Chapter-86

1.7K 225 0
                                    

Zawgyi

လော့ရှန်ဟွာက လီမိသားစုပိုင်ဆိုင်တဲ့ကြယ်ငါးလုံးဟိုတယ်ကြီးကို ကြည့်လိုက်သည်၊အဲတုန်းက ဒီဟိုတယ်ကို သူ့အဘိုးနဲ့တစ်ကြိမ်သာရောက်ဖူးပြီး ပထမအိမ်တော်ကအကြီးအကဲရဲ့မွေးနေ့ကြောင့်သာ တက်ရောက်ခွင့်ရခဲ့သည်၊

အခုတော့ လော့ရှန်ဟွာဘဝနဲ့ နောက်တစ်ကြိမ်ရောက်လာခဲ့ပြီပဲ၊လော့ရှန်ဟွာက ထွက်သွားတဲ့လော့ကျန်းပေ့ရဲ့အနက်ရောင်ကားကို ငေးမောကာကြည့်နေရင်း နောက်ထပ်ကားတစ်စီးက ရောက်လာတော့သည်၊

"ရှန်ဟွာ! မင်းလည်း ရောက်နေပြီပဲ!" ကားပေါ်ကနေ ထန်းဟော်ရှက ဆင်းလာပြီး လော့ရှန်ဟွာဆီကို အလျင်စလိုလျှောက်လာပြီး သူရဲ့ပခုံးကိုပုတ်ကာ မေးလိုက်သည်၊လော့ရှန်ဟွာက ထန်းဟော်ရှနဲ့ဆင်တူဒီဇိုင်းဝတ်ဆင်ထားတဲ့ရှအန်းထျန်းကို လှမ်းကြည့်လိုက်ပြီးနောက်မှာ ထန်းဟော်ရှကို အနားဆွဲလိုက်သည်၊

"မင်းတို့အတွဲက ငါတို့ကို အားနာမှုလည်းမရှိဘူး"

"ဟ ငါတို့က ဘာဖြစ်နေလို့လဲ" ထန်းဟော်ရှက လော့ရှန်ဟွာကို မကျေနပ်စွာကြည့်ရင်းမေးလိုက်သည်၊လော့ရှန်ဟွာကတော့ မျက်ဖြူလှန်ပြလိုက်ပြီး ဟိုတယ်ထဲကို ဝင်သွားတော့သည်၊ထို့နောက်မှာ ကောင်တာကဝန်ထမ်းကို ဖိတ်စာပြလိုက်ချိန်မှာ ဝန်ထမ်းက သူတို့ကို ပါတီရှိရာကို လမ်းညွှန်ကာလိုက်ပို့ပေးတော့သည်၊

"ဒီပါတီပွဲက လျောင်ဝူဟွမ်ကို ကျန်းလင်းရှက အကူညီတောင်းပြီးကျင်းပတဲ့ပွဲတဲ့...အဟက် ငါကတော့ ကြာပန်းဖြူမျက်နှာနဲ့ကောင် ဘာတွေဖန်တီးမလဲ သိချင်နေပြီ" ထန်းဟော်ရှက ရှအန်းထျန်းကို ပစ်ထားပြီး လော့ရှန်ဟွားနားကာကပ်နေပြီး ကျန်းလင်းရှအကြောင်းကို တိုးတိုးနဲ့ပြောနေတော့သည်၊

"မင်းကို ဆေးခတ်ပြီးတော့ ယောက်ျားကြီးတွေနဲ့များ အိပ်ခိုင်းမလားမသိဘူး" ထန်းဟော်ရှက အဲအကြောင်းပြောပြီးနောက်မှာ ကြက်သီးထစွာတုန်လှုပ်သွားပြီးတော့ ပြန်ပြင်ပြောလိုက်သည်၊

"အဲလို ယုတ်ညံ့တာမျိုးကို ဘယ်သူကလုပ်ရဲမှာလဲနော်...ဒါက ဇာတ်လမ်းတွေထဲမှာပဲ ရှိတာလေ" ထန်းဟော်ရှစကားကို လော့ရှန်ဟွာက ပြုံးပြီးသာနားထောင်လိုက်သည်၊လီမိန့်မိန့်နဲ့ဟန်ပိုင်တုန်းကတော့ သူ့ကိုဆေးခတ်ဖူးပေမယ့် သူလွတ်မြောက်ခဲ့သည်၊

Daddyရဲ့ ကလေးလေး ဖြစ်ခွင့်ပေးပါလားWhere stories live. Discover now