Chapter -56

4.9K 478 7
                                    

Zawgyi

ကျောင်းကန်တင်းရောက်တော့ ကုဖုန်းမော့နဲ့လီကုန်းရွှေဟာ ရောက်နှင့်နေပြီး သူ့ကိုလှမ်းခေါ်တော့သည်၊လော့ရှန်ဟွာလည်း ခုန်မှာဝင်ထိုင်ရင်း သူ့အတွက်ယူထားတဲ့နေ့လည်စာကိုကြည့်လိုက်သည်၊

"ဒီနေ့ အမဲအားလူးပေါင်းအလှည့်လေ ဒါကြောင့် ကိုယ်တို့အစောကြီးလာထားရတယ်"

လော့ရှန်ဟွာဟာ ပန်းကန်ထဲက အရသာရှိမဲ့အမဲအာလူးပေါင်းကိုကြည့်ရင်း လျှာသပ်လိုက်သည်၊ထို့နောက်မှာတော့ မျက်နှာစူပုပ်ပုပ်နဲ့ထန်းဟော်ရှနဲ့ပြုံးနေတဲ့ရှအန်းထျန်းတို့ရောက်လာတော့သည်၊သူတို့ကလည်း ခုံမှာဝင်ထိုင်လိုက်ပြီး ဟင်းပေါင်းအတွက်ကျေးဇူးတင်လိုက်သည်၊

"စီနီယာတို့ ဒီမှာထိုင်လို့ရလားမသိဘူး"

"မရဘူး" ထန်းဟော်ရှဟာ မုချင်းရုံရဲ့အသံမှန်းသိတာကြောင့် အခြားသူတွေမပြောခင်မှာ သူကစပြီးပြောလိုက်သည်၊မုချင်းရုံဟာ ထန်းဟော်ရှစကားကြောင့် ဝမ်းနည်းတဲ့အမူအရာဖြစ်သွားပြီး

"ဟုတ်...ကျွန်တော်နှောင့်ယှက်မိသွားတာပဲ တောင်းပန်ပါတယ်" လို့ပြောကာထွက်သွားတော့သည်၊

"တကယ်တော့ မင်းထိုင်လို့ရပါတယ်..." လော့ရှန်ဟွာစကားကြောင့် မုချင်းရုံဟာ စိတ်ထဲမကျေနပ်ဖြစ်သွားတော့သည်၊သူလိုချင်တာက စီနီယာတွေထဲကတစ်ယောက်က သူ့အားလှမ်းတားပြီး ထိုင်ခိုင်းစေချင်သည်၊

ဒါပေမယ့် မုချင်းရုံဟာ ဟန်ဆောင်ပြုံးလိုက်ပြီး လီကုန်းရွှေအနီးမှာဝင်ထိုင်လိုက်သည်၊ထန်းဟော်ရှဟာ လော့ရှန်ဟွာအနားကပ်ကာ တိုးတိုးမေးလိုက်သည်၊

"အဲ့ကောင်က ပြဿနာရှာချင်နေမှန်းသိသာနေတာကို ဘာလို့ထိုင်ခိုင်းတာလဲ"

"ကျောင်းသားသစ်တစ်ယောက်က ငါတို့အကြောင်းကို သိနေတာမထူးဆန်းဘူးလား..." ထန်းဟော်ရှက ရိုးသားပြီးထက်ရှတဲ့လူငယ်ဖြစ်တာကြောင့် လော့ရှန်ဟွာရဲ့စကားတစ်ခွန်းကနေ သူဟာ ဖြစ်နိုင်ခြေများကို ကောက်ချက်ချမိလိုက်သည်၊

"ဒါဆို သူ့နောက်မှာအခြားသူရှိနေတာပေါ့"လော့ရှန်ဟွာကပြုံးလိုက်ပြီးခေါင်းညိတ်လိုက်သည်၊ကျောင်းသားတစ်ယောက်ကို အခြားကျောင်းသားတစ်ယောက်နဲ့ဝင်နှောက်ထားတာက ကြီးမားတဲ့ကိစ္စတော့မဟုတ်နိုင်ပေ၊

Daddyရဲ့ ကလေးလေး ဖြစ်ခွင့်ပေးပါလားWhere stories live. Discover now