Chapter -71

2.6K 307 0
                                    

Zawgyi

"ကျွန်တော်...ကျွန်တော် ခင်ဗျားနဲ့ နီးစပ်ချင်လို့ပါ..."

ကျန်းလင်းရှက လော့ကျန်းပေ့လက်မောင်းကို တင်းကြပ်စွာပွေ့ဖက်ရင်း နူးညံ့တဲ့လေသံနဲ့ပြောဆိုလာ​တော့သည်၊လော့ရှန်ဟွာကြောင့်သာ သူနဲ့လော့ကျန်းပေ့ဝေးနေရခြင်းသာဖြစ်သည်၊ လော့ကျန်းပေ့က သူ့လို ရုပ်ချောပြီး နူးညံ့သိမ်မွေ့တဲ့သူကို သဘောမကျဘူးဆိုတာ မယုံပေ၊

တကယ်တော့ ကျန်းလင်းရှရဲ့လုပ်ရပ်ကို လော့ကျန်းပေ့ထက် လော့ချင်းမုက ပိုပြီးအံ့အားသင့်သွားသည်၊သူမက ကျန်းလင်းရှကို တစ်ဖက်သတ်ကြိတ်ပြီးသဘောကျနေခဲ့တဲ့သူမလား၊သူမ သဘောကျတဲ့သူက လိင်တူသဘောကျတဲ့သူမှန်း မသိခဲ့ဘူးလေ၊

စိတ်ထဲ အောင့်သက်သက်ခံစားလိုက်ရပေမယ့် ကျန်းလင်းရှရဲ့ဖြူစင်မှုနဲ့ကြင်နာမှုတွေကို တွေးမိလိုက်ချိန်မှာ သူ့အစ်ကိုဝမ်းကွဲနဲ့ကျန်းလင်းရှက အတော်ကိုလိုက်ဖက်မှုရှိကြောင်း လက်ခံမိသွားသည်၊

"ဝေးဝေးနေ" လော့ကျန်းပေ့က ကျန်းလင်းရှရဲ့လက်တွေကို ဖယ်ထုတ်လိုက်ပြီး မနှစ်မြို့တဲ့အကြည့်တွေနဲ့ ကြည့်လိုက်သည်၊ပထမကတော့ ကျန်းလင်းရှနဲ့ပတ်သတ်ပြီး လော့ကျန်းပေ့က အနည်းငယ်ထူးခြားတဲ့လူငယ်တစ်ယောက်လို့သာသတ်မှတ်ထားသည်၊ဒါပေမယ့် ကလေးငယ်ဟာ ကျန်းလင်းရှကို သဘောမကျပေ၊သူက တယူသန်တဲ့သူမဟုတ်ပေမယ့် ကျန်းလင်းရှနဲ့ကလေးငယ်ကြားက ကိစ္စတွေကို တိတ်ဆိတ်စုံစမ်းကြည့်ချိန်မှာ ထူးခြားတဲ့ကိစ္စတွေရှိနေခဲ့သည်၊ ကျန်းလင်းရှက ကလေးငယ်နဲ့မတွေ့ဆုံဖူးခဲ့ပေမယ့် ထူးဆန်းစွာပင် ဟန်စုမင်နဲ့ပတ်သတ်နေခဲ့သည်၊ဒါတင်မကဘူး စစ်အိမ်တော်ကကျင်းပတဲ့ပါတီညတုန်းက ကလေးငယ်ကိုဆေးခတ်တဲ့ကိစ္စမှာ ပါဝင်တဲ့လူငယ်တွေရဲ့နောက်ကွယ်မှာလည်း ကျန်းလင်းရှရှိနေပြန်သည်၊ပြီးတော့ ကလေးငယ်က ကျန်းလင်းရှကိုမြင်တိုင်း တစ်ခုခုကိုကြောက်လန့်နေသလိုပင်၊ တစ်ခုခုကို ဆုံးရှုံးသွားမည်ကို ကြောက်လန့်နေသလိုမျိုးဖြစ်နေတတ်သည်၊

"စီနီယာလော့က လော့ရှန်ဟွာကြောင့် လင်းရှအပေါ် အထင်အမြင်လွဲနေမှန်းနားလည်ပါတယ်...ဒါပေမယ့် လော့ရှန်ဟွာက လင်းရှကို ဘာလို့မကြိုက်လဲ လင်းရှလည်း စဉ်းစားမရဘူး..."

Daddyရဲ့ ကလေးလေး ဖြစ်ခွင့်ပေးပါလားWhere stories live. Discover now