Chapter-69.2

3.7K 269 9
                                    

Zawgyi

လော့အိမ်တော်ကို ပြန်ရောက်လာချိန်မှာတော့ လော့ချင်းမုက ဧည့်ခန်းမှာမိန်းမတစ်ဦးတည်းနဲ့ထိုင်နေပြီး သူတို့လာသည်ကိုမြင်တော့ ပျော်ရွှင်သွားသည်၊ဒါပေမယ့် လော့ရှန်ဟွာကိုမြင်တော့ မျက်နှာထက်မှာ မုန်းတီးမှုများဖြတ်သန်းသွားတော့သည်၊

လော့ချင်းမုဘေးနားမှာထိုင်နေတဲ့အမျိုးသမီးကြီးက ထလာပြီး လော့ကျန်းပေ့ကို ပြုံးကာနူတ်ဆက်လိုက်သည်၊

"ကျန်းပေ့ မင်းရောက်လာပြီပဲ"

"ဒုတိယအဒေါ်"

လော့ကျန်းပေ့က နူတ်ဆက်လိုက်ပြီးနောက်မှာ လော့ချင်းမုကိုကြည့်လိုက်သည်၊လော့ချင်းမုက ကြောက်လန့်သွားပြီး တုန်တုန်ယင်ယင်နဲ့နူတ်ဆက်လိုက်သည်၊

"အစ်ကိုဝမ်းကွဲ...အမေက ညီမကို လာကြည့်တာပါ"

"ဟုတ်တယ်...မင်းညီမကို အပြစ်မတင်စမ်းပါနဲ့... မြို့တော်ရဲ့အဝေးမှာရောက်နေတော့ ငါလည်းစိတ်မချလို့ လိုက်လာတာ"

"အင်း ..." လော့ကျန်းပေ့က ခေါင်းတစ်ချက်ညိတ်လိုက်ပြီး အိမ်တော်ထိန်းကို လော့ချင်းဝေ့အတွက် အခန်းစီစဉ်ခိုင်းလိုက်သည်၊ထို့နောက်မှာတော့ လော့ရှန်ဟွာကို ခေါ်သွားပြီး ထွက်သွားရန်ပြင်လိုက်ချိန်မှာတော့ လော့ချင်းဝေ့က လော့ရှန်ဟွာရှေ့တားဆီးလိုက်သည်၊

"ခဏနေဦး"

လော့ကျန်းပေ့နဲ့လော့ရှန်ဟွာရဲ့ခြေလှမ်းများက ရပ်တန့်သွားပြီး လော့ကျန်းပေ့ရဲ့အမူအရာကတော့တင်းမာသွားတော့သည်၊လော့ရှန်ဟွာကတော့ အူတူတူမျက်နှာထားလေးဖြင့် လော့ချင်းဝေ့ကိုမော့ကြည့်လိုက်သည်၊

"မင်းအဒေါ်တစ်​ယောက်လုံးရှိနေတာတောင် နူတ်ဆက်ဖို့ သတိမရဘူးလား" လော့ချင်းဝေ့က လော့ရှန်ဟွာကိုစိုက်ကြည့်ရင်း တင်းမာတဲ့မျက်နှာနဲ့ လေသံဖြင့် ပြောလိုက်သည်၊လော့ရှန်ဟွာက အလန့်တကြားဖြစ်သွားပြီး နူတ်ခမ်းများဖွင့်ဟသွားပေမယ့် ဘာအသံမှထွက်မလာတော့ပေ၊

လော့ကျန်းပေ့က လော့ရှန်ဟွာရဲ့လက်ကို ဆုပ်ကိုင်လိုက်ပြီး ဘာမှမဖြစ်ကြောင်းနှစ်သိမ့်လိုက်ပြီး လော့ချင်းဝေကို ကြည့်လိုက်သည်၊

Daddyရဲ့ ကလေးလေး ဖြစ်ခွင့်ပေးပါလားWhere stories live. Discover now