Chapter -70

2.7K 320 1
                                    

Zawgyi

"ရှန်လေး..." လော့ကျန်းပေ့က သူ့ရှေ့ကနေ အခန်းထဲဝင်သွားတဲ့လူငယ်လေးကို အနောက်ကနေပွေ့ဖက်ရင်း နာမည်ကို တယုတယခေါ်လိုက်သည်၊

"ဒယ်ဒီ..." လော့ရှန်ဟွာက အနောက်လှည့်လိုက်ပြီး လော့ကျန်းပေ့ရင်ခွင်ထဲကို တိုးဝင်လိုက်သည်၊လော့ကျန်းပေ့ကလည်း လော့ရှန်ဟွာကို ကြားလေမတိုးအောင်ပွေ့ဖက်ထားရင်း မေးလိုက်သည်၊

"တစ်ချိန်မှာ လူတစ်ယောက်က ဒယ်ဒီနဲ့ကလေးကြားကို သွေးခွဲလာချိန်မှာ ကလေးက ကိုယ့်ကို ထားသွားမှာလား"

လော့ရှန်ဟွာက လော့ကျန်းပေ့စကားကြောင့် အနည်းငယ်တော့ကြောင်အသွားပေမယ့် သူက လော့ကျန်းပေ့ရင်ခွင်ထဲကနေ အနည်းငယ်ခွာလိုက်ပြီး လော့ကျန်းပေ့ကို မော့ကြည့်ကာပြောလိုက်သည်၊

"ရှန်လေးက ဒယ်ဒီနဲ့ တသက်လုံးနေမှာ..."

"တကယ်လား ကလေးငယ်"

"တကယ်ပေါ့ ဒယ်ဒီ... ရှန်လေးမှာ ဒယ်ဒီပဲရှိတာလေ... ပြီးတော့ သူစိမ်းတစ်ယောက်ရဲ့သွေးခွဲစကားကို ရှန်လေးက ဘာလို့နားယောင်ရမှာလဲ" လော့ကျန်းပေ့က လော့ရှန်ဟွာစကားကြောင့် သဘောကျစွာပြုံးသွားပြီး ခါးအနည်းငယ်ကိုင်းလိုက်ပြီး လော့ရှန်ဟွာရဲ့နားရွက်ကိုနမ်းလိုက်သည်၊

"အွန်း...ဒယ်ဒီ"

"ကိုယ့်ကို မထားနဲ့နော်..."လော့ကျန်းပေ့ရဲ့စကားကြောင့် လော့ရှန်ဟွာရဲ့မျက်လုံးများက အရောင်တောက်ပသွားတော့သည်၊

"တစ်နေ့မှာ ဒယ်ဒီက အခြားတစ်ယောက်ကို လက်ထပ်သွားခဲ့ရင် ရှန်လေးကိုပဲ ပြန်ထားသွားမှာ"

လော့ရှန်ဟွာရဲ့စကားကြောင့် လော့ကျန်းပေ့က အနည်းငယ်မျက်မှောင်ကြုတ်သွားတော့သည်၊သူက လော့ရှန်ဟွာကို ပွေ့ချီလိုက်ပြီး ကုတင်ပေါ်တင်လိုက်သည်၊ထို့နောက်မှာတော့ လေးနက်တဲ့အမူအရာနဲ့ပြောလာတော့သည်၊

"ကိုယ်က မင်းအတွက် ဘာလဲ ကလေးငယ်"

"အုပ်ထိန်းသူ ဒယ်ဒီလေ..." လော့ရှန်ဟွာက လော့ကျန်းပေ့ဆိုလိုတဲ့အကြောင်းအရာကိုသိပေမယ့် ဖြူစင်ရိုးသားတဲ့မျက်နှာထားလေးနဲ့ ပြန်ပြောလိုက်သည်၊

Daddyရဲ့ ကလေးလေး ဖြစ်ခွင့်ပေးပါလားWhere stories live. Discover now