Chapter-69.1

2.7K 319 3
                                    

Zawgyi

ကျောင်းကန်တင်းကိုရောက်ခဲ့အချိန်မှာတော့ လီကုန်းရွှေတို့က အစားအသောက်တွေကို မှာထားပြီးသားပင်၊ကုဖုန်းမော့ကလည်း ရန်ကောရှီကိုမြင်လိုက်တော့ နှာရှုံ့လိုက်ပေမယ့် ကုဖုန်းမော့ပုံစံက ရန်ကောရှီပါ ပါလာမည်ကို သိနေသလိုပင်၊

"ထိုင်ကြလေ" လီကုန်းရွှေက လော့ရှန်ဟွာကိုပြုံးကြည့်ရင်းပြောလိုက်တော့ လော့ရှန်ဟွာတို့လည်း ဝင်ထိုင်လိုက်သည်၊ရန်ကောရှီကလည်း ကုဖုန်းမော့ဘေးမှာ ဝင်ထိုင်လိုက်ပြီး သူ့အတွက်မှာပေးထားတဲ့အစားအသောက်တွေကိုကြည့်လိုက်ပြီး ပျော်သွားတော့သည်၊

"ကျေးဇူးပဲ ကိုကို"

ကုဖုန်းမော့က ဘာမှပြန်မပြောပဲ သူက လော့ရှန်ဟွာရဲ့ရှေ့ကို နွားနို့ဗူးလေး ချပေးလိုက်သည်၊

"ရှန်ဟွာအတွက်"

လော့ရှန်ဟွာမှာ နွားနို့ဗူးကို မအီမလည်နဲ့စိုက်ကြည့်ရင်းနဲ့ နေ့တိုင်းသောက်နေရတဲ့အိမ်ကနွားနို့တွေကိုတွေးမိရင်း နွားနို့ကိုတောင် မုန်းတီးလာသလိုခံစားနေရသည်၊

"ကျေးဇူးပဲ"

လော့ရှန်ဟွာက သူ့ရဲ့ပန်းကန်ဘေးမှာထားလိုက်ပြီး မှာထားတဲ့ခေါက်ဆွဲကိုစားလိုက်သည်၊ခေါက်ဆွဲကို အမဲပြုတ်ရည်နဲ့လုပ်ထားပြီး ဂျုံခေါက်ဆွဲအသားကလည်း အိနေရုံသာမကဘူး အမဲသားကလည်း စားကောင်းလှသည်၊

လော့ရှန်ဟွာက ကျောင်းကန်တင်းကအရသာက ဒီလောက်စားကောင်းမယ်မထင်ခဲ့တာကြောင့် အနည်းငယ်တော့ အံ့အားသင့်သွားတာအမှန်ပေ၊အရင်ရက်တွေက အရသာတွေကပုံမှန်ပါပဲ၊

"နေ့လည်စာက ဘာလို့ ကောင်းနေရတာလဲ" ထန်းဟော်ရှကလည်း မနေနိုင်စွာဖြင့် မေးမြန်းလာတော့သည်၊

"အိမ်တော်ကနေ ခေါ်လာတာလေ... ဟော်ရှပဲ အရသာမတွေ့ဘူးပြောလို့လေ"ရှအန်းထျန်းက ထန်းဟော်ရှရဲ့နူတ်ခမ်းထောင့်က ပေနေတဲ့အရည်တွေကို သုတ်ပေးရင်းဖြေလိုက်သည်၊ထန်းဟော်ရှရဲ့နားများက ရဲတွတ်သွားပြီးတော့ တိတ်ဆိတ်စွာဖြင့် နေ့လည်စာကို ဆက်စားနေတဲ့ပုံစံကြောင့် ရှအန်းထျန်းမှာပြုံးလိုက်ပြီးတော့ ဘာမှဆက်မပြောတော့ပေ၊

Daddyရဲ့ ကလေးလေး ဖြစ်ခွင့်ပေးပါလားWhere stories live. Discover now