Chapter-89

1.3K 196 0
                                    

Zawgyi

ကျန်းယုဝေ စိတ်ဖြေလက်ဖျောက် စစ်အိမ်တော်ကို ပြန်လာပြီး သူ(မ)အခန်းမှာ နားရန် လှေကားကနေတက်လာပြီး စစ်ကျွင်းဝူအခန်းရှေ့က ဖြတ်ချိန်မှာ ငိုယိုနေတဲ့အသံတစ်သံကြားလိုက်ရသည်၊

ပထမက ကျန်းယုဝေကြားလိုက်ပေမယ့် အသံကိုကြားလိုက်ချိန်မှာ ကျန်းလင်းရှဆိုတာ နားလည်လိုက်သည်၊

"ကိုကိုကျွင်းဝူ...လင်းရှကို ကူညီပေးပါ...အဟင့် လင်းရှ မတရားခံရတာပါ..." ကျန်းလင်းရှက စစ်ကျွင်းဝူရှေ့မှာ သနားစရာကောင်းအောင် ငိုယိုနေတော့သည်၊ ကျန်းယုဝေက တံခါးက အနည်းငယ်ဟနေတာကြောင့် ကျန်းလင်းရှရဲ့အမူအရာကို ကောင်းစွာမြင်နေရသည်၊ ဘာကြောင့်မှန်းမသိ သူ(မ)စိတ်ထဲ သူ(မ)ရဲ့မောင်လေရဲ့အပြုအမူက မှားယွင်းနေသည်လို့ခံစားလာရတော့သည်၊သူ(မ)က ဖုန်းကို ထုတ်လိုက်ပြီး မှတ်တမ်းတင်ရန်ကြိုးစားလိုက်သည်၊

"ဒီတစ်ခါတော့ ကိုယ်မကူပေးနိုင်တော့ဘူး" စစ်ကျွင်းဝူက ကျန်းလင်းရှကို ကြည့်ရင်းပြောလိုက်သည်၊အရင်ကဆိုရင် ကျန်းလင်းရှက မျက်ရည်ကျတာနဲ့ ကျန်းလင်းရှအလိုကို ဖြည့်ဆည်းပေးပြီးသားပင်၊ဒါပေမယ့် ဒီနေ့မှာတော့ ဘာကြောင့်မှန်းမသိပဲ ကျန်းလင်းရှရဲ့အပြုအမူတွေက မှားယွင်းနေတယ်လို့ခံစားနေရသည်၊

စစ်ကျွင်းဝူက လူရှုပ်လူပွေတစ်​ယောက်ဆိုပေမယ့် သူ့မိန်းမရဲ့မောင်နဲ့တော့ ဖောက်ပြားမည့်လူတန်းစားမဟုတ်တာကို သူကိုယ်တိုင်သိသည်၊ဒါပေမယ့် ကျန်းလင်းရှရှေ့ရောက်ရင် ထိုစိတ်တွေကို ပျောက်ကွယ်သွားပြီး ကျန်းလင်းရှကိုသာ သဘောကျပြီး ကျန်းလင်းရှအလိုကိုသာဆောင်နေမိသည်၊

ကျန်းလင်းရှက အငြင်းခံလိုက်ရတာကြောင့် ကြောင်အမိသွားသည်၊စစ်ကျွင်းဝူကို အဖြေမပေးရသေးပေမယ့် စစ်ကျွင်းဝူက သူ့ကိုချစ်​ကြောင်း ကျန်းလင်းရှကသိပြီးသားပင်၊

"ကိုကိုကျွင်းဝူ...လင်းရှကို မချစ်ဘူးလား"

"မင်းက ယုဝေရဲ့မောင်လေးပဲ ငါတို့အပြုအမူက မှားယွင်းနေတယ်လို့ မခံစားရဘူးလား မင်းအစ်မသာ သိသွားရင် သူ့အတွက် မင်းတွေးဖူးလား" စစ်ကျွင်းဝူက ကျန်းလင်းရှရဲ့ပခုံးကို ဖျစ်ညှစ်ရင်းမေးလိုက်သည်၊ကျန်းလင်းရှက စစ်ကျွင်းဝူရဲ့အဓိပ္ပါယ်မရှိတဲ့စကားတွေကြောင့် စိတ်ပျက်သွားတော့သည်၊

Daddyရဲ့ ကလေးလေး ဖြစ်ခွင့်ပေးပါလားWhere stories live. Discover now