အခန္း ၈ အခန်း ၈
231 8 0
uni
ဖြေနိုင်လား ငြိမ်း
ဆောရီး
နင့်ကို ဖြေနိုင်လားမေးရမှာမဟုတ်ဘူး
ဒီဘယ်နှစ်လုံးလဲမေးရမှာ
မြှောက်မှန်းသိပေမယ့် နားထောင်လို့တော့ အကောင်းသား
ထပ်မေးကြည့်ပါဦး
ငြိမ်းနော်
နောက်မနေနဲ့
နင်အရင် စတာပဲကို
ထားပါဟာ
ငါကတော့ စာတွေကို စာမေးပွဲခန်းထဲမှာထားခဲ့ပြီ
ပြောပြောဆိုဆိုနှင့်ပင် ငြိမ်းက ကျောင်းရှေ့ပိတောက်ပင်ရဲ့ ဖြာထွက်နေတဲ့အမြစ်ရှည်ကြီးတွေပေါ်ထိုင်ချလိုက်သည်
လာထိုင်လေဟာ
ခုမှ ၁၁ ဆယ့်ငါး ပဲရှိသေးတယ်
ဟိုစာကြမ်းပိုးနှစ်ယောက်ကို တမေ့တမောစောင့်ရဦးမှာ
သူမ ငြိမ်းနားမှာအသာအယာ ထိုင်လိုက်တော့ ငြိမ်းက ထုံးစံအတိုင်း ခါးကျော်တဲ့ထိဖါးလျားဝေနေတဲ့သူမဆံပင်တွေကို တချက်လှမ်းဖွကာ ဆော့ကစားလိုက်သည်
ဒီတစ်ခါတော့ သူမ မအော်မိဘဲ ငြိမ်းကို ငေးနေမိသည်
ဒီနေ့ မဖြေနိုင်လို့လား ယွန်း
နင့်ကြည့်ရတာ မှိုင်နေသလိုပဲ
ဒီနှစ်ဘိုင်အိုက ခက်တော့ခက်တယ်
မဖြေနိုင်တာတော့လဲမဟုတ်ပါဘူးဟယ်
ဒီလိုပဲ
ငါတို့ စာမေးပွဲတကယ်ပြီးသွားပြီနော်
စာမေးပွဲပြီးသွားတော့လည်း စိတ်ထဲမှာ ဘယ်လိုကြီးလဲမသိဘူး
ဟဲ့
ငြိမ်း
နင် ငါပြောတာရော နားထောင်နေရဲ့လား
သူမပြောတော့မှ ငြိမ်းက သူမကို သတိလက်လွတ်စိုက်ကြည့်နေတဲ့မျက်လုံးတွေကို လွှဲဖယ်ကာ ကျောပိုးအိတ်ထဲ ဘာကိုမှန်းမသိ မွှေနှောက်နေသည်
ငြိမ်း ခုတလော အရင်လို သူမစကားတွေနားထောင်မပေးတော့တာကို သူမ တကယ်ပဲဝမ်းနည်းမိသည်
ရှစ်တန်းလောက်ကတည်းက ရည်းစားရယ်လို့ အတည်လည်းမဟုတ်ဘဲ လာကြိုက်သမျှမိန်းကလေးတွေအကုန်လုံးကို အပြုံးချိုချိုနှင့် မပြတ်မသားဆက်ဆံတတ်သူမို့ ငြိမ်းက မိန်းကလေးတွေကြားမှာတော့ lady killer အဖြစ် ကျော်ကြားလှပေမယ့်
သူမက ကျောင်းစတက်တဲ့အရွယ်ကတည်းက လည်ပင်းဖက်ပေါင်းလာသူမို့ ငြိမ်းအတွက်တော့ ဘယ်သူ့ထက်မဆို ပစားပေးခံရသူပါ
မိန်းကလေးပီပီ ငြိမ်းလိုလူမျိုးက ချစ်ခင်အရေးထားလှတာကို ပျော်ရွှင်ကျေနပ်မိတာတော့ အမှန်
ဒါပေမယ် ခုနောက်ပိုင်းကျမှ ငြိမ်းဟာ သူမကို ရှောင်ဖယ်ဖယ်ဆက်ဆံလာတတ်ခဲ့တာ