Chapter -20 (ကျန်းယုဝေဆိုသည့် အန်တီကြီးရေ ဒယ်ဒီဘေးနားကနေ out!)

21.1K 2.1K 138
                                    

Zawgyi

လော့ရှန်ဟွာတစ်ယောက် သူရဲ့လက်တွေကိုသာ တင်းကြပ်စွာဆုပ်ထားနေမိသည်၊ဘာလို့လဲဆိုတော့ သူ့ဒယ်ဒီဟာ အခုထိ တလမ်းလုံးစကားတခွန်းမှ မပြောဘဲ ဖိုင်အချို့ကိုသာ မျက်မှောင်ကြီးကြုတ်ကာ စူးစိုက်ကြည့်နေသောကြောင့် ဖြစ်သည်၊ဖိုင်သာ အသက်ရှိနေပါက ကြောက်ဒူးတုန်ကာ ငိုယိုနေမှာ သေချာသည်။

အခုတော့ အသက်ရှိနေသည့် လော့ရှန်ဟွာကတော့ တင်းမာနေသည့်လေထုကြားထဲမှာ ဘယ်လိုအသက်ရှင်ရမည်လည်းဆိုတာ စဉ်းစားနေရတော့သည်၊သူ့ဒယ်ဒီက သူ့ကို အပြစ်ပေးမယ်ဆိုတော့... မနေ့ကလိုမျိုး ၊ လော့ရှန်ဟွာ သူ့စိတ်ထဲမှာ ဒယ်ဒီရဲ့ခန္ဓာကိုယ်ကို စဉ်းစားမိပြီးနောက်မှာ မျက်နှာပြင်တစ်ခုလုံးသာမက နားတွေနဲ့လည်ပင်းတွေပါ ရဲတက်သွားတော့သည်၊

'ဘာတွေ တွေးမိနေတာလဲ!' ဒါပေမယ့် ဒယ်ဒီရဲ့အပေါ်ပိုင်းနဲ့အဲ့နေရာကို မြင်ချင်လိုက်တာ...အဲတာက အရမ်းကြီးလွန်းမှာ သေချာသည်၊ပြီးတော့ ဒယ်ဒီရဲ့ခန္ဓာကိုယ် အဲ့...ဝမ်းဗိုက်ကြွက်သားတွေကလည်း အရမ်းကိုကြည့်ကောင်းနေမှာပဲ! ချောကလပ်ပြားခြောက်ခုလောက်တော့ ရှိမယ်ထင်တယ်

လော့ရှန်ဟွာ သူ့ဘာသာအတွေးနွံထဲကနေ မရုန်းထွက်နိုင်ဖြစ်နေပြီး သူရဲ့ဒယ်ဒီကိုယ်ကို တွေးနေရင်း တံထွေးများခနခနမြိုချနေမိသည်၊ဒါ​ပေမယ့် ကြီးမားသည့်လက်တစ်ဖက်ဟာ သူရဲ့လက်​ကောက်ဝတ်ကို ဆွဲကာ သူ့ကိုပါ ဆွဲလိုက်တာကြောင့် လော့ကျန်းပေ့ ရင်ခွင်ထဲကိုရောက်သွားတော့သည်၊လော့ရှန်ဟွာလည်း အတွေးနွံထဲကနေ ထွက်လာပြီး ရင်ခွင်ပိုင်ရှင်ဖြစ်သည့် သူ့ဒယ်ဒီကို ကြည့်ကာ ရင်ထဲ ဝုန်းဒိုင်းကြဲနေတော့သည်၊ သူ့ဒယ်ဒီဆီကရသည့် ကိုယ်သင်းနံ့ဟာ အရမ်းကို သင်းပြီး ပြင်သစ်ကော်ဖီအနံနဲ့ဆင်တူသည်၊

"ဘယ်သူအကြောင်း တွေးနေတာလဲ" သူသဘောကျဆုံးက ဒယ်ဒီအသံပင်၊ရစ်မူးလွယ်သည့် ပြင်းရှရှဝိုင်တစ်ခွက်ကို သောက်လိုက်ရသလိုပဲ သူရဲ့ဒယ်ဒီရဲ့အသံဟာ အရမ်းကို ပြုစားနိုင်လွန်းသည်၊​လော့ရှန်ဟွာ သူ့ဒယ်ဒီကို မော့ကြည့်နေရင်း အောက်နူတ်ခမ်းလေးကို ဖိကိုက်ကာ

Daddyရဲ့ ကလေးလေး ဖြစ်ခွင့်ပေးပါလားWhere stories live. Discover now