အတိတ် ၂၀ အတိတ္ ၂၀
69 2 0
uni
ည..
တိတ်ဆိတ်မှောင်မိုက်နေတဲ့ သန်းခေါင်ယံမှာ နန်းဆောင်တွေနဲ့တကွ လကာၤရမြို့တော်တခုလုံး အိပ်မောကျနေသည် လမိုက်ညဖြစ်တဲ့အပြင် မိုးအနှောင်းဆောင်းအဝင်ရာသီမို့ တိမ်သားတိမ်လိပ်တွေ အုံ့ဆိုင်းကာ အေးစိမ့်လျက် ကြယ်လေးတွေတောင် တစ်လုံးမှ အားယူထွက်ပြူခြင်းမရှိနိုင်ရှာပါပေ
သူမက အိပ်ဖန်စောင့် တာဝန်ကျတာမဟုတ်ပါဘဲ အိပ်လို့ကို မပျော်နိုင် ဖြစ်နေရသည် သခင်မက အခုမှ နန်းတက်ကာစ မှူးမတ်တွေကြားမှာ အာဏာတည်ဆောက်ယူနေဆဲကာလမို့ သခင်မရဲ့ ဆုံးဖြတ်ချက်တွေကို ဝင်မစွက်ဖက်ရက်
သူမကို ရာထူးခန့်လိုက်တဲ့အချိန်တုန်းကတောင် မှူးမတ်တွေက ကန့်ကွက်ခဲ့သေးသည် မိန်းကလေးတစ်ယောက်ကို နန်းတွင်းကိုယ်ရံတော်တပ်ရဲ့ စစ်သူကြီးအဖြစ်ခန့်အပ်တာ မဖြစ်သင့်ပါဘူး ဆိုပြီး ကျီးလိုဝိုင်းအာခဲ့ကြသည် နောက်တော့ သူမကို ကိုယ်ရံတော်တပ်မှူးတင်မက စစ်ဦးစီးချုပ်တေဇာရဲ့လက်အောက်မှာ တစ်ဖွဲ့လုံးကို သွပ်သွင်းပြီး သူမကို လက်ထောက်စစ်သူကြီးအဖြစ်ပူးတွဲတာဝန်ထမ်းဆောင်ရတော့  သည်အသံတွေပိုကျယ်လောင်ခဲ့သည်
မှူးမတ်တွေရဲ့ ကန့်ကွက်သံဝေဖန်သံတွေတင်မက သူမက သခင်မနားမှာ ကပ်တွယ်ပြီး ကိုယ်ကျိုးအတွက် ဘုရင်မကို ချုပ်ကိုင်ထားသယောင်ယောင် ဆရာတူတွေမို့မောင်နှမရင်းလို ရင်းနှီးတဲ့ စစ်သူကြီးချုပ် အစ်ကိုတေဇာကို လုပ်ကြံပြီးရာထူးလုတော့မယောင်ယောင် အတင်းအဖျင်းတွေပျံ့နှံ့နေတာ မကြားချင်မှအဆုံး
ဒါတောင် မုန်တိုင်းအဖွ့ဲသားတွေကို တစုတစည်းတည်းမထားဘဲ တာဝန်အသီးသီးခွဲဝေပြီး လူခွဲပေးထားလို့သာ
တချို့က နိုင်ငံရပ်ခြားမှာ သူလျိုတာဝန်
တချို့က ဘုရင်မရဲ့ အနီးကပ်ကိုယ်ရံတော်တပ်ဖွဲ့
တချို့က သာမန်အပျိုတော်
ဒါပေမယ့် ဒီမိန်းကလေးတွေရဲ့ အဓိကတာဝန်က ထောက်လှမ်းရေး
လက်အောက်ငယ်သားတွေကို ခွဲဝေလွှတ်ထားရတော့ သခင်မရဲ့ကိုယ်ရံတော်တပ်က လူနည်းတာတော့အမှန်
ကန့်ကွက်သူတွေကို နှုတ်ပိတ်သွားလောက်အောင် သခင်မက တိတိကျကျကိုင်တွယ်ပြထားတာမို့ အပြစ်လည်း မတင်ရက် ပြီးတော့ လင်္ကျာကို နောက်မှရောက်လာပြီး သူမနဲ့တန်းတူနေရာပေးလိုက်လို့ မနာလိုဖြစ်နေတာလို့ ပိုလို့တောင်မထင်စေချင်
