Chapter-74

1.9K 235 0
                                    

Zawgyi

ထန်းဟော်ရှက ပထမကစိုးရိမ်နေခဲ့သော်လည်း လော့ရှန်ဟွာက အခြားသူတွေထင်သလို ရိုးရှင်းတဲ့လူငယ်မဟုတ်တာကို ပေါင်းရင်းပေါင်းရင်းနားလည်လာတော့သည်၊

"အကူအညီလိုရင်တော့ ပြောပေါ့"

"မလိုဘူး မင်းက ဖရဲသီးအေးဆေးထိုင်စားရုံပဲ" လော့ရှန်ဟွာက ရယ်မောကာပြောလိုက်သည်၊ကျန်းလင်းရှကို စိတ်ရှည်မည်ဟုထင်ခဲ့သော်လည်း သူတို့ချစ်သူတွေဖြစ်သွားတာသိပြီးနောက်မှာ မထိန်းသိမ်းနိုင်တော့ဘူးနဲ့တူတယ်၊

ထိုလိုနဲ့ကျောင်းဆင်းချိန်ရောက်လာချိန်မှာ စီနီယာတန်းက ကျောင်းသားတစ်ချို့က လော့ရှန်ဟွာကို လာရောက်ရှာဖွေတော့သည်၊လော့ရှန်ဟွာကအတန်းကလူတွေက ကျန်းလင်းရှကို လေးစားအားကျရင်တောင် သူတို့က ဟန်စုမင်ကိစ္စကိုကြုံဖူးတာကြောင့် အရာရာကိုတစ်ဖက်လူအပြောနဲ့တင်မယုံကြည်ကြတော့ပေ၊

ဒါကြောင့် လော့ရှန်ဟွာကို စီနီယာအတန်းကကျောင်းသားတွေလာရှာချိန်မှာ သူတို့က ဦးစွာသွားတွေ့လိုက်သည်၊ထန်းဟော်ရှလည်း သွားစုံစမ်းတဲ့အဖွဲ့ထဲမှာ ပါဝင်နေပြီး သူတို့က မိနစ်အနည်းငယ်အကြာမှာ စိတ်ဆိုးပြီးဒေါသထွက်စွာပြန်ရောက်လာတော့သည်၊

"စီနီယာတွေဆိုပြီး အတော်လူပါးဝတယ်" ထန်းဟော်ရှပြောလိုက်တာနဲ့ ကျန်တဲ့အတန်းသားတစ်ချို့ကလည်း ထောက်ခံတော့သည်၊သူတို့အမူအရာတွေကလည်း မကောင်းသလို ဒေါသလည်းထွက်နေပုံရသည်၊

"ဘာဖြစ်တာလဲ" လော့ရှန်ဟွာက စာအုပ်ကို ပိတ်လိုက်ပြီး ထန်းဟော်ရှကိုမေးလိုက်သည်၊

"သူတို့က မင်းနဲ့တွေ့ချင်လို့တဲ့ ငါတို့လည်း အကျိုးအကြောင်းသွားမေးတာကို ငါတို့ကို မင်းရဲ့နောက်လိုက်ခွေးတွေလား ဘာလားနဲ့ပြောဆိုသွားတာ"

"ဟုတ်ပ... ငါက ပထမတော့ စီနီယာကျန်းလင်းရှကိုလေးစားပါတယ် ဒါပေမယ့် အဲစီနီယာတွေလုပ်ရပ်ကိုကြည့်ပြီး ချဉ်သွားပြီ"

"ငါကောပဲ သူတို့က ဘာတွေအထင်ကြီးစရာကောင်းနေလို့လဲ ဘာတဲ့ ကျောင်းရဲ့နတ်သားလေးတဲ့ အော့..."ကျောင်းသူတစ်ဦးကလည်း စိတ်ပျက်စွာဝင်ပြောလာတော့သည်၊ထန်းဟော်ရှက သေချာမပြောပေမယ့် ဒီအဖွဲ့က ဟိုဘက်မှာအတော်အပြောခံလာရမှန်းသိသာလှသည်၊

Daddyရဲ့ ကလေးလေး ဖြစ်ခွင့်ပေးပါလားWhere stories live. Discover now