Chapter -52

5.3K 534 12
                                    

Zawgyi

လော့ကျန်းပေ့ဟာ လော့ရှန်ဟွာကို ကားစီခေါ်လာပြီးနောက်မှာအနီးနားက စားသောက်ဆိုင်ကို ခေါ်ဆောင်သွားတော့သည်၊ထိုစားသောက်ဆိုင်ဟာ အရှေ့တိုင်းစားသောက်ဆိုင်ဖြစ်ပြီး လော့ရှန်ဟွာလည်း သဘောကျသည်၊

ဆိုင်အပြင်အဆင်ဟာလည်း အရှေ့တိုင်းဘက်ဆန်ပြီး အတွင်းဘက်မှာ တန်ဖိုးကြီး ရှေးဟောင်းရုပ်ထုများရှိနေပြီး ပန်းချီကားချပ်များမှာလည်း အသက်ဝင်ကာ ခမ်းနားလှသည်၊

လော့ကျန်းပေ့ဟာ သီးသန့်ခန်းကိုယူလိုက်ပြီးနောက်မှာ အစားအသောက်တစ်ချို့ကို မှာယူလိုက်သည်၊ဧည့်သည်တွေစောင့်ရမည်ကို စိတ်ရှည်အောင် မုန့်ချိုများကို ဝန်ဆောင်မှုအဖြစ်ချထားသေးသည်၊

"ဆန်အရက်ပဲ!" အဖြူရောင်ပုလင်းထဲအရည်များကို ကြည့်ရင်း လော့ရှန်ဟွာ လျှာသပ်ကာပြောလိုက်သည်၊ထိုနောက်မှာ ပန်းကန်နဲ့ထည့်ထားတဲ့မုန့်ချိုတွေကိုလည်း လှမ်းနှိုက်ကာစားလိုက်သည်၊ထိုအစားအသောက်တွေကို ဘယ်လိုခေါ်လဲမသိပေမယ့် ဘေးနားမှာmenuကိုပြောပြထားသေးတယ်၊

"ထောပတ်ဘိန်းမုန့်၊ရွှေဖရုံယို" အခြားသောမုန့်ချိုများနာမည်ကို ဖတ်လိုက်ပြီးနောက်မှာ ထပ်မံတစ်ခုစီစားလိုက်သေးသည်၊ဆန်အရက်ကို သောက်ရန်လှမ်းယူချိန်မှာ လက်တစ်ဖက်ဟာ တားဆီးလာတော့သည်၊

"မသောက်ရဘူး"

"ဆန်အရက်က မမူးဘူး ကျန်းမာရေးအတွက်တောင် ကောင်းတယ်"

"နွားနို့က ကျန်းမာရေးအတွက် ပိုတောင်ကောင်းသေးတယ်"

လော့ရှန်ဟွာဆူပုပ်သွားပေမယ့် ဘိန်းမုန့်ကိုသာ သုံး၊လေးခု ထည့်ကာစားလိုက်သည်၊တစ်နာရီကြာတဲ့အချိန်မှာ ပူပူနွေးနွေးအစားအသောက်တွေဟာရောက်လာတော့သည်၊

လော့ရှန်ဟွာဟာ သူရှေ့ရှိ ထမင်းပူပူလေးကို ကြည့်ရင်း လျှာသပ်လိုက်သည်၊ထမင်းက အကောင်းဆုံးသားဖြစ်သည်။လော့ရှန်ဟွာဟာ တူကိုယူလိုက်ပြီးနောက်မှာ ရှေ့ရှိဟင်းလျာများကို ကြည့်လိုက်သည်၊

ထိုနောက်မှာ အမဲသားနဲ့အာလူးရောစပ်ထားတဲ့ဟင်းလျာထဲက အကြီးဆုံးအတုံးကို လော့ကျန်းပေ့ ထမင်းခွက်ထဲထည့်ပေးလိုက်ပြီးနောက်မှာ သူ့ပန်းကန်ထဲကိုလေ သုံးလေးတုံးထည့်လိုက်သည်၊ထိုနောက်မှာ ပါးစပ်ထဲထည့်လိုက်သည်၊နူးအိနေပြီး လျှာပေါ်ပျော်ဝင်သွားစေတဲ့အထိ အသားဟာ နူးအိလှသည်၊

Daddyရဲ့ ကလေးလေး ဖြစ်ခွင့်ပေးပါလားWhere stories live. Discover now