သခင်မက သူမအပေါ် ဘယ်တော့မှ အထင်မသေးတတ်တာသိနေပေမယ့်  သခင်မအချစ်ကို တခြားလူ အထူးသဖြင့် ယောင်္ကျားတစ်ယောက်နဲ့ ယှဉ်ပြိုင်တိုက်ခိုက်လုယူဖို့ရှက်လှပါသည် သခင်မစိတ်က လင်္ကျားအပေါ် မသိမသာလေး ယိမ်းနွဲ့လျက်ရှိတာကို သူမ သိမြင်နေခဲ့တော့ အစိုးရိမ်ပိုရသည် သခင်မဟာ တသက်လုံး ထီးနန်းလျာအဖြစ် ကြမ်းတမ်းတဲ့ လေ့ကျင့်မှုတွေနဲ့ကြီးပြင်းခဲ့ရပြီး အချစ်အတွက် အချိန်မရှိခဲ့သလို ဘုရင်မဖြစ်လာတော့လည်း အကဲစမ်းမှုတွေ ဆန့်ကျင်တိုက်ခိုက်မှုတွေကို တချိန်လုံးရင်ဆိုင်ဖြေရှင်းနေရတော့ ပင်ပန်းလွန်းချိန်မှာ နားခိုရာရင်ခွင်တစ်ခုများလိုချင်လေမလား
သူမ ဒီအတွေးကို တွေးလိုက်မိသည်နှင့် ရင်ထဲမှာ စိုးထင့်မှုနှင့် နာကျင်ရသည် အရင်ကတော့ သူမက သခင်မအတွက် အရာအားလုံးကို စီမံပေးနိုင်သည်လို့ ထင်ခဲ့သည် သူမဟာ သခင်မရဲ့အပျိုတော် ကိုယ်ရံတော် စစ်သူကြီး တိုးတိုးဖေါ် ကြင်ယာတော် သခင်မတောင်းဆိုသလို လိုအပ်သလို ပြောင်းလဲပေးမှာမို့ သခင်မအတွက် လုံလောက်မည်လို့တွေးခဲ့သည် သခင်မဟာ စိတ်ခံစားမှုရှိတဲ့ မိန်းမသားတစ်ယောက်ဆိုတာ သူမ မေ့နေလောက်အောင်ပင် သခင်မက တာဝန်ဝတ္တရားတွေကြား နစ်မြုပ်နေခဲ့သည်
သူမ မဖြည့်ပေးနိုင်ခဲ့တဲ့ ကွပ်လပ်တစ်ခုနှင့် တသက်လုံး သူမရင်မှာ သိမ်းဆည်းထားရမယ့် ခံစားချက်တစ်ခုအကြောင်းကို လကျာၤနဲ့ သခင်မရဲ့ ဖလှယ်ခဲ့တဲ့ အကြည့်တွေက သတိပေးချိန်မှာ သူမ တားဆီးလို့မရအောင် လွန်ခဲ့ပြီ
ဒီလူဟာ သခင်မနဲ့ သူမကြားကို ရည်ရွယ်ချက်ရှိရှိဝင်ဖို့ကြိုးစားနေတာကို သူမ ဒီအတိုင်းတော့ ထိုင်မကြည့်နိုင်
ဒါကြောင့်ပင် သူမ တိတ်တဆိတ် စုံစမ်းမှုကို စတင်ခဲ့ခြင်းဖြစ်သည်
ခုချိန်ထိတော့ သတင်းတွေက ဟာကွက်မရှိခဲ့
