Chapter -67

4.2K 399 4
                                    

Zawgyi

လော့ရှန်ဟွာထွက်သွားချိန်မှာတော့ ကျန်းလင်းရှက အံ့ကြိတ်ကာနေနေတော့သည်၊သူလည်း အနည်းငယ်တော့ အံ့အားသင့်သွားတာ အမှန်ပေ၊

သူက လဲကျသွားတဲ့ကျောင်းသားကို တစ်ချက်သာကြည့်လိုက်ပြီး ထွက်သွားတော့သည်၊သူ့ထက် လူကောင်သေးတဲ့ကျောင်းသားကိုတောင် မနိုင်ဘူးတဲ့၊ဒါနဲ့များ သူတို့ကိုယ်သူတို့ ကျောင်းလူဆိုးလို့ ခေါ်နိုင်သေးတယ်၊

ကျန်းလင်းရှတစ်ယောက် အတော်ကိုစိတ်တိုနေပြီဖြစ်ပြီး သူ့စီစဉ်သမျှ တလွဲတွေဖြစ်နေတာ အမှန်ပေ၊ဟန်စုမင်ကိစ္စက သူနဲ့အနည်းငယ်ပတ်သတ်နေပြီး လော့ရှန်ဟွာရဲ့သရုပ်အမှန်ကို သိပြီးသားပေမယ့် ဘဝမြှင့်မောက်မာလှတဲ့ဟန်စုမင်ကို လိုင်းကအကြံပေးခဲ့ခြင်းဖြစ်သည်၊ဒါဆိုရင် လော့ရှန်ဟွာဒုက္ခရောက်ပြီဆိုတာနဲ့ သူက ဝင်ကူညီပေးကာ ဟန်စုမင်ကိုထိုးချပြီး လော့ရှန်ဟွာရဲ့အကောင်းဆုံးသူငယ်ချင်းအဖြစ်ရပ်တည်မည်ဟု စီစဉ်ခဲ့ခြင်းဖြစ်သည်၊

ထိုအစီအစဉ်ကလည်းပျက်စီးတဲ့အပြင် အရင်က လော့ရှန်ဟွာကို လုံးလုံးလျားလျားဂရုမစိုက်တဲ့ လော့ကျန်းပေ့ကလည်း လော့ရှန်ဟွာကို ဂရုစိုက်လာတော့သည်၊သူသိရသလောက်တော့ လော့ကျန်းပေ့က လော့ရှန်ဟွာ တက္ကသိုလ်တက်မှ စတင်စိတ်ဝင်စားခဲ့ခြင်းဖြစ်သည်၊

ပြီးတော့ မုချန်းရုံကိစ္စမှာလည်း အခြားသခင်လေးတွေကို ကပ်ခိုင်းခဲ့သော်လည်း မအောင်မြင်သေးပေ၊အသုံးကို မကျဘူး၊

လော့ချင်းမုကိုလည်း အသုံးချခဲ့ပေမယ့် သူထင်သလို မဖြစ်ခဲ့ပေ၊အတိတ်ဘဝက သူသိခဲ့သလောက်ဆိုရင် လော့ကျန်းပေ့က သူ့ဝမ်းကွဲညီမအပေါ် အတော်ကိုသည်းခံပြီးတော့ လော့ရှန်ဟွာနဲ့လော့ချင်းမု ပြဿနာတက်ရင်တောင် လော့ချင်းမုဘက်သာ ရပ်တည်ပေးတတ်သည်ကို သူများတွေဆီက ကြားဖူးသည်၊အဲ့တုန်းက လော့ကျန်းပေ့နဲ့လော့ရှန်ဟွာက ချစ်သူတွေဖြစ်နေခဲ့ပြီးပြီ၊

အခုလို ဘာခံစားချက်မှ မမွေးဖွားခင်မှာ လော့ချင်းမုကို ကျန်းလင်းရှအသုံးချကာ လော့ရှန်ဟွာကို လော့အိမ်တော်က ထွက်သွားအောင် တစ်ဖက်လှည့်နဲ့ခိုင်းလိုက်သော်လည်း သူထင်သလိုဖြစ်မလာပြန်ဘူး၊

Daddyရဲ့ ကလေးလေး ဖြစ်ခွင့်ပေးပါလားWhere stories live. Discover now