Chapter-84

2K 232 1
                                    

Zawgyi

ကျန်းလင်းရှက ထိတ်လန့်သွားပြီးနောက်မှာ သူ့ရဲ့အကောင့်ကနေ စာတစ်စောင်ရောက်လာတာကိုမြင်လိုက်ရသည်၊

ပထမက သူပိုစ့်ဖျက်ပြီး ပြန်တောင်းပန်ရန်ရည်ရွယ်ချက်မရှိသော်လည်း ထန်းဟော်ရှပို့လာတဲ့အသံဖိုင်က တကယ်ကိုပင် သူနဲ့လော့ရှန်ဟွာပြောထားတဲ့အသံဖိုင်ဖြစ်နေသည်၊ပြီးတော့ ပြဿနာအဆုံးထိပါနေခဲ့သည်၊

ကျန်းလင်းရှက လက်ချောင်းများဖွေးစွတ်သွားတဲ့အထိဆုပ်လိုက်ပြီးနောက်မှာ သူ့ကိုယ်သူစိတ်ပြန်တည်ငြိမ်ရန်ကြိုးစားလိုက်ရသည်၊

[ဒီတစ်ခါတော့ မင်းနိုင်တယ် လော့ရှန်ဟွာ] ကျန်းလင်းရှက ထန်းဟော်ရှရဲ့အကောင့်ဆီပို့လိုက်ပြီးနောက်မှာ ပိုစ့်ကိုဖျက်လိုက်ပြီး တောင်းပန်စကားသာပြောလိုက်သည်၊

(ငါတောင်းပန်ပါတယ် လော့ရှန်ဟွာ)

သူက အဲတစ်ကြောင်းတည်းသာတင်ထားပေမယ့် အတန်းဘီကကျောင်းသားတွေကတော့ ဝိုင်းပြီးမန့်နေကြတော့သည်၊အဲနေ့ကစ​ပြီး ကျန်းလင်းရှရဲ့ဂုဏ်သတင်းက အနည်းငယ်ပျက်စီးသွားတော့သည်၊ကျန်းလင်းရှရဲ့ ပြန်လည်မွေးဖွားလာတဲ့ရွှေလက်ချောင်းကလည်း မှေးမှိန်လာတော့သည်၊

လော့ရှန်ဟွာကလည်း ကျန်းလင်းရှရဲ့တောင်းပန်စကားကို မြင်ပေမယ့် သိပ်ပြီးအရေးမစိုက်ပေ၊ထိုချိန်မှာ လျောင်ဝူဟွမ်က တံခါးခေါက်လာကာ လော့ရှန်ဟွာရဲ့လူနာကုတင်နားကို လျှောက်လာတော့သည်၊

"ရော့ ဖိတ်စာ"

"ဘာအတွက်လဲ"

"ကျန်းလင်းရှက မင်းကို တစ်ခုခုလုပ်ချင်နေတဲ့ပါတီလေ...ပျော်စရာတွေ မလွတ်အောင် လာခဲ့လိုက်" လျောင်ဝူဟွမ်က လော့ရှန်ဟွာရဲ့ကုတင်အနီးပစ်တင်ပေးလိုက်ပြီး ပြောလိုက်ပြီးနောက်မှာ သူက အင်တင်တင်နဲ့ထပ်ပြောလာတော့သည်၊

"ကျေးဇူးပဲ"

"မလိုပါဘူး" လျောင်ဝူဟွမ်ရဲ့ကျေးဇူးတင်စကားကို လက်ခံလိုက်ပြီးနောက်မှာ လျောင်ဝူဟွမ်ကလည်း လော့ရှန်ဟွာကို နူတ်ဆက်ကာထွက်သွားတော့သည်၊ထန်းဟော်ရှက လျောင်ဝူဟွမ်နဲ့ပတ်သတ်ပြီး မမေးတော့ပဲ ဖိတ်စာကိုသာကြည့်လိုက်သည်၊

Daddyရဲ့ ကလေးလေး ဖြစ်ခွင့်ပေးပါလားWhere stories live. Discover now