အတိတ္ ၃၂ (+)
194 1 0
Unicode
သီဟဗလ
ဒါက ဘာတွေလဲ
ဒီည မင်းနဲ့ ငါ ရန်သူဖြစ်တာတွေ လက်ထပ်တော့မှာတွေ အားလုံးမေ့ပစ်ပြီး ခဏလောက် စိတ်အေးလက်အေး အနားယူရအောင် ငါနဲ့ မင်းကြားက ပြဿနာတွေ အကုန်လုံး မေ့ထားလိုက်စေချင်တယ် ငါတို့ စတွေ့ကတည်းက ခုချိန်ထိ တခါမှ အေးအေးဆေးဆေး စကားမပြောခဲ့ရဘူးလက်ထပ်တော့မယ့်သူတွေ အနေနဲ့ တစ်ယောက်အကြောင်း တစ်ယောက်နားလည်ဖို့လိုလိမ့်မယ် မင်းတို့ မိန်းမသားတွေအချင်းချင်းတော့ ဘယ်နည်းသုံးလဲ မပြောတတ်ဘူး ငါတို့ယောင်္ကျားသားတွေအတွက်တော့ သေရည်အတူသောက်ရင်း ပွင့်ပွင့်လင်းလင်း မေးခွန်းမေးတာက တစ်ယောက်အကြောင်း တစ်ယောက်သိဖို့ အလွယ်ဆုံး နဲ့ အမြန်ဆုံး နည်းပဲ
ညကြီးအချိန်မတော်မဟုတ်ပေမယ့် ညညီလာခံအပြီးမှာ ရုတ်တရက် သူမအဆောင်ကို ပေါက်ချလာပြီး သေရည်သောက်ရအောင်လို့ပြောနေတဲ့ သီဟဗလကို ငြင်းချင်ပေမယ့် လူက အတင်းဝင်ထိုင်နေပြီမို့ လက်ခံစကားပြောရသည် အပျိုတော်ငယ်တွေက အမြည်းဟင်းလျာတွေ အစုံအလင်လာချပေးပြီး စားပွဲအသင့်ပြင်ပေးကာ ချက်ချင်းပြန်ထွက်သွားကြသည် ခုတော့ တိတ်ဆိတ်သော အခန်းထဲမှာ သူတို့နှစ်ယောက်တည်း...
လာလေ....ထိုင်ပါ
ရာသီဥတုက အေးတယ် ခုချိန်က ငါတို့နိုင်ငံမှာတော့ အအေးဆုံး အချိန်ပဲ
အပြင်မှာ နှင်းတွေ ထူထပ်သိပ်သည်းနေတာမို့ ညခင်းက ပိုလို့မှောင်မိုက်နေသည် ကြယ်ရောင် တစွန်းတစပင် မမြင်ရ အဆောင်တိုင်မှာ ထွန်းညှိထားတဲ့ ကညင်ဆီ မီးတိုင်ကြီးတွေကသာ အမှောင်ထုကို အံကြိတ် ဖြိုခွင်းပေးနေသည်
ဒါက ငါတို့နိုင်ငံမှာ အကောင်းဆုံး သေရည်ပဲ နှင်းဝတ်မှုန်ဖြူလို့ခေါ်တယ်သစ်သီးကိုးမျိုးရဲ့ အရည်နဲ့ ပန်းကိုးမျိုးရဲ့ဝတ်ရည်ချိုတွေကို ပေါင်းစပ်ပြီး ရေလုံးဝမသုံးဘဲ နှင်းရည်သက်သက်နဲ့ အချဉ်ဖေါက်ထားရတာဒီအိုးက နန်းတွင်းစားတော်ကဲကြီးကိုယ်တိုင် ငါ့ မင်္ဂလာပွဲမှာ သုံးဖို့ ချက်လုပ်ပေးခဲ့တာ ခုဆို သက်တမ်း ဆယ်နှစ်ပြည့်ပြီ
Ai ajuns la finalul capitolelor publicate.
⏰ Ultima actualizare: Jun 10 ⏰
Adaugă această povestire la Biblioteca ta pentru a primi notificări despre capitolele noi!