အခန္း ၄ အခန်း ၄
306 11 0
ဆွဲ
ရွှမ်းကနဲ လေထုထဲပျံလွင့်သွားသည့် ကြာပွတ်သံကိုနာခံလျက် နန်းရှေ့ရင်ပြင်မှ လေ့ကျင့်ရေးကွင်းကိုဖြတ်လျက် မြို့တွင်းလမ်းမပေါ်သို့ ကစုန်စိုင်းပြေးထွက်သွားသည့် အနက်ရောင် စစ်မြင်းကြီးတွေရဲ့ခါွသံက သူ့ရင်အစုံပေါ်က ကျိတ်ချေနင်းဖြတ်သွားသလို စုတ်ပြတ်ကျန်ခဲ့ရသည်
လင်္ကျာ
လင်္ကျာ..
နှုတ်ဖျားက ထွက်မလာတဲ့ခေါ်သံက ရင်ထဲမှာသာ ပဲ့တင်ရိုက်လျက် တုန်ခါမြည်ဟီးနေသည်
ပတ်ဝန်းကျင်က မှူးကြီးမတ်ရာတွေအာလုံး မကြည့်ဝံ့သလို မျက်နှာလွှဲနေပေမယ့် သေသေချာချာ စူးစိုက်ကြည့် နေသူ နှစ်ဦးတော့ ရှိသည်
တဦးအတွက် မုန်းတီးလွန်းလှသော ရန်သူတော်၏
ကျဆုံးခန်းကို အားရကျေနပ်စွာ...
နောက်တစ်ဦးက အသည်းနင့်အောင် ချစ်ရသူ၏ ကျဆုံးခန်းကို တားဆီးခွင့်မရှိစွာ...
မင်းကြီးက မဖြစ်မနေ လာဖို့ ပြောထားခဲ့သည့် ဒီပွဲဟာ လင်္ကျာကို သေဒဏ်ပေးမည့် နေ့မှန်း ကြိုသိခဲ့လျှင် သူမ မျက်လုံးတွေ နားတွေကို ကြိုတင် ထိုးဖေါက်ထားခဲ့မိမည်
ခုတော့...
ကစုန်စိုင်းနေတဲ့ စစ်မြင်းရထားနောက်က သွေးအလိမ်းလိမ်းနဲ့ ဒယဉ့်တိုက်ပါသွားတဲ့ လူက သူ ရင်နှင့်အမျှချစ်ရတဲ့သူ
လင်္ကျာ
မင်း ငါ့ကို ချစ်မိလို့ သူနဲ့ပြိုင်ဖက်မလုပ်သင့်ဘဲလုပ်ခဲ့တယ်
မင်းရဲ့မိုက်မဲမှုလို့ ငါ အပြစ်မတင်ဘူး
အရာအားလုံး ငါ့အပြစ်တွေပါ
နာကျင်စွာ ဝဲတက်လာတဲ့ မျက်ရည်ကို ကျမလာအောင်နှုတ်ခမ်းတွေ ပေါက်ထွက်မတတ် ကိုက်ထားလိုက်သည်
တင်းတင်းဆုပ်ထားတဲ့ လက်သည်းရှည်တွေက လက်ဖဝါးထဲ စူးနစ်ဝင်နေသည်
ခန္ဓာကိုယ်ပေါ်က နာကျင်တာတွေက ဘာမှမဟုတ်ဘူး
တကယ်နာကျင်တာက ရင်ထဲက နှလုံးသား...