Chapter-62

3.6K 386 4
                                    

Zawgyi

လော့ရှန်ဟွာက အိပ်ချင်ယောင်ဆောင်ရင်း 'ပြန်လည်မွေးဖွားလာတဲ့သခင်လေးကပြောင်းလဲသွားတယ်'ဆိုတဲ့ Novelကိုစတင်ဖတ်လိုက်သည်၊Novelက ကျန်းလင်ရှအကြောင်းတွေသာရေးသားထားပြီး သူ့ကို အတော်ကိုအံ့အားသင့်သွားစေတာအမှန်ပေ၊သူထင်ခဲ့တာက ကျန်းလင်းရှကအဓိကဇာတ်ကောင်ဖြစ်ပြီး လော့ရှန်ဟွာကသာ သာမညဗီလန်လေးဖြစ်ကာ နှစ်ဘဝလုံး ကျန်းလင်းရှကြောင့် အပြတ်ပြတ်သွေးထွက်ခဲ့ရသည်ဟုလေ၊ဒါပေမယ့် ကျန်းလင်းရှက လော့ရှန်ဟွာရဲ့ချစ်သူကိုလုယူပြီး အဓိကဇာတ်ကောင်ဖြစ်ခဲ့မှန်းသူမထင်ခဲ့တာအမှန်ပေ၊

ကျန်းလင်းရှဟာ ပထမဘဝမှာ သရုပ်ဆောင်တစ်ဦးဖြစ်ပြီး လော့ကျန်းပေ့ကို အရူးအမူးချစ်ခဲ့သည်၊ဒါပေမယ့် လော့ကျန်းပေ့က သူ့ရဲ့ချစ်သူကောင်လေးလော့ရှန်ဟွာ အရူးအမူးချစ်နေပြီဖြစ်တာကြောင့် ကျန်းလင်းရှရဲ့ချဉ်းကပ်မှုက အသုံးမဝင်တော့ပေ၊ဒါ​ပြင် ကျန်းလင်းရှက လော့ကျန်းပေ့ရဲ့ချစ်သူကောင်လေးကို မနာလိုမျက်မုန်းကျိုးခဲ့ပြီး နှောင့်ယှက်ခဲ့တာ​ကြောင့် အဆုံးသတ်မလှခဲ့ပေ၊ဒါပေမယ့် ကျန်းလင်းရှက ပြန်လည်မွေးဖွားခဲ့သည်၊သူဟာ အသက်ဆယ့်ကိုးနှစ်အရွယ်ကို ပြန်ရောက်ခဲ့ပြီး လော့ကျန်းပေ့ဟာ လော့ရှန်ဟွာအပေါ် မချစ်ကြိုက်သေးတဲ့အချိန်ကာလကို ပြန်လည်ရောက်ရှိခဲ့သည်၊ဒါကြောင့် ကျန်းလင်းရှက သူ့ရဲ့ပုံရိပ်ကို အရင်ဆုံးပြင်ခဲ့သည်၊သူဟာ ဆိုးသွမ်းပြီး စာညံ့တဲ့ကျောင်းသားဘဝကနေ လူသားအားကျတဲ့ကျောင်းသားဘဝတို့ကူးပြောင်းလာခဲ့သည်၊ဒါပေါ့ ပြန်လည်မွေးဖွားလာတဲ့ကျန်းလင်းရှဟာ ကောင်းချီးပေးခံခဲ့ရသည်၊သူက သူရဲ့ဥာဏ်ရည်မြင့်မားလာရုံသာမက သူတွင် လူတိုင်းသဘောကျလောက်စေနိုင်တဲ့အော်ရာပါရရှိခဲ့သည်၊

ကျန်းလင်းရှဟာ လော့ရှန်ဟွာကို လော့ရှန်ဟွာရဲ့သူငယ်ချင်းအနိုင်ကျင့်နေတာကို ပျော်ပျော်ကြီးစောင့်ကြည့်ခဲ့ပြီး လော့ရှန်ဟွာစိတ်ဓာတ်ကျချိန်မှာ ကူညီပေးခဲ့သည်၊ဒါကြောင့် လော့ရှန်ဟွာက ကျန်းလင်းရှကိုယုံကြည်ခဲ့ပြီး သူငယ်ချင်းကောင်းလိုသဘောထားလာတော့သည်၊ဒါပေမယ့် ကျန်းလင်းရှက လော့ရှန်ဟွာကို အသုံးချကာ လော့ကျန်းပေ့ဆီချဉ်းကပ်ခဲ့သည်၊သူ့ရဲ့အကြံအောင်မြင်သွားချိန်မှာ ကျန်းလင်းရှက လော့ရှန်ဟွာကို အမှန်အတိုင်းပြောကာ ဒေါသကိုဆွခဲ့သည်၊

Daddyရဲ့ ကလေးလေး ဖြစ်ခွင့်ပေးပါလားWhere stories live. Discover now