Chapter-85

2.8K 295 9
                                    

Zawgyi

စောနက စူးရှရှလူငယ်အသံကြောင့် လော့ရှန်ဟွာက နိုးတစ်ဝက်ငိုက်တစ်ဝက်ဖြစ်နေပြီး လော့ကျန်းပေ့ရဲ့ကိုယ်သင်းရနံ့နဲ့ဝေးသွားချိန်မှာ လော့ရှန်ဟွာက ထလာတော့သည်၊

"ဒယ်ဒီ..." လော့ရှန်ဟွာက အိပ်ချင်မူးတူးနဲ့ မျက်စိတစ်ဖက်တည်းသာဖွင့်သေးပြီး မရင်းနှီးတဲ့ပတ်ဝန်းကျင်မှာ လော့ကျန်းပေ့ကိုရှာဖွေလိုက်သည်၊လော့ကျန်းပေ့ကလည်း လော့ရှန်ဟွာရဲ့အမူအရာလေးတွေကြောင့် ပြုံးလိုက်ပြီး အလုပ်စားပွဲကနေ ထကာ ခုံနားကိုသွားလိုက်ပြီး လော့ရှန်ဟွာရဲ့မျက်နှာလေးကို ပွတ်ပေးလိုက်သည်၊

"ဒယ်ဒီက ရှန်လေးကို ပစ်ထားတယ်"

"ကလေးလေး အိပ်နေလို့လေ..."

"မရဘူး ပစ်ထားတာ" လော့ကျန်းပေ့က ချော့မော့နေတဲ့အသံနဲ့ပြောလိုက်ပေမယ့် လော့ရှန်ဟွာက ကလိမ်ကကျစ်ကျစွာခိုးရယ်လိုက်ပြီး ဂျီတိုက်နေတော့သည်၊

"ဒယ်ဒီ တောင်းပန်ပါတယ်နော်... "

"အဲဆိုရင် နမ်းပေး"

လော့ကျန်းပေ့က လော့ရှန်ဟွာရဲ့ဆံပင်လေးများကို အသည်းယားစွာ ဖွလိုက်ပြီးနောက်မှာ ခန္ဓာကိုယ်ကိုကိုင်းလိုက်ပြီး လော့ရှန်ဟွာရဲ့မေးရိုးလေးကို လက်နဲ့ပင့်တင်လိုက်ကာ ဖွဖွလေး နမ်းလိုက်သည်၊

ထိုချိန်မှာ တံခါးကပွင့်လာပြီး အသံစူးရှရှနဲ့ယောက်ျားအသံပေါ်လာတော့သည်၊

"ခင်...ခင်ဗျားတို့ ဘာလုပ်နေတာလဲ"

ဝူချင်းချန်ရဲ့စူးရှရှအသံ​ကြောင့် လော့ရှန်ဟွာပင်လန့်သွားပြီးနောက်မှာ ကောင်းမွန်တဲ့အခိုက်အတန့်လေးပါ ဖျက်စီးခံလိုက်ရလို့ စိတ်ပါတိုသွားတော့သည်၊

"လူနှစ်​ယောက်နမ်းတာ မမြင်ဖူးဘူးလား" လော့ရှန်ဟွာရဲ့အသံက အနည်းငယ်ဘုဘောက်ဘောက်ဖြစ်နေတာကြောင့် ဝူချင်းချန်ကို ပိုပြီးမကျေနပ်ဖြစ်စေသည်၊

"မင်း...ကြောင်တောင်နှိုက်တဲ့ကောင်!"

"အစ်ကိုလော့က ငါ့လူ၊ မင်းက အရှက်မရှိပဲ ငါ့လူကို နမ်းရဲတယ်ပေါ့"

Daddyရဲ့ ကလေးလေး ဖြစ်ခွင့်ပေးပါလားWhere stories live. Discover now