သခင်မနဲ့တွေ့စဉ်က လင်္ကျာကိုယ်တိုင်ပြောပြခဲ့တဲ့ ဇာတ်ကြောင်းအတိုင်းပင် တရွာလုံးက ပြောခဲ့ကြသည် လင်္ကျာဟာ သဖန်းတောရွာက ပန်းပဲဆရာကြီး ဦးဒီပါရဲ့ သား ဖြစ်ပြီး ဖခင်ဆုံးပြီးနောက်ပိုင်း ဖခင်ရဲ့ အိမ်ခြံမြေနဲ့ လုပ်ငန်းကို ဆက်ခံကာ ပန်းပဲသမားအဖြစ်အသက်မွေးသည် နောက်တော့ သခင်မနဲ့တွေ့ပြီး နန်းတော်မှာ တာဝန်ထမ်းဆောင်ရသည် ဘယ်သူ့မေးမေး ဒီဇာတ်လမ်းပဲ ကြားရတာမို့ ဒါ အဖြစ်မှန်လို့ ယုံချင်မိသည် ဒါပေမယ့် လင်္ကျာရဲ့ ထက်မြက်သွက်လက်မှုက သူမအမြင်မှာ သာမန် ကျေးတောရွာမှာကြီးပြင်းလာတဲ့ ပန်းပဲဆရာလေးတစ်ယောက်နဲ့ မတူညီသလို စစ်သေနင်္ဂဗျူဟာပိုင်းနှင့် တိုက်ခိုက်ရေးပိုင်းထူးချွန်မှုက စိတ်မသန့်စရာဖြစ်လို့နေသည်
သူမအနေနဲ့ လင်္ကျာကို တနည်းနည်းအကောက်ကြံပြီး သခင်မနားက လွင့်ထွက်သွားအောင် လုပ်လို့ရတာတော့မှန်သည် ဒါပေမယ့် သခင်မစိတ်ဆင်းရဲမှာရော ခုချိန်မှာ သူက ကိုယ့်အတွက် အကူအညီဖြစ်နေသေးတာရောကြောင့် လက်မလွှတ်ဝံ့သေး လင်္ကျာဟာ လကာၤရနဲ့ သက္ကနယ်စပ်မှာကြီးပြင်းလာတဲ့သူမို့ ဟိုဖက်က ကုန်သည်တွေနဲ့ လကာၤရသူလျှိုတွေ လျို့ဝှက်ဆက်သွယ်မှုတွေကိုဖေါ်ထုတ်ပေးနိုင်ခဲ့တော့ သူ့အပေါ် သခင်မရဲ့ယုံကြည်မှုက မြင့်တက်လာခဲ့တာ
နောက်ဆုံးတော့ သူမကိုယ်တိုင် ခံစားချက်တွေကို မျိုသိပ်ကာ လက်အောက်ငယ်သားတွေ သခင်မကို အထင်အမြင်မလွဲရအောင် လင်္ကျာဖက်က ကာဆီးပေးခဲ့ရသည်ပဲ
သူမကိုယ်တိုင်က လင်္ကျာကို စတွေ့ကတည်းက မနှစ်မြို့နိုင်ဘဲ စိတ်ထဲဆူးစူးသလို ခံစားခဲ့ရသည် သူ့အမူအယာက အလုပ်တာဝန်အပေါ် ကိုယ်စိတ်အလုံးစုံ မြှုပ်နှံထားတဲ့ စစ်သည်ကောင်းတစ်ယောက်ဖြစ်ပါလျက် တခါတလေမှာ နန်းတွင်းပတ်ဝန်းကျင်နဲ့ လုပ်ငန်းတာဝန်တွေအားလုံး သူနဲ့ မဆိုင်သလို တွေတွေကြီးငေးမောနေတတ်တဲ့ အမူအယာက တမျိုးကြီးခံစားရစေသည် လကျာၤဟာ စတွေ့ချိန်ကတည်းက သခင်မကို ကြည့်လိုက်တဲ့ အချိန်တိုင်း ဆုံးရှုံးရတော့မယ့် ရတနာတစ်ပါးလို ရီဝေစူးနစ်စွာ စိုက်ကြည့်တတ်သည် ခံစားချက်ကို သိုဝှက်မထားဘဲ မျက်လုံးမှာ ထင်ဟပ်နေသည်လို့ထင်ရပေမယ့် နောက်ကွယ်မှာ  ဘာမှန်းမသိတဲ့အရိပ်အယောင်တွေ ယှက်သမ်းနေတဲ့ လင်္ကျာရဲ့အကြည့်တွေကို သူမ မနှစ်မြို့နိုင်ဖြစ်ရသည်