Chapter -68

2.8K 327 1
                                    

အစအဆုံး bibliobay websiteမှာ ဝယ်ဖတ်လို့ရပြီဗျ

Zawgyi

"သူက သူ့အဖေကို သဘောကျနေတာလေ" ကျန်းလင်းရှစကားကြောင့် လျောင်ဝူဟွမ်နားမလည်စွာဖြစ်သွားတော့သည်၊

"လော့ရှန်ဟွာက သူ့အဖေအပေါ် မရိုးသားတဲ့စိတ်နဲ့ ချစ်နေတာလေ"

"သူတို့က သားအဖတွေမလား ဒါက..." လျောင်ဝူဟွမ်မျက်နှာထက်မှာ ရွံ့ရှာမှုများဖြတ်သန်းသွားတော့သည်၊သွေးသားချင်းချစ်ကြိုက်တဲ့အပေါ် လျောင်ဝူဟွမ်က လက်မခံနိုင်စွာ ရွံ့လှသည်၊ဒါကို သိတဲ့ကျန်းလင်းရှကလည်း တမင်တကာပြောလိုက်ခြင်းသာဖြစ်သည်၊ သူက အတွင်းကျကျသိနေရင်တောင် အခြားလူတွေ အမြင်မှာတော့ လော့ကျန်းပေ့နဲ့လော့ရှန်ဟွာက သားအဖတွေပဲလေ၊

"ဒီအကြောင်းတွေကို စကြားတုန်းက လင်းရှတောင်မယုံခဲ့ဘူး...အဲ့တာကြောင့် ဂျူနီယာလော့က လင်းရှကိုမြင်ရင် အရမ်းကိုရန်ဆောင်လွန်းတယ်..." ကျန်းလင်းရှက မျက်နှာငယ်​လေးနဲ့ပြောလိုက်ပြီးနောက် သက်ပြင်းချလိုက်သည်၊

"စိတ်မပူနဲ့...တကယ်လို့ မင်းပြောသလိုသာ အမှန်ဆိုရင် သူ့မျက်နှာကို ခွာချပစ်ပြီး ကျောင်းကနေထွက်သွားအောင် ကိုယ်လုပ်ပေးမယ်" လျောင်ဝူဟွမ်က လော့ကျန်းပေ့ကို မသိပေမယ့် စိတ်ထဲမှာတော့ အတော်ရွံ့ရှာနေတော့သည်၊ရှင်းရှင်းပြောရရင် သူ့သူငယ်ချင်းတစ်ယောက်ကြောင့် သွေးသားချင်း ချစ်ကြိုက်တဲ့အပေါ်ကို လျောင်ဝူဟွမ်က လက်မခံသူဖြစ်ပြီး ရွံ့ရှာသူဖြစ်သည်၊

"ကျောင်းထွက်သွားတဲ့အထိ မလုပ်ပါနဲ့...တော်ကြာ စီနီယာလျောင်အတွက် ခက်ခဲနေပါအုံးမယ်...လင်းရှကြောင့် စီနီယာလျောင်ကို ပြဿနာမတက်စေချင်ဘူး" ကျန်းလင်းရှက စိုးရိမ်တဲ့လေသံနဲ့ပြောချိန်မှာ လျောင်ဝူဟွမ်က ရယ်လိုက်ပြီး ကျန်းလင်းရှပခုံးကို ဖွဖွလေးပုတ်လိုက်သည်၊

"လျောင်အိမ်တော်ရဲ့ဆက်ခံသူကို ဘယ်သူက လွယ်လွယ်ထိရဲမှာလဲ..."

ထို့နောက်မှာတော့ ကျောင်းခေါင်းလောင်းထိုးသံကြောင့် ကျန်းလင်းရှက လျောင်ဝူဟွမ်ကို နူတ်ဆက်ကာထွက်သွားတော့သည်၊ကျန်းလင်းရှက သူအကြံအောင်မြင်တာကြောင့် ပြုံးပျော်နေတော့သည်၊ တကယ်လို့ လော့ရှန်ဟွာသာ ကျောင်းမှာနာမည်ပျက်သွားခဲ့ပြီး လော့အိမ်တော်ရဲ့နာမည်ကို စွန်းထင်းခဲ့ရင်  လော့အိမ်တော်ကထွက်သွားဖို့ လော့ချင်းမုကို အနည်းငယ်ပြောလိုက်ရုံပဲ၊ ဒါဆိုရင် လော့ကျန်းပေ့ကာကွယ်ပေးနေရင်တောင် လော့ရှန်ဟွာက ထွက်သွားရလိမ့်မည်၊

Daddyရဲ့ ကလေးလေး ဖြစ်ခွင့်ပေးပါလားWhere stories live. Discover now