Chapter-77

1.9K 254 1
                                    

Zawgyi

ကျောင်းဆင်းချိန်ရောက်တော့ လော့ကျန်းပေ့က လော့ရှန်ဟွာကို ကြိုဖို့အတွက် ကျန်တဲ့အလုပ်တွေကို လော့အိမ်တော်ကို ပို့ထားဖို့ အတွင်းရေးမှူးကိုပြောလိုက်ပြီး ကုမ္ပဏီကနေထွက်လာတော့သည်၊ထိုချိန်မှာ လူငယ်တစ်ဦးက လော့ကျန်းပေ့ထွက်သွားတဲ့အကြောင်းကို လူတစ်ယောက်ဆီကိုအကြောင်းကြားလိုက်သည်၊

လော့ကျန်း​ပေ့က ကားပေါ်ရောက်တာနဲ့ ကလေးငယ်လို့မှတ်ထားတဲ့ဖုန်းဆီကို အကြောင်းကြားစာပို့လိုက်ပြီးနောက်မှာ ဒရိုင်ဘာကို ကားထွက်ရန်ပြောလိုက်သည်၊

နောက်တော့ ကျောင်းဝန်းထဲမဝင်ရန်နဲ့ အပြင်မှာသာ စောင့်ရန်ပြောလိုက်ပေမယ့် ကလေးငယ်ကိုတွေ့ချင်စိတ်ပြင်းပြနေတဲ့လော့ကျန်းပေ့က ကားထဲကနေထွက်လိုက်ပြီး အပြင်မှာထွက်ပြီး ရပ်စောင့်နေလိုက်သည်၊

လော့ကျန်းပေ့ထွက်လာတာနဲ့ ကျောင်းသားတစ်ယောက်က အနားရောက်လာတော့သည်၊လော့ကျန်းပေ့လည်း အနားကပ်လာတဲ့ကျောင်းသားကို မြင်ချိန်မှာ မျက်နှာထက်မှာ ရွံရှာမှုများဖြတ်သန်းသွားတော့သည်၊

"စီနီယာလော့"

ကျန်းလင်းရှရဲ့မျက်လုံးများဟာ တောက်ပနေပြီးတော့ လော့ကျန်းပေ့ကို ပြုံးရင်းကြည့်နေတော့သည်၊ဒီနေ့ လော့ကျန်းပေ့ ကျောင်းကိုလာမည့်ကိစ္စကို ကျန်းလင်းရှက သတင်းရပြီးသားပင်၊ဒါကြောင့် ဂိတ်မှာ လာရပ်စောင့်နေခြင်းဖြစ်သည်၊သူ့ကို လော့ကျန်းပေ့က မကြိုက်သေးလည်း ကိစ္စမရှိဘူး၊ လော့ရှန်ဟွာ ထွက်လာတာနဲ့ အထင်လွဲမည့်ကိစ္စကို ဖန်တီးလိုက်မယ်၊ပြီးရင် သူနဲ့လော့ကျန်းပေ့က ဘာလိုလိုရှိကြောင်း ကောလဟာလလွင့်လိုက်ရုံပဲ၊

ဒါပေမယ့် ကျန်းလင်းရှက လော့ကျန်းပေ့ကို အတော်ကို လျော့တွက်လွန်းအားကြီးသည်၊ကျန်းလင်းရှ အနားလာတာနဲ့ လော့ကျန်းပေ့က ကားထဲကို တိုက်ရိုက်ပြန်ဝင်သွားတာကြောင့် ကျန်းလင်းရှရဲ့အပြုံးတွေတောင် အေးစက်သွားတော့သည်၊ကျန်းလင်းရှက လက်မလျော့ဘဲ ကားမှန်တံခါးကို သုံး၊လေးချက် ခေါက်လိုက်ပြီး အသံချိုချိုလေးနဲ့ အကြိမ်ကြိမ်ခေါ်နေလိုက်သည်၊

Daddyရဲ့ ကလေးလေး ဖြစ်ခွင့်ပေးပါလားWhere stories live. Discover now