အတိတ္ ၃ အတိတ် ၃
139 5 0
uni
နန်းဆောင်အစွန်က ရေကန်ကြီးထဲမှာ ရေကစားပျော်မြူးနေတဲ့ သခင်မကို သူမ ရေစပ်မှာ မတ်မတ်ရပ်ကာကြည့်နေမိသည် ခုလို ရေကစားနေတော့လဲ သခင်မက ကလေးတယောက်လိုပါပဲ ဖြူစင်တဲ့ မျက်လုံးလေးတွေက ပျော်ရွှင်မှုနဲ့ တလက်လက်တောက်ပနေသည် တရားရုံးမှာ စီရင် ဆုံးဖြတ်ချိန် အမတ်တွေနဲ့ လွှတ်ရုံးမှာ ငြင်းခုန်နေချိန် စစ်ရေးအမိန့်တွေပေးနေချိန်မှာတွေ့ရတတ်တဲ့ အေးစက်ကြောက်မက်ဖွယ် အငွေ့အသက်တွေမရှိတဲ့ သခင်မမျက်နှာက ခုမှ ရွှေမင်းသမီးလေးတစ်ယောက် ပီသသွားသလိုမျိုး သန့်စင်တင့်တယ်နေသည်
ဝတ်နေကျ အဖြူရောင်ဝတ်ရုံက စိုရွှဲလျက် ကိုယ်လုံးမှာအတိုင်းသားကပ်နေကာ ဆံနွယ်တွေက ရေစိုလျက် တချောင်းချင်း ဖြာကျနေတဲ့ သခင်မအသွင်အပြင်က လှတယ်ဆိုတာထက်ပိုသည်လေ
ဆယ့်ခြောက်နှစ်ရွယ်မိန်းကလေးတစ်ယောက်နှင့်ပင်မတန်အောင် လေးလံတဲ့တိုင်းပြည်တာဝန်တွေထမ်းဆောင်နေရသူမို့အားလပ်ချိန်လေးမှာ ပျော်သလိုနေဖို့ သူမ ဖန်တီးပေးချင်ခဲ့တာ
ခေါင်းဆောင်
ရေထဲမဆင်းတော့ဘူးလား
အစောင့်အကြပ်တွေလည်းရှိတာပဲ
သူဇာက သူရှိတဲ့ရေစပ်နားကူးလာကာ ဝတ်ရုံစကိုဆွဲပြီးလာခေါ်တာကို သူ ခေါင်းခါပြလိုက်သည် သခင်မခေါ်ခိုင်းလိုက်မှန်းသိပေမယ့် သူက သခင်မရဲ့လုံခြုံရေးအတွက်သူ့မှာ တာဝန်ရှိသည်လေ အပျိုတော်အမည်ခံ ံကိုယ်ရံတော်ခေါင်းဆောင်က
ဘယ်မှာ စိတ်လွတ်ကိုယ်လွတ် လက်နက်တခြား လူတခြား နေဝံ့ပါ့မလဲ
သခင်မနားကလူတွေက သခင်မအသက်ဆယ်နှစ် ကိုယ်ပိုင် နန်းဆောင်ရကတည်းက အသစ်ဝင်လာတဲ့အပျိုတော်ငယ်လေးတွေကို ကိုယ်တိုင် ရွေးချယ်ခေါ်ထားတာ
နန်းတွင်းစဝင်ကတည်းက အိမ်ရှေ့စံမင်းသမီးနန်းဆောင်အတွက် မင်းသမီးနဲ့ ဦးရီးတော်စစ်သူကြီးကိုယ်တိုင် သီးသန့်ရွေးချယ်လေ့ကျင့်ထားသူတွေချည်း
သူတို့က အပျိုတော်လို့အမည်ခံထားပေမယ့် တကယ်တော့ အိမ်ရှေ့စံမင်းသမီးရဲ့ သစ္စာခံ လက်မရွံ့တပ်ဖွဲ့..
မုန်တိုင်း..
သခင်မကိုယ်တိုင်ပေးထားတဲ့ နာမည်
လကာၤရအိမ်ရှေ့စံသခင်မအတွက် သီးသန့်ကိုယ်ရံတော်တပ်ဖွဲ့ဖြစ်ရုံမက ထောက်လှမ်းရေးတာဝန်သီးသန့်ဆောင်ရွက်ရတဲ့အထူးတပ်ဖွဲ့ မုန်တိုင်း...
မုန်တိုင်းတပ်သားတွေက အိမ်ရှေ့စံသခင်မ တစ်ဦးတည်းရဲ့ အမိန့်ကို နာခံလှုပ်ရှားရသူတွေ
တပ်ဖွဲ့ထဲမှာ အဆင့်မြင့်ဆုံး ဘိုးတော်မင်းကြီးလက်ထက်ကတည်းက အမှုထမ်းလာတဲ့ မှူးကြီးမတ်ရာ စစ်ဖက်နယ်ဖက် ဝန်ထမ်းတွေရဲ့ မြေးမိန်းကလေးတွေ ကစပြီး အဆင့်နိမ့်ဆုံး ကိုယ်ပိုင်နာမည်ကိုပင် မင်းသမီးကိုယ်တိုင်မှည့်ခေါ်ပေးထားရတဲ့ တကောင်ကြွက် မိန်းကလေးတွေအထိ အဆင့်အတန်းစုံပါဝင်နေပေမယ့် အားလုံးဟာ မင်းသမီးရဲ့ လက်အောက်မှာ ညီအမတွေလို တသားတည်း...
မှူးကြီးမတ်ရာတော်တော်များများက သခင်မကို မျက်မုန်းကျိုးကြသည်က ထိုထိုသော အကြောင်းတွေကြောင့်ပင် မိဖုရားဖြစ်စေချင်လို့ အပျိုတော်အဖြစ် နန်းတွင်းထဲပို့မိတဲ့ သမီးငယ်တွေက အခုတော့ တချိန်မှာ သူတို့သြဇာအာဏာကိုချုပ်ကိုင်မယ့် မင်းသမီးဘက်သားတွေလုံးလုံး ဖြစ်ကုန်ကြပြီ