Chapter-64

3.3K 382 8
                                    

Zawgyi

မင်ချင်းချင်းပြန်ရောက်လာချိန်မှာ လေထုက ပုံမှန်မဟုတ်ဘူးလို့ခံစားနေရတော့သည်၊အဆိုးဆုံးကတော့ သခင်လေးတွေက မင်ချန်းချန်းအပေါ် သူမတွေးထားသလို မဖြစ်လာတာကြောင့်ပေ၊ဒီလောက် သူမအပေါ်ရေနွေးပူလောင်းချတဲ့သူတစ်ယောက်ကို ဘယ်လိုတောင် ကောင်းကောင်းမွန်မွန်ဆက်ဆံရတာလဲ၊

"တော်သေးတယ်...သိပ်မထိလို့​ပေါ့..." မင်ချင်းချင်းက သူမရဲ့လက်ကို အကုန်မြင်အောင် မသိမသာလေးပြလိုက်ပြီး ပြုံးရင်းပြောလိုက်သည်၊သူမပုံစံက မင်ချန်းချန်းပေါ် လုံးဝကို အပြစ်မတင်နိုင်တဲ့အစ်မကောင်းတစ်​ယောက်လိုပင်၊

သူမရဲ့သရုပ်ဆောင်ချက်တွေကလည်း အတော်ကောင်းပေမယ့် သူမဆုံရတဲ့သူတွေက သာမန်ငချွတ်တွေမှမဟုတ်တာ၊

"မင်းအဆင်ပြေတယ်မလား" လီကုန်းရွှေက ဝတ်ကျေတန်းကျေလေသံဖြင့်မေးလိုက်သည်၊

"အဆင်ပြေပါတယ်...ကျွန်မတို့မိဘတွေ ဒီကိစ္စကို ပြန်မပြောပါနဲ့နော် မောင်လေးကို အဖေဆူမှာ စိုးရိမ်လို့လေ..."

"အင်း" လီကုန်းရွှေက လက်ခံပေးလိုက်သည်၊တကယ်လ​ည်း သူနဲ့မှ မဆိုင်တာ၊ဒါကြောင့် လီကုန်းရွှေကလည်း လော့ရှန်ဟွာတို့အတွက် လိုအပ်တဲ့စာမေးပွဲမှာ ပါနိုင်ချေနိုင်တဲ့အပုဒ်တွေကို ပေးလိုက်ပြီး ဖြေခိုင်းလိုက်သည်၊

မင်ချင်းချင်းကတော့ လီကုန်ရွှေက သူ့မိဘတွေကို ပြန်ပြောလိုက်တယ်ထင်မိပြီးတော့ ခေါင်းထဲတောင် စာသားတွေစီထားပေမယ့် တစ်ဖက်က စိတ်မဝင်စား​တော့သလို လစ်လျူရှုသွားတာကြောင့် နူတ်ခမ်းကိုကိုက်ကာ ဘာမှမပြောနိုင်ဖြစ်သွားတော့သည်၊

ပြီးတော့ သူမရှေ့က အဖွဲ့ဟာ သူတို့ဘာသာသူတို့ သာယာနေတယ်လို့တောင်ခံစားရပြီး သူမကိုယ်သူမတောင် အပိုလူလို့ခံစားနေရတော့သည်၊အထူးသဖြင့် သူတို့က မင်ချန်းချန်းကိုတောင် ဂရုစိုက်ပြီး အဖက်လုပ်စကားပြောနေပေမယ့် သူမကိုတော့ လေလို သဘောထားထားသည်၊

ငယ်စဉ်တည်းက သူမနဲ့မင်ချန်းချန်းက အမြွှာတွေဆိုပေမယ့် သူမအဘိုးက သူမကို ပိုချစ်တာကြောင့် မင်အိမ်တော်မှာတော့ လူတိုင်းက သူမကို မျက်နှာပေးကြသည်၊ဒါပေါ့ သူမက ထိုလောက်နဲ့မလုံလောက်သေးသလို ယောကျာ်းလေးဖြစ်တဲ့သူမမောင်ကို ဆက်ခံသူနေရာကိုလျာမည်ကြောက်တာကြောင့် ငယ်စဉ်တည်းက မင်အိမ်တော်မှာကော သူမတို့ပတ်ဝန်းကျင်အသိုင်းအဝိုင်းကြားမှာပါ ဆိုးသွမ်းအောင်လုပ်ပြီးသားပေ၊ပြီးတော့ သူမမောင်ရဲ့အားနည်းချက်က သူမလက်ထဲမှာမလား၊

Daddyရဲ့ ကလေးလေး ဖြစ်ခွင့်ပေးပါလားWhere stories live. Discover now