Chapter-63

3.3K 377 2
                                    

Zawgyi

လော့ရှန်ဟွာတို့ လီအိမ်တော်ရောက်ချိန်မှာ လော့ရှန်ဟွာရဲ့အကြည့်တွေက လီအိမ်တော်ရဲ့အပေါ်ဆုံးထပ်ကိုရောက်သွားတော့သည်၊

လီအိမ်တော်က ဒီမြို့ရဲ့မျက်နှာဖုံးမိသားစုငါးစုထဲပါဝင်ပြီး အခြားသောမြို့တော်တွေထိပါ လက်ဆန့်ထားပြီးသားပေ၊ဒါပေမယ့် လီသခင်ကြီးက ဒီနေရာမှာပဲ အခြေချနေထိုင်ရန် အမှာပြုခဲ့တာကြောင့် လီမျိုးနွယ်က အခြားနေရာဆီကို နေရာရွေ့မပြောင်းခဲ့တော့ပေ၊

လော့ရှန်ဟွာရဲ့အဘိုးကလည်း လီသခင်ကြီးရဲ့မြေးထဲကတစ်ဦးဖြစ်ပြီး ငယ်ရွယ်တည်းက လီအိမ်တော်ကနေ ခွဲထွက်ကာ ကိုယ်ပိုင်စီးပွားထောင်ခဲ့သူဖြစ်သည်၊နောက်ပိုင်း အိမ်ထောင်တွေကျပြီး သားသမီးတွေရောက်လာခါမှ ဒုတိယလီအိမ်တော်ဆိုပြီး နာမည်တွင်ခဲ့ခြင်းဖြစ်ပြီး သူ့အဘိုးရဲ့အစ်ကိုကလည်း နောက်ကနေ အမြဲထောက်ပံ့ပေးခဲ့သည်၊

လီရှန်းဟွာလုပ်ငန်းတွေကို ဆက်ခံတုန်းကလည်း လီကုန်းရွှေရဲ့အဘိုးက သူ့ကိုကူညီပေးခဲ့သည်၊သူအတွက် သီးသန့်ခန်းပင် အပေါ်ထပ်မှာပေးထားခဲ့ဖူးသည်၊

ကားရပ်တဲ့အချိန်မှာတော့ ကားဒရိုင်ဘာက တံခါးဖွင့်ပေးလာပြီး သူတို့လည်းထွက်လာတော့သည်၊အစေခံမိန်းမစေလေးတွေကလည်း ရောက်လာပြီး လော့ရှန်ဟွာတို့ရဲ့လွယ်အိတ်တွေကို အရိုအသေယူလိုက်သည်၊

လီအိမ်တော်က သူရှိတုန်းကလိုပဲ ဘာမှမပြောင်းလဲသွားတာတွေ့တော့ လော့ရှန်ဟွာပြုံးလိုက်ပြီး

"မင်းရဲ့အိမ်တော်က မဆိုးဘူးနော်" လို့ လီကုန်းရွှေကိုပြောလိုက်သည်၊လီကုန်းရွှေက ပြုံးလိုက်ပြီးနောက်မှာ အထိန်းတော်ကြီးကို 'အဘိုး ဘယ်မှာလဲ'မေးလိုက်သည်၊

"သခင်ကြီးက ဧည့်ခန်းထဲမှာ မိတ်ဆွေတစ်ချို့နဲ့စကားပြောနေပါတယ် သခင်လေး"

အထိန်းတော်ကြီးပြောနေတုန်းက လူငယ်တစ်ယောက်နဲ့မိန်းမငယ်လေးတစ်ယောက်ကထွက်လာတော့သည်၊

"အစ်ကိုလီ ပြန်လာပြီပေါ့" မိန်းမငယ်လေးရဲ့ပျော်ရွှင်နေတဲ့အသံကြောင့် သူတို့လည်းလှည့်ကြည့်လိုက်သည်၊ကောင်မလေးက ချစ်စရာကောင်းတဲ့မျက်နှာပေါက်လေးတည်ရှိနေပြီး ရယ်လိုက်တော့ သူမရဲ့မျက်နှာလေးကို ပိုမိုပြီးပြည့်စုံစေသည်၊ဘေးကလူငယ်ကလည်း သူမလိုပဲ ချစ်စရာကောင်းတဲ့မျက်နှာပေါက်ကို ပိုင်ဆိုင်ထားပေမယ့် အတော်ကိုတည်ငြိမ်လှသည်၊သူက ခေါင်းညိတ်ကာနူတ်ဆက်လိုက်သည်၊

Daddyရဲ့ ကလေးလေး ဖြစ်ခွင့်ပေးပါလားWhere stories live. Discover now