Chapter-73

4.5K 380 12
                                    

Zawgyi

နောက်တစ်နေ့ရောက်ချိန်မှာတော့ လော့ရှန်ဟွာက ထန်းဟော်ရှကို အကူအညီတောင်းကာ ကျောင်းပြေးတော့သည်၊သူ့ဒယ်ဒီကလည်း အလုပ်များနေတာကြောင့် ငါးနာရီအတွင်း သူကျောင်းမှာမရှိတော့တာကို သိမည်မဟုတ်ပေ၊

သူ့အဖိုးပေးခဲ့သည့်လိပ်စာအတိုင်း လော့ရှန်ဟွာက သူ့အဖိုးပြောတဲ့စံအိမ်ရှိရာမြို့နယ်ကို အငှားကား ငှားကာသွားလိုက်သည်၊ထိုနေရာကို လီအိမ်တော်က လူတွေတောင်သိမည်မဟုတ်ပေ၊ ဘာကြောင့်လဲဆိုတော့ သူ့အဘိုးက လီအိမ်တော်မှာ တစ်ချို့သောရှေးဟောင်းအမွေအနှစ်ရတနာများကို စုဆောင်းသလို အခြားသောနေရာမှရလာတဲ့ရှေးဟောင်းအမွေအနှစ်တွေကိုတော့ လီအိမ်တော်ကလူတွေတောင် မသိတဲ့စံအိမ်မှာ စုဆောင်းထားသည်၊ဒါက သူ့အတွက်ဖြစ်ကြောင်း သူ့အဘိုးက ထိုအမွေအနှစ်တွေကို လေလံဆွဲပြီးသား စနောက်ကာပြောဆိုခဲ့ဖူးသည်၊

ဒါပေမယ့် သီးသန့်စံအိမ်ကြီးထားကာ ရှေးဟောင်းအမွေအနှစ်တွေကို စောင့်ရှောက်ထားလိမ့်မည်လို့ မထင်ခဲ့တာအမှန်ပေ၊ ထိုအကြောင်းအရာကိုတောင် သူ့အဘိုးမသေဆုံးခင်ညကမှ လီရှန်းဟွာတစ်ယောက်သိခဲ့ပြီး သော့ရဲ့တည်ရာကိုပါ သူ့အဘိုးကပြောခဲ့သည်၊

လော့ရှန်ဟွာလည်း သူ့အဘိုးပြောခဲ့တဲ့စံအိမ်ရဲ့ခြံရှေ့ကို ရောက်လာတော့သည်၊ခြံဝန်းက အတော်ကိုကျယ်ပြီးတော့ အနည်းငယ်တော့ဆိတ်ငြိမ်သက်နေသည်၊လော့ရှန်ဟွာက သော့ထားထားတဲ့နေရာဆီကို သွားလိုက်သည်၊

သူ့အဘိုးက သော့ကို စာအိတ်ပုံးရဲ့အတွင်းအပေါ်ထောင့်မှာ တိတ်နဲ့ကပ်ထားခြင်းဖြစ်သည်၊လော့ရှန်ဟွာက သော့ကိုယူလိုက်ပြီးနောက်မှာ ခြံတံခါးကိုဖွင့်ကာ ဝင်လာတော့သည်၊ ခြံထဲမှာ ပန်းပင်တွေက စောင့်ရှောက်မဲ့သူမရှိ ​ညှိုးနွမ်းကာသေဆုံးနေပြီး မြက်ပင်တွေကလည်း အတော်ကိုရှည်နေသည်ကိုတွေ့လိုက်ရသည်၊ဒါပေမယ့် စံအိမ်ကြီးကတော့ ခမ်းနားထည်ဝါစွာတည်ရှိနေစဲပင်၊

လော့ရှန်ဟွာက လျို့ဝှက်နံပါတ်နဲ့ဖွင့်ရတဲ့ဒစ်ဂျစ်တယ်တံခါးသော့ကိုကြည့်ရင်း အလုပ်လုပ်၊မလုပ်စမ်းကြည့်လိုက်သည်၊အလုပ်လုပ်ကြောင်းတွေ့လိုက်ရမှ သူ့အဘိုးပြောခဲ့တဲ့နံပါတ်ကို ရိုက်ထည့်လိုက်ပြီးနောက်မှာ တံခါးကဖွင့်လာတော့သည်၊ တံခါးဖွင့်သွားပြီးနောက်မှာတော့ ဖုန်အနံ့တွေရမည်ဟုထင်ခဲ့သော်လည်း အိမ်တွင်းက သန့်ရှင်းနေတော့သည်၊

Daddyရဲ့ ကလေးလေး ဖြစ်ခွင့်ပေးပါလားWhere stories live. Discover now