Chapter -49

12.9K 953 80
                                    

Zawgyi

မုချန်းရုံရဲ့အတွေးတွေကို လော့ရှန်ဟွာတို့ဟာ စိတ်မဝင်စားကြပေ၊သူတို့ဟာ စားသောက်ပြီးတာနဲ့ အချင်းချင်းနူတ်ဆက်ကြပြီး ကိုယ့်အတန်းကိုယ် ပြန်သွားကြတော့သည်၊

"ကျောင်းသားမုက စီနီယာလီကို မျက်စိကျနေမှန်း သိသာလှတယ်" ထန်းဟော်ရှဟာ အတန်းကိုပြန်နေရင်း လော့ရှန်ဟွာကိုပြောလာတော့သည်၊လော့ရှန်ဟွာကတော့ ထွေထွေထူးထူးကို ခေါင်းထဲမထည့်တာကြောင့် သူဟာ ပခုံးတွန့်လိုက်သည်၊

"စီနီယာလီကုန်းရွှေက ချောတယ်လေ သူ့ကိုကြိုက်တဲ့သူများတာ ထူးမှမထူးဆန်းတာ"

"မထူးဆန်းတာကိုသိတယ် ငါကတော့ အဲ့မုမျိုးရိုးနဲ့ကောင်ကို ဟိုကောင် ဟန်စုမင်လိုပဲ ထင်နေတယ်" ထန်းဟော်ရှစကားကြောင့် လော့ရှန်ဟွာဟာ ခေါင်းခါကာတိုးတိုးတိတ်တိတ်ရယ်လိုက်တော့သည်၊ဒါပေမယ့် ထန်းဟော်ရှ အတွေးက မှားတယ်လို့လည်း မပြောရပါဘူး၊သူ့အထင်မှာတော့ မုချန်းရုံဟာ မရိုးရှင်းဘူးလို့ခံစားနေရသည်၊

"ထားလိုက်ပါ လီကုန်းရွှေရဲ့ဦးနှောက်က ငါတို့ထင်တာထက် ပိုကြီးပါတယ်ဟ" လော့ရှန်ဟွာက ပြောလိုက်ပြီးနောက်မှာ အတန်းထဲဝင်သွားတော့သည်၊ထိုနောက်မှာ သူ့နေရာသူထိုင်လိုက်ပြီး စာအုပ်ဖွင့်ကာ စာလုပ်ချင်ယောင်ဆောင်နေလိုက်သည်၊

"ဟန်စုမင်နဲ့ကိစ္စဖြစ်ပျက်ပြီးနောက်မှာ ရှန်ဟွာက ပြောင်းလဲသွားသလိုပဲ" ကျောင်းသူတစ်ယောက်ဟာ ပြောလိုက်တော့ အခြားတစ်ယောက်ကလည်း ထောက်ခံစွာပြောလာတော့သည်၊

"ဟန်စုမင်နဲ့လော့ရှန်ဟွာက အခင်ဆုံးသူငယ်ချင်းတွေလေ၊ငါတို့တောင် ဟန်စုမင်ရဲ့ဟန်ဆောင်မှုတွေကြောင့် ဟန်စုမင်ကို လော့ရှန်ဟွာအပေါ် အနစ်နာခံလွန်းတဲ့သူငယ်ချင်းလို့ထင်ခဲ့တာပဲလေ...လော့ရှန်ဟွာဘက်က ဟန်စုမင်ပေါ် ဘယ်လောက်ခင်ခဲ့မလဲ"

"ဟုတ်ပဟာ အဲ့တာကြောင့်မို့လို့ လော့ရှန်ဟွာပြောင်းလဲသွားတာ မဆန်းကျယ်ဘူး" ကျောင်းသူကျောင်းသားတွေဟာ လော့ရှန်ဟွာနဲ့ဟန်စုမင်အကြောင်း ပြောဆိုနေကြပြီး မုချန်းရုံကလည်း ဘေးနားကနေ ခိုးနားထောင်နေတော့သည်၊လော့ရှန်းဟွာကို သဘောမကျပေမယ့် ဟန်စုမင်ဆိုတဲ့ငပိန်းကောင်ခံရတာ နည်းသေးသည်၊ကလေးအကွက်တွေနဲ့ လူတွေကို ကစားနိုင်မယ်များထင်နေလားမသိဘူး၊

Daddyရဲ့ ကလေးလေး ဖြစ်ခွင့်ပေးပါလားWhere stories live. Discover now