ရှေ့ပိုင်းမှတ်ဥာဏ်တွေမရှိကြောင်း သတိထားမိသွားသည်၊

ဥပမာ လော့ဖုတို့ကြောင့် လော့ကျန်းပေ့က သူ့ကိုခေါ်ကာ မြို့တော်ကိုထွက်သွားတဲ့အဓိကအကြောင်းအရင်းကို လော့ရှန်ဟွာစဉ်းစားမရပေ၊

"ကျွန်တော့်မိခင်က ဘယ်သူလဲ"

လော့ရှန်ဟွာအမေးကြောင့် လော့ကျန်းပေ့က ခေတ္တတော့တိတ်ဆိတ်သွားပြီးနောက်မှာ သူဟာ လော့မုမုနဲ့လော့ချင်းယောင်အကြောင်းကို ပြောပြလာတော့သည်၊

"မွေးစားအမေနဲ့အန်တီမုက တစ်ယောက်ကိုတစ်ယောက် သိပ်ချစ်ကြတဲ့ချစ်သူတွေလေ၊အဲတုန်းက လိင်တူချစ်တာနဲ့ပတ်သတ်ပြီး အကြီးအကဲတွေက အတော်သဘောမတွေ့ဘူးလေ၊ဒါကြောင့် လော့ဖုတို့က အကြီးအကဲတွေဆီက မျက်နှာသာရဖို့ အန်တီမုကို အခြားယောက်ျားတစ်ယောက်နဲ့အိပ်အောင် ဖိအားပေးခဲ့တယ်..."

ဟိုတုန်းက အကြောင်းအရာတွေကို လော့ကျန်းပေ့က ပြန်လည်ပြောပြချိန်မှာ နှလုံးသားကတော့ လေးလံနေခဲ့သည်၊

လော့ကျန်းပေ့ အလယ်တန်းကျောင်းသားနှစ်တုန်းက မွေးစားမိခင်က အမျိုးသမီးတစ်ဦးကို ခေါ်လာပြီး အနာဂတ်မှာ လက်ထပ်မည့်သူဖြစ်ကြောင်း လော့အိမ်တော်တစ်အိမ်တော်လုံးကို ဖွင့်ပြောလာတော့သည်၊ထိုကိစ္စကြောင့် လော့အိမ်တော်မှာ လော့ချင်းယောင်နေရာက ယိုင်ယဲ့သွားသော်လည်း လော့ကျန်းပေ့ကြောင့် အကြီးအကဲတွေက လော့ချင်းယောင်တို့ကို စောင့်ကာကြည့်ခဲ့သည်၊

Daddyရဲ့ ကလေးလေး ဖြစ်ခွင့်ပေးပါလားWhere stories live. Discover now