အတိတ္ ၅ အတိတ် ၅
123 5 0
Unicode
ဈေးထဲဝင်လိုက်တာနဲ့ ဆူဆူညံညံဈေးခေါ်သံတွေ ငြင်းခုန်သံတွေက လျံတက်နေသည် ပူပူနွေးနွေးစားစရာတွေ ဟင်းခတ်အမွှေးအကြိုင်တွေရနံ့က ဗိုက်မဆာတဲ့လူတစ်ယောက်ကိုတောင် စားချင်စိတ်ပေါက်အောင်ဆွဲဆောင်နိုင်စွမ်းရှိနေသည်
အလှကုန်ပစ္စည်းများနှင့် အထည်အလိပ်ဆိုင်တန်းများရှေ့အရောက် သူ ခေတ္တရပ်ကြည့်ဖြစ်သည် မိန်းမပျိုလေးများရဲ့ တီးတိုးစကားပြောသံ ရယ်မောသံတွေလျံတက်နေတဲ့ဆိုင်ခန်းတွေရဲ့အငွေ့အသက်က သူ့ကို မွန်းကျပ်စေသည်မို့အမြန်ပြန်ထွက်လာခဲ့သည် နောက်က မိန်းမပျိုလေးတွေသူ့ကို စိုက်ကြည့် ကျန်ခဲ့မယ်ဆိုတာ ပြောစရာမလို
ဝတ်စုံချင်းလည်း သိပ်မကွာ အရှေ့တိုင်းသားချင်းမို့မျက်နှာပေါက်ကလည်း ခပ်ဆင်ဆင်ဖြစ်ပေမယ့်
ဒီဖက်တိုင်းပြည်တွေမှာ ရှားပါးတဲ့ ပျားရည်ရောင်ထနေတဲ့အသားအရည် ယောင်္ကျားချင်းယှဉ်ရင်တောင် ခေါင်းတလုံးလောက်ပိုသာနေတဲ့အရပ်အမောင်းနဲ့ ထွားကြိုင်းသန်မာတဲ့ ကိုယ်လုံးအနေအထား သန်စွမ်းကြမ်းရှတဲ့အနက်ရောင်ဆံပင်တွေကို ဒီကယောင်္ကျားတွေလို သပ်သပ်ရပ်ရပ်ဆံထုံးထုံးမထားဘဲ အဝတ်စကြိုးနဲ့ ကပိုကယို စုစည်းထားတဲ့ဟန်က တခြားသူတွေနဲ့ကွာခြားနေတော့ မိန်းကလေးတွေအမြင်မှာလည်းထူးဆန်းနေမှာအသေအချာ...
ဒါတွေက သူ့အဖို့ရိုးနေခဲ့ပြီ
လာနော်
ဈေးကွဲသွားတော့မှ လိုချင်တယ်ဆိုလို့ အမတ်ချုပ်မင်းလာတောင် မရောင်းဘူးဗျို့
ကိုယ့်ဖိုနဲ့ ကိုယ့်တူနဲ့ ကိုယ်တိုင်သွန်းထားတာဗျနော်
စိတ်ကြိုက်စမ်းကြည့်
ထိုးမလားခုတ်မလား
လှီးမလားဖြတ်မလား
တိုက်ပွဲသုံးဓားရှည်ကနေ မီးဖိုချောင်သုံး သားလှီးဓားထိ အစုံရမယ်
ရှိတာပေါ့ နောင်ကြီးရာ
ပေးရတဲ့ဈေးနဲ့မတန်ရင် ဒီဓားနဲ့ ကျုပ်ဗိုက်သာပြန်လာထိုးလှည့်