အတိတ္ ၂၆ အတိတ် ၂၆

158 1 0
                                    

uni

ဟေ့ ဘယ်သူလဲ ရပ်

ငါပါ
လင်္ကျာ

စစ်သူကြီး

သက်သက်သာသာနေပါ
ငါက ဒီတိုင်း လှည့်ပတ်ကြည့်နေတာမို့လို့ မင်းတို့ တာဝန်ကျတဲ့နေရာမှာ နိုးနိုးကြားကြားရှိရင် တော်ပါပြီ

ဟုတ်ကဲ့ပါ

ညစောင့်တာဝန်ကျ တပ်သားများကို ပုံမှန်အတိုင်း စကားပြောနေလိုက်ရင်း ပတ်ဝန်းကျင်ကို စေ့ငုရသည် သန်းခေါင်ချဉ်းနေပေမယ့် တပ်မင်းကြီးတေဇာတဲက မီးလင်းနေဆဲဖြစ်သည်  သူတို့တပ်တွေ ပူးပေါင်းလိုက်တာ မကြာသေးပေမယ့် တပ်မင်းကြီးတေဇာရဲ့ အုပ်ချုပ်မှုအောက်မှာ အားလုံး စနစ်တကျ
သူလေ့ကျင့်တုန်းကတည်းက ဆရာတေဇာလက်အောက်မှာလေ့ကျင့်ခဲ့တော့ အခုဆို ဆရာတေဇာနဲ့ ခင်မင်နေခဲ့ပြီ ဆရာတေဇာက စည်းကမ်းတင်းကျပ်ပြီး တာဝန်နဲ့ပတ်သက်ရင်မညှာတတ်သူဖြစ်ပေမယ့် တခြားကိစ္စတွေမှာတော့ အားလုံးကို ရာထူးအဆင့်မခွဲ ညီရင်းအစ်ကိုပမာဆက်ဆံတတ်သူမို့ တပ်တွင်းက လူတိုင်းက ချစ်ကြောက်လေးစားကြသည်
သူ သတိရှိရှိနှင့် ရွက်ဖျဉ်တဲကိုချဉ်းကပ်လျက် အသာချောင်းကြည့်လိုက်သည်  ဆရာတေဇာက ညဦးက သူတို့စစ်သူကြီးငယ်များ တပ်မှူးကြီး/ငယ်များနှင့်အစည်းအဝေးလုပ်ခဲ့ပြီးနောက် ဒေသစစ်ဗျူဟာများ ပြန်လည်စစ်ဆေးရင်း အလုပ်များလျက်ရှိသည် သူ တဲနန်းက ခွါကာ ကပ်လျက်ကွင်းပြင် ဟိုမှာဖက်ဆီလှမ်းကြည့်လိုက်သည်
ရိက္ခာသိုလှောင်သည့်တဲမှ အစောင့်များက နိုးကြားနေဆဲ
ဒါပေမယ့် ကွင်းအစွန်မှ သောက်ရေသိုလှောင်ထားသည့် စဉ့်အိုးကြီးများက အစောင့်အကြပ် ကင်းလျက်
သူ အသင့်ယူလာသည့် ဆေးမှုန့်များကို တစ်မှုန့်မကျန်အောင် အိုးကြီးများထဲ ဖြူးထည့်လိုက်သည်
အဆိပ်
အိုးတွေကများပြီး ဆေးမှုန့်ပမာဏကို လျှော့ထည့်လိုက်သည်မို့ ကြမ်းတမ်းတဲ့ စစ်သည်တွေ ခံနိုင်ရည်ရှိလောက်မည်လို့ပဲ မျှော်လင့်သည်

သူ အိပ်ယာပေါ်ပြန်လှဲလိုက်သည် ခါတိုင်းအိပ်နေကျ သားရေအခင်းအိပ်ယာက ဒီနေ့မှ ပိုကြမ်းတမ်းမာကျောနေသလိုခံစားရသည် တာဝန်ပြီးမြောက်မှုကြောင့်ခါတိုင်းလို ကျေနပ်ပျော်ရွှင်မှုတွေ သူ့တကိုယ်လုံး ပြည့်လျံလာသည့်တိုင်အောင် နှလုံးသား၏ အနက်ရှိုင်းဆုံးတစ်နေရာက နာကျင်နေမြဲ
လွမ်းဆွတ်မှုဖြင့်ကြေကွဲနေမြဲ
ကျောခိုင်းလိုက်ပါပြီဆိုမှပင် အချစ်ကပေးသော ထိုဒဏ်ရာက ပိုနက်ရှိုင်းခဲ့သည်

zawgyi

ဘယ္သူလဲ ရပ္

ငါပါ
လက်ၤာ

စစ္သူၾကီး

သက္သက္သာသာေနပါ
ငါက ဒီတိုင္း လွည့္ပတ္ၾကည့္ေနတာမို႔လို႔ မင္းတို႔ တာဝန္က်တ့ဲေနရာမွာ ႏိုးႏိုးၾကားၾကားရွိရင္ ေတာ္ပါျပီ

