Chapter-33(ကော့တေးပါတီနောက်ကွယ်ကလှည့်ကွက်များ-3)

13.8K 1.6K 42
                                    

Zawgyi
"နင့်ကြောင့် ဖြစ်တာ!!!မျိုးမစစ်ကောင်!!"လို့ ကျန်းယုဝေရဲ့အော်သံကြောင့် ပါတီတစ်ခုလုံးတိတ်ဆိတ်သွားတော့သည်၊ကျန်းယုဝေဟာလည်း တိတ်ဆိတ်သွားသည့်ပတ်ဝန်းကျင်နဲ့အတူ သူမရဲ့လုပ်ရပ်ကို နောင်တရသွားတော့သည်၊သူမအနေနဲ့ လူပုံလယ်ခေါင်မှာ အရှက်ခွဲခံရတာကြောင့် သူမရဲ့ဒေါသကို လော့ကျန်းပေ့ဘေးနားမှာ ရပ်ကာ သူမကို ကြည့်နေသည့် လော့ရှန်ဟွာပေါ်ရောက်သွားခြင်းဖြစ်သည်၊

ထိုကောင်လေးရဲ့မျက်ဝန်းများဟာ သူမကို စိုက်ကြည့်ရင်း ကြောက်ရွံနေသည်ဟု ခံစား​နေရသည်၊ပတ်ဝန်းကျင်ကမျက်ဝန်းများဟာလည်း သူမအပေါ်ကိုသာ စိုက်ကြည့်နေတာကြောင့် နောက်ဆုံးကျန်းယုဝေဟာ သူမကိုယ်သူမ စိတ်ပျက်မိသွားတော့သည်၊သူမ အနည်းငယ်ဆင်ခြင်တုံတရားလွင့်ထွက်သွားတာပဲ၊အခု လော့အိမ်တော်က လူတစ်ယောက်ကို သူမကျိန်ဆဲမိလိုက်ပြီ၊ဒါကြောင့် သူမရဲ့မျက်ဝန်းများဟာ လော့ကျန်းပေ့ဆီရွေ့သွားသည့်ချိန်မှာတော့ သူမအကြောက်တရားများပေါ်ပေါက်လာတော့သည်၊ ထိုမျက်ဝန်းနက်များဟာ သူမကို အခုချက်ချင်းသတ်ဖြတ်တော့မည့်အလား...၊သူမရဲ့ဘဝမှ တစ်ခါမှ ထိုလိုအကြည့်မျိုးမခံရဖူးသော်လည်း ထိုအကြည့်များရဲ့အဓိပ္ပါယ်ကို နားလည်သဘောပေါက်လိုက်သည်၊ဒါကြောင့် သူမအရမ်းကြောက်ရွံသွားပြီး ခြေလှမ်းများ နောက်ဆုတ်သွားကာ..နောက်ဆုံး ဒီခန်းမဆောင်ထဲကနေ ထွက်ပြေးသွားတော့သည်၊

လော့ကျန့်ပေ့ရဲ့မျက်နှာဟာလည်း ခက်ထန်နေကာ အံကြိတ်ထားတာကြောင့် မေးရိုးထောင်နေပြီး လည်ပင်းသွေးကြောများပင် ထကြွနေကာ သူရဲ့အနက်ရောင်မျက်ဝန်းများဟာ ကျန်းယုဝေကို သတ်ဖြတ်တော့မည့်ပုံစံပင် စိုက်ကြည့်နေခဲ့သည်၊ဒါပေမယ့် သူရဲ့အင်္ကျီစကို လာကိုင်သည့်လက်သွယ်သွယ်လေးကြောင့် သူရဲ့ဒေါသအဟုန်ကို ချုပ်ထိန်းလိုက်ပြီးနောက်မှာတော့ သူရဲ့အကြည့်များဟာ တုမေ့ဟန်ဘက်ကို ကြည့်လိုက်တော့ တုမေ့ဟန်ဟာ ခေါင်းညိတ်ကာ စိတ်မပူရန် အမူအရာပြလိုက်သည်၊ထိုနောက် စစ်ကျွင်းဝူကို သူမဟာ ခေါင်းအနည်းငယ်ကိုက်ကြောင်း ပြောကာ ခေါ်ဆောင်သွားတော့သည်၊

Daddyရဲ့ ကလေးလေး ဖြစ်ခွင့်ပေးပါလားWhere stories live. Discover now