Chapter -53

6K 579 21
                                    

Zawgyi

လော့ရှန်ဟွာဟာ လက်တော့စ်ကိုဖွင့်လိုက်ပြီး ကျိုးကို ဆက်သွယ်လိုက်သည်၊တစ်ဖက်ကနေ ရေချသံကြားနေရပြီး ကြည့်ရသည်မှာ ရေချိုးနေပုံရသည်၊ထိုနောက်မှာ ရေကျသံရပ်သွားပြီး အသံအောပြီး အနည်းငယ်ချိုတဲ့ယောကျာ်းသံထွက်လာတော့သည်၊

"ဟယ်လို ရှန်ဟွာ"

"ကျိုး အခြေအနေ ဘာထူးလဲ" လော့ရှန်ဟွာက ကျိုးကို သူတို့ရဲ့ပရောဂျက်အခြေအနေကိုမေးလိုက်သည်၊သူမျက်စိကျနေတဲ့နေရာရှိမြေကွက်ကို ဝယ်ယူနိုင်၊မနိုင်သိချင်သည်ကိုး၊

"အခြေအနေက တစ်ဝက်ကောင်းတစ်ဝက်ဆိုးပဲ၊ မင်းလိုချင်တဲ့မြေကွက်က ဒီနှစ်ဝက်မှာလာမဲ့လေလံပွဲမှာ လေလံဆွဲရလိမ့်မယ်"

"ဒါဆို ငါတို့မှာ ရနိုင်ခြေရှိသေးတာပဲ" လော့ရှန်ဟွာဟာ ထိုမြေကွက်ပေါ် အများကြီးမမျှော်မှန်းထားပေ၊အခုတော့ ထိုမြေကွက်ဟာ ဘယ်သူ့လက်ထဲမှမရောက်သေးတာကြောင့် သူ့စိတ်အခြေအနေဟာကောင်းင်းသွားတော့သည်၊ထိုနောက်မှာ ကျိုးကို ပြောစရာရှိတာပြောပြီးနောက်မှာ ဖုန်းချလိုက်သည်၊

အရင်ဆုံး နှစ်ဝက်မရောက်ခင်မှာ သူလုပ်စရာရှိတာတွေလုပ်ထားရလိမ့်မည်၊လော့ရှန်ဟွာဟာ ခေါင်းကြောဆွဲရင်း တွေးလိုက်သည်၊ထိုနောက်မှာတော့ Laptopကိုဖွင့်လိုက်သည်၊

အဘိုးရဲ့ရှေးဟောင်းပစ္စည်းတစ်ချို့ကို လေလံပွဲမှာရောင်းချချင်သည်၊နောက်ပြီးတော့ သူရဲ့လီရှန်းဟွာဘဏ်အကောင့်ကိုလည်း ပြန်ပြီးစစ်ဆေးကြည့်ချင်သေးတယ်၊ထိုအကောင့်ကို ဟိုခွေးကောင် ဟန်ပိုင်လည်း သိနေတာကြောင့် သူဟာ ယူသင့်မယူသင့်သာတွေးလိုက်သည်၊တစ်ကယ်လို့ ငွေထုတ်မိတဲ့သတိပေးချက်စာဟာ ဟန်ပိုင်ဆီရောက်သွားရင် လော့ရှန်ဟွာဟာ မလိုလားတဲ့ပြဿနာတွေနဲ့ရင်ဆိုင်ရလိမ့်မည်၊

လော့ရှန်ဟွာက သူ့ရဲ့ဒယ်ဒီပ ကြွယ်ဝချမ်းသာမှန်းသိပေမယ့် သူ့ကို ငယ်သေးတာကြောင့် ငွေမကိုင်ခိုင်းသေးပေ၊ပြီးတော့ လော့ရှန်ဟွာကိုယ်တိုင်ကလည်း ပမာဏများများကို သူ့ရဲ့ဒယ်ဒီဆီကနေ မတောင်းနိုင်ပေ၊သူ့ရဲ့တစ်ခုတည်းသောနည်းလမ်းဟာ အဘိုးစုဆောင်းထားတဲ့ရှေးဟောင်းအမွေအနှစ်များကို လေလံပွဲကိုရောင်းချရန်သာ တတ်နိုင်တော့သည်၊သူ့အဘိုးကိုယ်တိုင်ကလည်း သူသေဆုံးသွားပြီးနောက် ရှေးဟောင်းအမွေအနှစ်များကို မထိန်းသိမ်းနိုင်ရင် ရောင်းချပစ်ရန် လော့ရှန်ဟွာကို မှာခဲ့ပြီးသားပင်၊

Daddyရဲ့ ကလေးလေး ဖြစ်ခွင့်ပေးပါလားWhere stories live. Discover now