Chapter -59

4.5K 458 11
                                    

Zawgyi

ကျန်းလင်ရှဟာ ရုတ်တရက်ကြီး ဖုန်းချသွားတဲ့ လော့ချင်းမုကြောင့် အတော်ကို ဒေါသထွက်နေတော့သည်၊အရင်ဘဝက မှတ်ဥာဏ်တွေကြောင့် လော့ချင်းမုဟာ လော့ရှန်ဟွာကို မုန်းတီးနေတာကို သိပြီးသားပင်၊နောက်တစ်ချက် သူသိနေတာတော့ လော့ကျန်းပေ့ဟာ လော့ချင်းမုကို အလိုလိုက်ဆုံးဖြစ်ပြီး လော့ရှန်ဟွာကို ဒုက္ခပေးတုန်းက သုံးကြိမ်တိုင်တိုင် ခွင့်လွှတ်ပေးခဲ့သည်၊

ဒါကြောင့် လက်ရှိအချိန်အခါမှာ လော့ကျန်းပေ့က လော့ရှန်ဟွာပေါ်စိတ်မရောက်သေးတာကို သိတာကြောင့် လော့ချင်းမုကို အသုံးချပြီးတော့ လော့ရှန်ဟွာကို လော့အိမ်တော်ကနေ ကျန်းလင်းရှကမောင်းထုတ်ပြီး လော့ချင်းမုအားကိုးနဲ လော့ကျန်းပေ့နားကပ်လို့ရလိမ့်မည်၊

ဒါပေမယ့် ဖုန်းထဲအသံတွေအရဆိုရင် လော့ကျန်းပေ့က အရင်ဘဝက သူထင်သလိုမဖြစ်ရတာလဲ၊သူမြင်ရသလောက်တော့ လော့ကျန်းပေ့က လော့ချင်းမုကို အတော်ကိုဂရုစိုက်ပြီး လော့ချင်းမုလုပ်သမျှပြဿနာတွေကို ဒိုင်ခံရှင်းပေးလေ့ရှိသည်၊

ကျန်းလင်းရှဟာ အောက်နူတ်ခမ်းကိုကိုက်လိုက်ပြီး အကြံတွေထုတ်နေတော့သည်၊လော့ချင်းမုနဲ့ဆုံဖို့ သူ့မှာ ဘယ်လောက်တောင် သိက္ခာကျခဲ့လည်းသူကိုယ်တိုင်သာသိသည်၊ထိုမိန်းမနဲ့ဆုံဖို့ ဘားမှာ စားပွဲထိုးအဖြစ်ဟန်ဆောင်ပြီးတော့ ချဉ်းကပ်ခဲ့ရပြီး မြူဆွယ်ခဲ့ရသေးသည်၊

ပြီးတော့ လော့ရှန်ဟွာအကြောင်းတွေကို အရိပ်အမြိတ်ပြောပြရင်း လော့ကျန်းပေ့အမွေတွေကို လော့ရှန်ဟွာ မက်မောနေကြောင်းပြောလိုက်ပြီး လော့ရှန်ဟွာကို လော့ကျန်းပေ့မရှိတုန်း ခြိမ်းခြောက်မောင်းထုတ်ဖို့ အကြံပေးခဲ့သည်၊

"အသုံးမကျချက်..." အခုတော့ ဒီကိစ္စကိုတောင် ဖြစ်မြောက်အောင်မလုပ်နိုင်ဘူး၊လော့ကျန်းပေ့နားကနေ လော့ရှန်ဟွာကို မောင်းထုတ်ဖို့ သူဘယ်လိုလုပ်ရမလဲ၊ မုချန်းရုံရဲ့အကြောင်းကြားချက်အရဆိုရင် လော့ရှန်ဟွာက နောက်ကွယ်မှာရှိနေတဲ့သူက သူဆိုတာ ရိပ်မိနေပုံရတယ်တဲ့၊မဖြစ်နိုင်တာ သူသိတဲ့လော့ရှန်ဟွာက လော့ကျန်းပေ့အရိပ်အောက်မှာ စောင့်ရှောက်ခံရပြီး ပိန်းတုံးတုံးလူငယ်တစ်ယောက်ထက်မပိုပေ၊ဒါကြောင့် မုချန်းရုံပြောတာကို ကျန်းလင်းရှမယုံပေ၊

Daddyရဲ့ ကလေးလေး ဖြစ်ခွင့်ပေးပါလားWhere stories live. Discover now