Chapter-82

1.6K 220 0
                                    

Zawgyi

"ငါတို့က ဆုံးမမယ် ဟုတ်လား? မင်းက ငါတို့ကို ကိုယ်စားပြုလား ကျောင်းသားမုချန်းရုံ"

ကျောင်းသားတစ်ဖွဲ့က ရောက်လာကာ မုချန်းရုံကို မေးခွန်းထုတ်လာတော့သည်၊ကန်တင်းရှိကျောင်းသားတွေက ရှေ့ပွဲ မပြီးသေးဘူး နောက်ပွဲလာတာမြင်တော့ ဖရဲသီးတွေ ထပ်ခွဲရင်းစားဖို့အသင့်ပြင်နေတော့သည်၊(ပွဲကြည့်ဖို့အသင့်ပြင်တာကို ပြောတာပါဗျ)

"မင်း...မင်းက... "

"ငါက အဆင့်နှစ်ရထားတဲ့ချင်လုံမန်ပဲ" ချင်လုံမန်က မုချန်းရုံရဲ့ဖွေးစွတ်နေတဲ့မျက်နှာကို စက်ဆုပ်စွာကြည့်လိုက်ပြီးနောက်မှာ လော့ရှန်ဟွာဘက်ကိုကြည့်လိုက်သည်၊

"မင်းက အဆင့်တစ်ရသွားတဲ့လော့ရှန်ဟွာလား"

"အင်း"

"ဂုဏ်ယူပါတယ်... နောက်စာမေးပွဲမှာတော့ အဆင့်တစ်က ငါ့နေရာပဲ" ချင်လုံမန်က ရိုးသားစွာဂုဏ်ယူစကားပြောလိုက်ပေမယ့် လူငယ်ပီပီပြိုင်ဆိုင်ချင်စိတ်ကို ပြင်းထန်လှသည်၊လော့ရှန်ဟွာရဲ့မျက်ခုံးတစ်ဖက်ပင့်တက်သွားပြီး မျက်ဝန်းပြာများက ချင်လုံမန်ကို စိုက်ကြည့်ပြီးနောက်မှာ မျက်လုံးများကွေးသွားတဲ့အထိ ပြုံးလိုက်ပြီးတော့ ပြန်​ပြောလိုက်သည်၊

"အင်း ကြိုးစားကြည့်လေ"

"အခုလက်ရှိကိစ္စကို ရှင်းလင်းတာပေါ့" ချင်လုံမန်ကပြောလိုက်ပြီးနောက်မှာ မုချန်းရုံဘက်ကို လှည့်ကာပြောလိုက်သည်၊

"ကျောင်းသားမုချန်းရုံက ကျောင်းသားလော့ရှန်ဟွာရဲ့အဆင့်သတ်မှတ်ချက်ကို သံသယပွားရုံသာမကဘူး ကျောင်းရဲ့အွန်လိုင်းမှာတောင် တင်ပြီး အသရေဖျက်တာကြောင့် ထျန်းဟောက်ကျောင်းရဲ့ဂျူနီယာကျောင်းအဖွဲ့အစည်းက ကျောင်းသားမုချန်းရုံကို တစ်နှစ်ကျောင်းနားခွင့်ပေးလိုက်တယ်"

"ဘာ..." မုချန်းရုံက မယုံကြည်နိုင်ဖြစ်သွားပြီး သူက ချင်လုံမန်ကို မော့ကြည့်ရင်း ပြန်ပြောလိုက်သည်၊

"ကျွန်တော်က ဘယ်တုန်းက အသရေဖျက်ဖူးလို့လဲ"

ချင်လုံမန်က အနီးရှိကျောင်းသားလက်ထဲက tabletကိုယူလိုက်ပြီး အကောင့်တစ်ကောင့်ကိုပြလိုက်သည်၊ထို့နောက်မှာ သူတို့ခြေရာလိုက်ထားတဲ့အချက်အလက်တွေကို ပြလိုက်ပြီး အကောင့်တုရဲ့ပိုင်ရှင်က မုချန်းရုံဖြစ်ကြောင်းသက်သေခံထားသည်၊ဒါတင်မက စောနကတည်းက ဂျူနီယာကျောင်းအဖွဲ့အစည်းက ပိုစ့်တင်ပြီး ဖြေရှင်းပြီးသားပင်၊ မုချန်းရုံက မြေပြင်ပေါ် ခွေကျသွားပြီး မျက်ရည်များစီးကျလာကာ သူက လက်မခံနိုင်ဖြစ်နေတော့သည်၊

Daddyရဲ့ ကလေးလေး ဖြစ်ခွင့်ပေးပါလားWhere stories live. Discover now