Chapter -16 (မင်းက ကိုယ့်အပိုင်ပဲ)

24K 2.2K 81
                                    

Zawgyi

လော့ရှန်ဟွာဟာ နေ့လည်ကျောင်းဆင်းသည်နှင့် ထန်းဟော်ရှခေါ်ရာနောက်ကို ပါလာတော့သည်၊သေချာတာပေါ့ သူတို့နှစ်ယောက်ဟာ ပျော်ပျော်ကြီးရေခဲမုန့်စားဖို့အတွက် ကျောင်းခိုးပြေးမလို့ပေါ့၊

ထန်းဟော်ရှဦးဆောင်ရာနောက်ကို လော့ရှန်ဟွာဟာလည်း လိုက်ပါလာတော့သည်၊ဒီနေရာဟာ ကျောင်းရဲ့အနောက်ဘက်ခြမ်းဖြစ်ပြီး ဒီအနောက်ဘက်အုတ်တံတိုင်းကနေတဆင့် ကျောင်းသားအချို့ဟာ အမြဲကျောင်းခိုးပြေးနေကျဖြစ်ပြီး ထန်းဟော်ရှသည်လည်း ထိုသတင်းကို မိမိရရကို စုံစမ်းသိရှိထားသူဖြစ်တာကြောင့် လော့ရှန်ဟွာကိုခေါ်လာခြင်းဖြစ်သည်၊သူတို့နှစ်ယောက်ဟာ သူတို့ထက် မြင့်မားသည့်အုတ်တံတိုင်းကို မျှော်ကြည့်ကာ အနီးနားတွေ ကုတ်ဖဲ့တက်စရာရှာဖွေလိုက်ပေမယ့် မြက်ပင်တွေကလွဲ၍ ဘယ်အရာမှရှိမနေချေ၊

"ငါတို့ ဘယ်လိုလုပ်ကြမလဲ"လို့ လော့ရှန်ဟွာဟာ ဦးဆောင်လမ်းပြသူကြီး ထန်းဟော်ရှကိုမေးလိုက်တော့ ထန်းဟော်ရှသည်လည်း ရှိသမျှ ဥာဏ်ရည်ထုတ်ကာ တွေးတောနေတော့သည်၊ထိုနောက် လော့ရှန်ဟွာကဘဲ

"မင်း ကုန်းလိုက် ငါမင်းပေါ်ကနေတဆင့် အပေါ်တက်လိုက်မယ်... ပြီးရင် မင်းကိုငါဆွဲတင်ပေးမယ်" လို့ ပြောလိုက်တော့ ထန်းဟော်ရှဟာ အနည်းငယ်စဉ်းစားလိုက်ပြီးနောက် ခေါင်းညိတ်လက်ခံလိုက်သည်၊ဘာပဲဖြစ်ဖြစ် သူတို့နှစ်ဦးတွင် သူက မဆိုသလောက်လေး လော့ရှန်ဟွာထက် အရပ်အနည်းနည်းရှည်သည်၊ဒါကြောင့် ရှန်ဟွာ သူ့ကျောပေါ်တက်နေသည့်ချိန်မှာ အနည်းငယ်ပင့်​မြောက်ရုံဖြင့် ထိုတံတိုင်းပေါ် အရောက်လွယ်စေသည်၊

ထန်းဟော်ရှဟာ ချက်ချင်းပင် နံရံနားကပ်ကာ ကုန်းလိုက်ရင်း "မင်း ဖိနပ်ချွတ်ပြီး တက်ဦး ငါရေခဲမုန့်ဆိုင်ကို ကျောမှာဖိနပ်ခြေရာနှစ်ခုနဲ့ မသွားနိုင်ဘူး"လို့ ဟာသရောနှောကာ ပြောလိုက်​တော့ လော့ရှန်ဟွာဟာ ရယ်လိုက်ပြီး

"လူတွေက မင်းရဲ့အဝတ်အစားတီထွင်ကြံဆမှုကို ကြိုက်နှစ်သက်သွားမှာ သေချာတယ်"ပြောလိုက်ပေမယ့် သူရဲ့ကျောင်းဖိနပ်ကိုတော့ ချွတ်လိုက်ပြီးပြီဖြစ်သည်၊ထိုနောက် လော့ရှန်ဟွာဟာ ထန်းဟော်ရှကျောပေါ်တက်လိုက်ပြီး အနည်းငယ်ကွာဝေးသေးသည့် တံတိုင်းထိပ်ဖျားကို ကြည့်ကာ...

Daddyရဲ့ ကလေးလေး ဖြစ်ခွင့်ပေးပါလားWhere stories live. Discover now