ဟုတ္က့ဲပါ

ညေစာင့္တာဝန္က် တပ္သားမ်ားကို ပံုမွန္အတိုင္း စကားေျပာေနလိုက္ရင္း ပတ္ဝန္းက်င္ကို ေစ့ငုရသည္ သန္းေခါင္ခ်ဥ္းေနေပမယ့္ တပ္မင္းၾကီးေတဇာတဲက မီးလင္းေနဆဲျဖစ္သည္  သူတို႔တပ္ေတြ ပူးေပါင္းလိုက္တာ မၾကာေသးေပမယ့္ တပ္မင္းၾကီးေတဇာရဲ႕ အုပ္ခ်ဳပ္မႈေအာက္မွာ အားလံုး စနစ္တက်
သူေလ့က်င့္တုန္းကတည္းက ဆရာေတဇာလက္ေအာက္မွာေလ့က်င့္ခ့ဲေတာ့ အခုဆို ဆရာေတဇာနဲ႔ ခင္မင္ေနခ့ဲျပီ ဆရာေတဇာက စည္းကမ္းတင္းက်ပ္ျပီး တာဝန္နဲ႔ပတ္သက္ရင္မညွာတတ္သူျဖစ္ေပမယ့္ တျခားကိစၥေတြမွာေတာ့ အားလံုးကို ရာထူးအဆင့္မခြဲ ညီရင္းအစ္ကိုပမာဆက္ဆံတတ္သူမို႔ တပ္တြင္းက လူတိုင္းက ခ်စ္ေၾကာက္ေလးစားၾကသည္
သူ သတိရွိရွိႏွင့္ ရြက္ဖ်ဥ္တဲကိုခ်ဥ္းကပ္လ်က္ အသာေခ်ာင္းၾကည့္လိုက္သည္  ဆရာေတဇာက ညဦးက သူတို႔စစ္သူၾကီးငယ္မ်ား တပ္မွဴးၾကီး/ငယ္မ်ားႏွင့္အစည္းအေဝးလုပ္ခ့ဲျပီးေနာက္ ေဒသစစ္ဗ်ဴဟာမ်ား ျပန္လည္စစ္ေဆးရင္း အလုပ္မ်ားလ်က္ရွိသည္ သူ တဲနန္းက ခြါကာ ကပ္လ်က္ကြင္းျပင္ ဟိုမွာဖက္ဆီလွမ္းၾကည့္လိုက္သည္
ရိကာၡသိုေလွာင္သည့္တဲမွ အေစာင့္မ်ားက ႏိုးၾကားေနဆဲ
ဒါေပမယ့္ ကြင္းအစြန္မွ ေသာက္ေရသိုေလွာင္ထားသည့္ စဥ္႕အိုးၾကီးမ်ားက အေစာင့္အၾကပ္ ကင္းလ်က္
သူ အသင့္ယူလာသည့္ ေဆးမႈန္႔မ်ားကို တစ္မႈန္႔မက်န္ေအာင္ အိုးၾကီးမ်ားထဲ ျဖဴးထည့္လိုက္သည္
အဆိပ္
အိုးေတြကမ်ားျပီး ေဆးမႈန္႔ပမာဏကို ေလ်ွာ့ထည့္လိုက္သည္မို႔ ၾကမ္းတမ္းတ့ဲ စစ္သည္ေတြ ခံႏိုင္ရည္ရွိေလာက္မည္လို႔ပဲ ေမ်ွာ္လင့္သည္

သူ အိပ္ယာေပၚျပန္လွဲလိုက္သည္ ခါတိုင္းအိပ္ေနက် သားေရအခင္းအိပ္ယာက ဒီေန႔မွ ပိုၾကမ္းတမ္းမာေက်ာေနသလိုခံစားရသည္ တာဝန္ျပီးေျမာက္မႈေၾကာင့္ခါတိုင္းလို ေက်နပ္ေပ်ာ္ရႊင္မႈေတြ သူ႔တကိုယ္လံုး ျပည့္လ်ံလာသည့္တိုင္ေအာင္ ႏွလံုးသား၏ အနက္ရႈိင္းဆံုးတစ္ေနရာက နာက်င္ေနျမဲ
လြမ္းဆြတ္မႈျဖင့္ေၾကကြဲေနျမဲ
ေက်ာခိုင္းလိုက္ပါျပီဆိုမွပင္ အခ်စ္ကေပးေသာ ထိုဒဏ္ရာက ပိုနက္ရႈိင္းခ့ဲသည္

ဝဋ္ေၾကြးဆိုလည္း မေက်ေစခ်င္ ဝဋ်ကြွေးဆိုလည်း မကျေစေချင်Where stories live. Discover now