Chapter-75

2.2K 279 0
                                    

Zawgyi

လော့ရှန်ဟွာတို့ ထွက်သွားချိန်မှာတော့ လျောင်ဝူဟွမ်က စိတ်ထဲတစ်မျိုးတစ်မည်ဖြစ်သွားတော့သည်၊ကျန်းလင်းရှကို သဘောကျရတဲ့အ​ကြောင်းအရင်းက ကိုယ်ကျိုးမငဲ့ပဲ ကူညီတတ်လို့ဖြစ်သည်၊ဒါပေမယ့် လော့ရှန်ဟွာပြောလိုက်တဲ့စကားကြောင့် လျောင်ဝူဟွမ်ခေါင်းထဲမှာ စိတ်နာစွာ ကြည့်နေတဲ့ချောကလက်ရောင်မျက်ဝန်းများပိုင်ဆိုင်ထားတဲ့မျက်လုံးပိုင်ရှင်ကို သတိရမိသွားသည်၊

ကျန်းလင်းရှနဲ့တွေ့တည်းက အဲတစ်ယောက်ကို လျောင်ဝူဟွမ်တစ်ချက်လေးတောင် သတိမရတော့ပေ၊ဒါက အတော်ထူးဆန်းပြီး သူတို့နှစ်ယောက်ကငယ်စဉ်တည်းက သူငယ်ချင်းတွေဖြစ်ခဲ့တာကြောင့် ဘာအကြောင်းကြောင့် မေ့ပစ်မိသွားတာလဲ၊

ပြီးတော့ သူက ဘာကိစ္စနဲ့ သူ့(လျောင်ဝူဟွမ်)အား ဆေးခတ်မှာလဲ၊ လျောင်ဝူဟွမ် အံကိုကြိတ်လိုက်ပြီးနောက်မှာ ဖုန်းထုတ်လိုက်ပြီး အဲနေ့ကကိစ္စကိုပြန်စုံစမ်းပေးရန် သူ့သူငယ်ချင်းတစ်ယောက်ကို အကူအညီတောင်းလိုက်သည်၊

လျောင်ဝူဟွမ်က လွတ်နေတဲ့အခန်းလွတ်တစ်ခန်းမှာ ထိုင်ပြီး ပီကေဝါးနေကာ အပြင်ဘက်က မြင်ကွင်းကို အဓိပ္ပါယ်မဲ့စွာစိုက်ကြည့်နေခဲ့သည်၊ဘယ်လောက်ပဲ တွေးတောပါစေ၊ ထိုနေ့က သူက ဘာလို့ ကြမ်းတမ်းသွားရတာလဲ၊ လော့ရှန်ဟွာစကားအရဆိုရင် လော့ရှန်ဟွာက ကျန်းလင်းရှကို တစ်ခါမှ အနိုင်မကျင့်ဖူးပေ၊

လီကုန်းရွှေကလည်း သူ့ကို သတိပေးဖူးသည်၊'ကျန်းလင်းရှက မင်းထင်သလောက်မရိုးရှင်းဘူး' ဆိုပြီးတော့ပေါ့၊လီကုန်းရွှေနဲ့လျောင်ဝူဟွမ်ရဲ့မိဘတွေကလည်း မိတ်ဆွေတွေဖြစ်တာကြောင့် လျောင်ဝူဟွမ်နဲ့လီကုန်းရွှေက သူငယ်ချင်းကောင်းတွေမဟုတ်ကြပေမယ့် ခင်မင်ရင်းနှီးတဲ့အဆင့်မှာတော့ရှိသည်၊ဒါကြောင့် ကျောင်းမှာ သူ့ကိုတွေ့တဲ့အချိန်မှာ လီကုန်းရွှေက သတိပေးစကားပြောခဲ့သည်၊

လျောင်ဝူဟွမ်က လီကုန်းရွှေဆီ ဖုန်းဆက်လိုက်ပြီး တစ်ခွန်းသာမေးလိုက်သည်၊

"လော့ကျန်းပေ့နဲ့လော့ရှန်ဟွာက သားအဖအရင်းတွေမဟုတ်ဘူးမလား"

Daddyရဲ့ ကလေးလေး ဖြစ်ခွင့်ပေးပါလားWhere stories live. Discover now