Chapter-76

2K 253 0
                                    

Zawgyi

Systemကနေ ကံကောင်းခြင်းအမှတ်ရချိန်မှာ လော့ရှန်ဟွာနူတ်ခမ်းများက ပြုံးတက်သွားတော့သည်၊ဇာတ်ကောင်လျောင်ဝူဟွမ်က အနည်းဆုံးတော့ တွေးခေါ်နိုင်တဲ့ဥာဏ်ရည်ရှိသေးလို့တော်သေးတာပေါ့၊

[Moon:ပြန်လည်မွေးဖွားလာတဲ့သူတိုင်းမှာ ရွှေလက်ချောင်းရှိကြတယ်...၊ကျန်းလင်းရှရဲ့ရွှေလက်ချောင်းက သူနဲ့တွေ့ဆုံပြီး သူသဘောကျအောင်လုပ်လိုက်တဲ့သူတိုင်းက အမြင်ဖုံးပြီး သူ့ကိုပဲ သဘောကျတော့တာလေ...]

'အဲတာကြောင့်ကိုး ဒါပေမယ့် သူ့ရောင်ဝါက ဒီကမ္ဘာကအဓိကဇာတ်ကောင်ဖြစ်တဲ့လော့ရှန်ဟွာကို ဘာလို့လွှမ်းမိုးနိုင်ခဲ့ရတာလဲ'

ကမ္ဘာတစ်ခုမှာ ဇာတ်ကောင်တွေက တစ်ယောက်နဲ့တစ်ယောက်မှီခိုနေတာပဲ၊ကျန်းလင်းရှက အဓိကဇာတ်လိုက်နဲ့အခြားဇာတ်လိုက်တွေကို လော့ရှန်ဟွာဆီက ခိုးယူလိုက်တာကြောင့် လော့ရှန်ဟွာရဲ့သားတော်ရောင်ဝါက မှေးမှိန်သွားခဲ့တာလေ၊ဒါကြောင့် နှစ်ဦးရင်ဆိုင်ချိန်မှာ လော့ရှန်ဟွာရဲ့အရှိန်အဝါက မှေးမှိန်နေတာကြောင့် ရှူံးနိမ့်ခဲ့ခြင်းဖြစ်သည်၊

Moonရဲ့ရှင်းပြချက်တွေကို နားလည်သွားပြီးနောက်မှာတော့ လော့ရှန်ဟွာက ကိစ္စတစ်ခုကိုတွေးမိလိုက်သည်၊ထန်းဟော်ရှတို့က မူလလော့ရှန်ဟွာရဲ့ဇာတ်လမ်းထဲမှာ တစ်ကြိမ်သာပေါ်လာခဲ့ပြီး နောက်ပိုင်းသိပ်မပေါ်လာခဲ့ပေ၊ဒါကြောင့် ကျန်းလင်းရှက ထန်းဟော်ရှတို့ကို ဂရုမစိုက်ခဲ့ပဲ လစ်လျုရှုခဲ့ပြီးမှ လက်ရှိလော့ရှန်ဟွာနဲ့ ထန်းဟော်ရှတို့ခင်မင်လာချိန်မှ ကျန်းလင်းရှက ထန်းဟော်ရှတို့ကို ရောလာခဲ့သည်၊

နောက်ပြီးတော့ လျောင်ဝူဟွမ်ဆိုတာကလည်း မူလဇာတ်လမ်းထဲမှာ လော့ရှန်ဟွာကို တိတ်တခိုးကြိုက်ခဲ့သူဖြစ်ပြီး ကျန်းလင်းရှသေဆုံးပြီးနောက်မှာ သူ့သူငယ်ချင်းရှောင်ရှင်းနဲ့ ချစ်ကြိုက်ခဲ့သည်၊ ကျန်းလင်းရှက အဲကိစ္စကိုမသိခဲ့ပဲ လျောင်ဝူဟွမ်က လော့ရှန်ဟွာကို ချစ်နေတဲ့သူလို့သတ်မှတ်ထားပြီး ကံကြမ္မာကို လုယူခဲ့ခြင်းဖြစ်သည်၊

'သူက လော့ကျန်းပေ့ကို ချစ်တာထက် လော့ရှန်ဟွာကို အနိုင်ယူချင်စိတ်တွေများနေတာပဲ'

Daddyရဲ့ ကလေးလေး ဖြစ်ခွင့်ပေးပါလားWhere stories live. Discover now