Chapter-54

5.1K 490 7
                                    

Zawgyi

ရှအန်းထျန်းxထန်းဟော်ရှ

ထန်းဟော့ရှဟာ မနေ့က ရှအန်းထျန်းနဲ့မဆုံချင်တာကြောင့် အရင်ဆုံးထွက်သွားခဲ့ပေမယ့် ကျောင်းဂိတ်ဝမှာ မုဖေးဖေးနဲ့တိုးတော့သည်

"အစ်ကိုဟော်ရှ...ညီမ စကားခဏပြောလို့ရလား" မုဖေးဖေးပါးများဟာ နှင်းဆီနီဖူးပွင့်နေသလိုရဲနေပြီး သူမဟာ ရှက်ရွံနေတဲ့ကြားကနေ ထန်းဟော်ရှကို သတ္တိရှိစွာမေးလိုက်သည်၊ထန်းဟော်ရှလည်း အချိန်အနည်းငယ် ဖဲ့ပေးနိုင်တာကြောင့် ခေါင်းညိတ်လိုက်သည်၊ပြီးတော့ မုဖေးဖေးဟာ သူ့နဲ့မိဘချင်းသဘောတူထားတဲ့သူတွေမလား၊

မုဖေးဖေးဟာ လူရှင်းတဲ့နေရာထိခေါ်သွားပြီး ခုံတန်းလေးမှာ သိမ်သိမ်မွေ့မွေ့လေးထိုင်ချလိုက်သည်ဠသူမဟာ ငယ်စဉ်တည်းက မိဘများဟာ ပိုးလုံးလေးလိုစောင့်ရှောက်လာတာကြောင့် အပြုအမူတွေကအစ သိမ်မွေ့လှသည်၊

"နောက်တစ်ပတ်ကျရင် အမေတို့က အစ်ကိုဟော်ရှတို့ကို ညစာစားဖိတ်မလို့တဲ့...အဲ့တာ ညီမကြားတာလေ ညီမတို့ကိုစေ့စပ်မဲ့အကြောင်းနဲ့ပတ်သတ်ပြီးပြောမလို့တဲ့" မုဖေးဖေးစကားကြောင့် ထန်းဟော်ရှဟာ အနည်းငယ်မျက်မှောင်ကြုတ်သွားတော့သည်၊မနေ့ညက သူ့ရဲ့အမေက နောက်တစ်ပတ်စနေနေ့မှာ ဘယ်မှာမသွားရန်ပြောထားသေးသည်၊

"ညီမ ပြောချင်တာကလေ...အစ်ကိုဟော်ရှ ကိုယ့်ကိုယ်ကိုဖိအားပေးစရာမလိုပါဘူး...တကယ်လို့ အစ်ကိုဟော်ရှက ညီမကိုမကြိုက်ရင် အဲ့နေ့ကျရင် နှစ်ဖက်မိဘရှေ့မှာ ညီမငြင်းပေးပါမယ်"မုဖေးဖေးစကားကြောင့် ထန်းဟော်ရှစိတ်ထဲအားနာသွားတော့သည်၊စေ့စပ်ပွဲဖျက်ဖို့ဆို မိန်းကလေးတစ်ယောက်အနေနဲ့မလွယ်ကူလှပေ၊

ဒါပေမယ့် အားနာပြီး စေ့စပ်ပွဲကိုရှေ့တိုးရမှာလည်း ထန်းဟော်ရှအတွက် မလွယ်ကူပေ၊တကယ်လို့ စေ့စပ်ပြီးသွားမှ ဖျက်သိမ်းမိရင် မိန်းကလေးရှင်အတွက် ပိုနစ်နာနေလိမ့်မည်မလား၊

"အစ်ကို တောင်းပန်ပါတယ် ဖေးဖေး" ထန်းဟော်ရှ ထိုစကားသာပြောနိုင်တော့သည်၊မုဖေးဖေးအပေါ် သူအနေနဲ့ ဘာမခံစားချက်မှမရှိပေ ဒါကြောင့် မလိုလားအပ်တာတွေမဖြစ်ခင်မှာ သူတိုဆက်ဆံရေးကို ရပ်တန့်လိုက်တာအကောင်းဆုံးပဲ၊

Daddyရဲ့ ကလေးလေး ဖြစ်ခွင့်ပေးပါလားWhere stories live. Discover now