အခန္း ၁ အခန်း၁
1.5K 18 0
အခန်း ၁ Unicode
သူမ ဖျတ်ကနဲထထိုင်လိုက်သည်
ခင်ပွန်းသည်ကတော့ မက်မက်မောမောအိပ်မောကျနေဆဲ
ကြားနေတဲ့အသံကို ဟုတ်ရောဟုတ်ပါ့မလားလို့သေချာ နားစွင့်လိုက်မိတော့ ကလေးငိုသံမှ ကလေးငိုသံအစစ်
သားလေးကိုကြည့်လိုက်တော့လည်း သူ့ပုခက်လေးထဲမှာ တုပ်တုပ်မှမလှုပ်ဘဲ အိပ်မောကျနေသည်
မိုးသံတဖျောက်ဖျောက်ကနေ တဝုန်းဝုန်းဖြစ်လာချိန်မှာတော့ ဒေါ်သဇင်ဖြူတစ်ယောက် ဘယ်လိုမှမနေနိုင်တော့ပြီ
"မောင်
ထပါဦး
မောင်.."
"ဖြူကလည်းကွာ
အစောကြီးရှိသေးတယ်
ခုမှလေးနာရီပဲရှိသေးတာကို ......"
ဦးစိုးသန်းက အိပ်ချင်မူးတူးနှင့်ထထိုင်ကာ နာရီကိုလှမ်းကြည့်ရန် မျက်မှန်ကိုကောက်တပ်လိုက်သည်
"မောင်ကလဲ
အရမ်းပြောမနေနဲ့
ခဏလေး နားထောင်စမ်းပါ
ကလေးငိုသံများလားလို့ "
သူမပြောတော့မှ မောင်က ခြံဝဖက်ကို ပြူတင်းပေါက်ဖွင့်ကြည့်ရင်း တစုံတရာကိုတွေ့သလို ဆတ်ကနဲဖြစ်သွားသည်
"ဟုတ်တယ်ကွ
ကလေးငိုသံပဲ
မိုးကလည်းသည်းလာပြီ
တကယ့်ကလေးဆိုရင်တော့ သနားစရာပဲ
မောင်သွားကြည့်လိုက်ဦးမယ်ကွာ
ခဏနေဦး လက်နှိပ်ဓာတ်မီးရှာလိုက်ဦးမယ်"
လက်နှိပ်ဓာတ်မီးနဲ့ ထီးယူကာ ခြံထဲဆင်းချသွားတဲ့ ဦးစိုးသန်းကို ဒေါ်သဇင်ဖြူ ပြူတင်းပေါက်ကနေလှမ်းမျှော်ကြည်မိသည်
မိုးကတော့ သည်းကောင်းဆဲ
သူမက ပြန်အိပ်မရတော့မယ့်အတူ မျက်နှာသစ်လိုက်တော့မယ်လို့စိတ်ကူးမိတာမို့ ထထွက်ကာ အောက်ဆင်းလာခဲ့သည်
"ဖြူရေ
ဒီမှာကြည့်ပါဦး
မွေးကင်းစပဲရှိဦးမယ်
တကိုယ်လုံးလဲရွှဲစိုလို့
ကံကြီးပေလို့ မိုးရွာရွာချင်း မောင်တို့ဆင်းကြည့်မိတာ မနက်လင်းတဲ့ထိသာ ဒီတိုင်းထားမိရင် ကလေးတစ်ခုခုဖြစ်တော့မှာပဲ"
"အို...
ဟုတ်ပါ့
ဘယ်လိုအဖေ အမေတွေပါလိမ့်
ဒီအချိန်ကြီး ကလေးတစ်ယောက်တည်းဆိုတော့ ပစ်သွားတာဖြစ်မှာပဲ
ရက်စက်လိုက်ကြတာနော်"
ဒေါ်သဇင်တစ်ယောက် ကလေးကို ဆီးပွေ့ကာ ပါးစပ်ကလည်းကရားရေလွှတ်ပြောနေရင်း ကလေးကို အနှီးဖြေပေးကာ ရေတွေသုတ်ပေးနေသည်