အတိတ် ၇ အတိတ္ ၇
116 5 0
Unicode
စိန်ရွှေပိုးဖဲကတ္တီပါတွေ ပျိုးပျိုးပြက်ပြက်လက်နေတဲ့ နန်းဆောင်ထဲမှာ ဟန်ဆောင်စကားတွေဆိုကာ ဟန်ဆောင်အပြုံးတွေပြုံးရင်း အရိုင်းဆန်ဆန်မိန်းကလေးတစ်ယောက်ကိုသတိရနေမိသည် ဓားလှံလက်နက်တွေကို မက်မောနှစ်ချိုက်တဲ့ မိန်းကလေးဆိုတာ သာမာန်တော့မဟုတ်
ငယ်ငယ်ကတည်းက
သူသိခဲ့တဲ့မိန်းကလေးတွေဆိုတာ သူ့မယ်တော် မိထွေးတော်တွေ အစ်မတော် ညီမတော်တွေ အားလုံးဟာ နုနုနယ်နယ် လှလှပပလေးနေလျက် ဓားလှံလက်နက်တွေကို အဆိပ်အတောက်တစ်ခုလိုကြောက်ရွံ့ကြသူတွေချည်း
မိန်းမဆိုတာ ပန်းထိုး အဝတ်ချုပ်ရင်း အပ်ကလေးစူးမိရင် ထမင်းဟင်းချက်ပြုတ်ရင်း ဓားလေးရှမိရင် နာကျင် ငိုယိုဖို့ပဲသိတဲ့သူတွေလို့ သူမှတ်သားခဲ့သမျှ မှတ်ဉာဏ်တွေကို အဲဒီမိန်းကလေးက ပြောင်းပြန်ဆွဲလှန်ပစ်ခဲ့သည် သူမ လက်နက်တွေကို ကြည့်ရှုစစ်ဆေးပုံက တခြားမိန်းကလေးတွေ သူတို့နှစ်သက်မြတ်နိုးတဲ့ရတနာတွေကို ကြည့်သလို စေ့စေ့စပ်စပ် နှင့် စိတ်ဝင်တစားရှိလှသည် သူ့အတွက်တော့ တခါမှမတွေ့ဖူးတဲ့ပုံစံမို့ စိတ်ထဲစွဲထင်ကျန်ရစ်သည် နာမည်တောင်မသိလိုက်ရတဲ့ အဲဒီမိန်းကလေးနဲ့ စကားစမည်ပြောကြည့်ချင်မိသည် သူမဘယ်လိုအရာတွေကို စိတ်ဝင်စားလဲသိချင်မိသည်
သူ့အတွက်လက်ဆောင်ပေးဖို့ အကောင်းဆုံး ဓားတစ်လက် ဒါမှမဟုတ် မျိုးကောင်းမျိုးသန့် စစ်မြင်းတကောင် စီစဉ်ရမယ်
သူလွှတ်ခနဲတွေးမိပြီး ရယ်ချင်လာမိသည်
သီဟဗလ
သီဟဗလ
မင်းတော့ တကယ်ကို ရူးသွားပြီ
မိန်းကလေးတစ်ယောက်ကို တစ်ခါလေးပဲတွေ့ဆုံ စကားပြောလိုက်ရုံနဲ့ အရူးတစ်ယောက်လို နေ့နေ့ညည သူ့မျက်နှာလေးပဲမြင် သူ့အသံလေးပဲကြားနေတော့တဲ့အဖြစ်..
ဟိုအရင်က သူ့အပေါင်းအသင်းတွေ ချစ်သူမိန်းကလေးကို စွဲလမ်းပြီး တချိန်လုံး တမ်းတမြင်ယောင်နေတယ်ဆိုတဲ့စကားတွေရင်ဖွင့်လာတိုင်း အားရပါးရ အထင်သေးရှုံ့ချခဲ့သမျှ ခုတော့ ကိုယ်တိုင်လက်တွေ့ကြုံနေရပြီ