အတိတ်၁၈ အတိတ္၁၈
71 1 0
uni
သခင်မမျက်နှာကို မော်ဖူးရတာ ဒီတစ်ခါ အပျော်ဆုံး ဖြစ်ချိမ့်မည် တိုက်ပွဲမစခင် မင်းသားကို လုပ်ကြံကတည်းက လကာၤရကထွက်သွားခဲ့ရသည် တိုက်ပွဲဖြစ်နေတဲ့သုံးလလုံးလုံးမှာတော့ သခင်မကို သတိမရတချက် ရတချက်
တိုက်ပွဲနားချိန်တိုင်း သခင်မဆီကို ဘယ်တော့မှမပေးဖြစ်တော့မယ့် စာလွှာတွေ ရေးသားစုတ်ဖြဲပစ်မိတာလည်း ခဏ ခဏ
ကေလာသကို တိုက်ခိုက်ရတာထင်သလောက်တော့ မလွယ်ခဲ့
ကေလာသဘုရင်က သခင်မရဲ့ ရာဇသံကို လျစ်လျူရှုကာ မြို့ကို အခိုင်အလုံပိတ်ပြီး ခုခံဖို့သာ ကြိုးစားခဲ့သည် တပ်အကြီးအကဲဖြစ်သော အိမ်ရှေ့စံ မရှိသည့်နောက်ပိုင်း စိတ်ဓာတ်ကျဟန်ရှိသော ကေလာသစစ်သည်များကလည်း တကယ်တမ်းတိုက်ခိုက်ချိန်မှာ ချောင်ပိတ်ခံရတဲ့ သားရဲတွေလို အပြင်းအထန် ခုခံကြသည်မို့ မြို့သိမ်းတိုက်ပွဲကို ခုနစ်ရက်တိုင်အောင် ဆင်နွှဲပြီး မြို့တံခါးလုံးလုံးပွင့်သွားမှ မြို့ကို သူတို့စီးမိခဲ့ရသည်
ကေလာသဘုရင်က တော်ရုံအညံ့မခံခဲ့
နောက်ဆုံးလက်နက်အဖြစ်သိမ်းထားတဲ့ သိုင်းပညာလုံးလုံးသုံးမရအောင် ဖျက်စီးခံထားရတဲ့ သူ့ခယ်မတော်နဲ့ တူတော်ကို ထုတ်ပြမှပင် လက်နက်ချ အညံ့ခံခဲ့သည်
သူတို့က စစ်ဆင်ရေးကို အပြင်းအထန်လုပ်နေချိန်မှာပင် လကာၤရမှာ မင်းပြောင်းမင်းလွဲ ဖြစ်ခဲ့ရသည်
သူတို့စစ်မြေပြင်မှာ ခက်ခဲခဲ့သလို လကာၤရမင်းကြီးကံတော်ကုန်ချိန်တွင် သခင်မနန်းတက်ဖို့အတွက်လည်း အခက်အခဲတွေ ပေါင်းစုံ ကြုံခဲ့ရသည်
သခင်မနန်းတက်ဖို့ကြင်ယာတော်ရှိမှဖြစ်မည်ဆိုကာ သူတို့သားတွေနှင့်အပြိုင်အဆိုင် လက်ဆက်ပေးဖို့ကြိုးစားနေကြသော မှူးမတ်တွေကတဖက် နန်းတက်ချိန်မှာ နန်းတွင်းအရေး နိုင်ငံအရေးကို ပုံမှန်အတိုင်းလည်ပတ်အောင် စီမံဆောင်ရွက်နေရတာက တဖက်နှင့်  အသက် နှစ်ဆယ့်တစ်နှစ်သာရှိသေးတဲ့ သခင်မအတွက် ခက်ခဲကျဉ်းကျပ်ခဲ့သော ကာလများပင်
နောက်ဆုံးတော့ ကန့်ကွက်သံတွေ ပွက်လောညံနေသည့်ကြားကသခင်မက မိဖုရားခေါင်ကြီးအဖြစ် နန်းမေ ကို တင်မြှောက်ပြီး ကြင်ယာတော်အဖြစ် သူမဆရာလည်းဖြစ် တပ်တော်တစ်ခုလုံးကို အုပ်ချုပ်နေသည့်  စစ်သူကြီးချုပ်လည်းဖြစ်သော ဆရာဇေယျ ရဲ့ သမီး မုန်တိုင်းတပ်သား အသိင်္ခယာ့ ကို တင်မြှောက်မည် လို့ကြေငြာပစ်လိုက်တော့မှ အားလုံး ရပ်တံ့သွားကာ သခင်မတစ်ယောက်တည်း အေးအေးဆေးဆေး နန်းတက်ခွင့်ရခဲ့သည်