Chapter -61

5.6K 519 14
                                    

Zawgyi

နောက်တစ်ရက်ရောက်တော့ လော့ရှန်ဟွာနဲ့လော့ကျန်းပေ့ဟာ မနက်စာတူတူစားသောက်နေတော့သည်၊ထိုချိန်မှာ လော့ချင်းမုကဝင်လာပြီး မကျေနပ်တဲ့အသံနဲ့ပြောလာတော့သည်၊

"ကျန်းကော ဘာလို့ညီမရဲ့ဘဏ်ကဒ်တွေကို ပိတ်လိုက်တာလဲ"

"မင်းကို ငါမေးထားတဲ့ဘဏ်ကဒ်တွေကိုပဲ ပိတ်ထားတာ လော့အိမ်တော်ကဘဏ်ကဒ်တွေကို မပိတ်ထားဘူး" လော့ကျန်းပေ့က စားလက်စကိုရပ်လိုက်ပြီးပြောလိုက်သည်၊လော့ရှန်ဟွာက ဒေါသထွက်ကာစိတ်ဆိုးနေတဲ့လော့ချင်းမုကို တစ်ချက်သာကြည့်လိုက်ပြီး သူဟာ မနက်စာကိုထပ်စားနေလိုက်သည်၊

"ညီမကို မထောက်ပံချင်တာ သူ့ကြောင့်မလား!"

"သူက ကျန်းကောရဲ့သားအရင်းမဟုတ်ဘူးလေ ညီမက ကျန်းကောရဲ့ဝမ်းကွဲညီမတောင်တော်စပ်သေးတယ်" လော့ချင်းမုက လော့ရှန်ဟွာ ငယ်ငယ်တည်းက မကြိုက်ပေ၊အခု သူမရဲ့ငွေစီးပေါက်အပိတ်ခံလိုက်ရတော့ အတော်ကိုဒေါသထွက်နေတော့သည်၊

"လော့ရှန်ဟွာက ငါ့သားအရင်းမဟုတ်ဘူးဆိုတာကို မင်းက ဘယ်လိုပြောနိုင်တာလဲ" လော့ကျန်းပေ့ရဲ့အကြည့်စူးစူးတွေက လော့ချင်းမုဆီရောက်လာတော့သည်၊လော့ချင်းမုက ကျောစိမ့်တက်သွားပြီး ကြောက်လန့်သွားတာကြောင့် ခေါင်းကိုငုံ့လိုက်သည်၊

"ညီ...ညီမ သတင်းအတိအကျရထားတာ..." လော့ချင်းမုက တုန်တုန်ရီရီနဲ့ပြောလာတော့သည်၊လော့ရှန်ဟွာက လော့ချင်းမုရဲ့စကားကြောင့် အနည်းငယ်တွေးတောစဉ်းစားလိုက်သည်၊လော့ချင်းမုက ဘယ်လိုကြောင့် သူနဲ့လော့ကျန်းပေ့က သွေးသားမတော်စပ်တာကို သိနေရတာလဲ၊ရှင်းရှင်းပြောရရင် လော့ရှန်ဟွာတောင် အစေခံတွေရဲ့ပြောစကားကြောင့်သိခဲ့ခြင်းဖြစ်သည်၊

ဒါပေမယ့် ဘာလို့လော့မုချင်းကသိနေရတာလဲ၊

[Moon: side Quest>> လော့ကျန်းပေ့နဲ့လော့ရှန်ဟွာ ပတ်သတ်မှုမရှိတာကို အများသိအောင်လုပ်ရန်]

Moonဆီကနေ ကျလာတဲ့ questကြောင့် လော့ရှန်ဟွာအနည်းငယ်တော့ အံ့အားသင့်သွားသည်၊ပြီးတော့ လော့ချင်းမုက လော့အိမ်တော်ကို ပြောမှာသေချာတာကြောင့် သူလှုပ်ရှားစရာမလိုပေ၊ဒါဆိုရင် အခြားသူတွေသိအောင် ဘယ်လို လုပ်ဆောင်ရမလဲ၊

Daddyရဲ့ ကလေးလေး ဖြစ်ခွင့်ပေးပါလားWhere stories live. Discover now