အတိတ္ ၂ အတိတ် ၂
163 6 0
ကျီ...
ရွှမ်း...
ရွှမ်း...
အမယ်လေး
အစ်မတော်
ဘာသံတွေလဲ
မနက်ကမှရောက်တာ ခရီးပန်းလို့ နားနားနေနေနေပါဦးဆိုတာ ပြောလို့မရ တူမတော်ကို တွေ့ချင်လှပါချည်ရဲ့ဆိုလို့ လိုက်ပို့မိတာ မှားပြီထင်တယ်
သမီးတော်ရဲ့ တောစပ်က သစ်လုံးအိမ်နားမှာ ဆင်အော်သံ လူသံ သံကြိုးသံတွေနဲ့ ကြောက်စရာကောင်းလောက်အောင် ဆူညံနေသည်
ဆင်အသစ်တကောင် ကျုံးသွင်းနေပြန်ပြီထင်တယ်
မင်းတူမတော်က သူ့ဆင်တွေကို ကိုယ်တိုင် လေ့ကျင့်ပေးနေကျပဲ
ဆင်တွေ
ဟုတ်လား
သုန္ဓရ ဆယ်နှစ်ပြည့်မှာ အိမ်ရှေ့စံမင်းသမီးခန့်အပ်ပွဲပြီးကတည်းက လကာၤရကိုမရောက်ဖြစ်တော့တဲ့ ညီမတော် စန္ဓာဒေဝီက တူမတော်ကို တွေ့ချင်တယ်ဆိုလို့ ခရီးရောက်မဆိုက် တောလိုက်ကွင်းခေါ်သွားမိပါတယ်
ဟိုရောက်တော့ ဆင်ထိန်းကြီးတွေ ရဲမက်တွေ သူ့အပျိုတော်တွေနဲ့အတူတူ ဆင်ငယ်တကောင်ကို ကိုယ်တိုင် ကျုံးသွင်းရင်း အလုပ်တွေရှုပ်နေတဲ့ သုန္ဓရကိုတန်းတွေ့ရသည် သူတို့ရောက်တဲ့အချိန်မှာ ဆင်လေးကို ကျုံးသွင်းပြီးလို့ ဆေးတောင်ထည့်နေပြီ ဆင်ပေါက်လေးကလည်း သွေးသံတရဲရဲ သုန္ဓရကလည်း ချွေးတွေသံတွေနဲ့
တခြားလူတွေကလည်း ဆင်လေးကိုလုပ်စရာရှိတာတွေလုပ်ပေးနေရလို့ သူတို့ကို ရောက်လာမှန်းတောင်မသိ
တူမတော် အသက် ဘယ်နှနှစ်ရှိပြီလဲ အစ်မတော်
ဒီနှစ်တန်ဆောင်မုန်းလမှာ အသက်ဆယ့်ခြောက်နှစ်ပြည့်တော့မှာ
သူ့တယောက်အတွက်နဲ့လဲ အစ်မတော် ရင်လေးနေရတာ
မိန်းကလေးရယ်လို့ နူးနူးညံ့ညံ့ သိမ်သိမ်မွေ့မွေ့မရှိဘူး
အပ်ချုပ်ပန်းထိုး စားဖိုဆောင်ကိစ္စတော့ တတ်ကျွမ်းပါရဲ့
သူ့လက်ရာဆိုလို့ ဟင်းတခွက် ပုဝါတထည် မရဖူးဘူး
မဟုတ်တဲ့ပစ္စည်းတွေတော့ လာပေးပြပါလိမ့်မယ်
ဆင်စွယ်ဆံထိုးတဲ့
သစ်နက်ရေခြုံထည်တဲ့
အမယ်လေး
သူပေးတဲ့ပစ္စည်းတွေသုံးစွဲဖို့နေနေသာသာ မြင်ရရုံနဲ့တင် နှလုံးတုန်လွန်းလို့
ညီမတော်ကတော့ ပါးစပ်ကို လက်ကိုင်ပုဝါလေးနှင့်အုပ်ကာ တသိမ့်သိမ့်ရယ်မောမဆုံး...
သုန္ဓရကို အလိုလိုက်တဲ့အထဲမှာ သူ့အရီးတော် စန္ဓာဒေဝီလည်း တဦးအပါအဝင် ...
သုန္ဓရ အမဲလိုက်ရာက ရလာတဲ့ သွေးသံရဲရဲတောကောင်တွေကို မကြည့်ရဲပါဘူးဆိုသော်ငြား အဲဒီတောကောင်အထူးအဆန်းတွေကို ချက်ပြုတ်ပြီး လာကျွေးတော့လည်း ပျော်ပျော်ကြီး မြည်းစမ်းကြည့်တတ်သူ
ကျေးသားလို သာလိကာလိုလူစကားသင်လို့ရတဲ့ ငှက်တွေ ယုန်ဖြူလေးတွေ လက်ဆောင်ပေးတော့လည်း မက်မက်ရရ လက်ခံယူကာ ယုယုယယမွေးထားတတ်သူ
သမီးတော်ပြောသမျှ သူတို့မောင်နှမတွေရဲ့ တောလိုက်အတွေ့အကြုံတွေ ရုပ်ဖျက်နယ်လှည့်ရာက သိရတဲ့အထူးအဆန်းအကြောင်းအရာတွေ သိုင်းပညာ အဆိပ်ပညာတွေအကြောင်း စိတ်ဝင်တစား နားထောင်ပေးတတ်သူ
ဒီလိုအရီးတော်ကို သမီးတော်က ခင်တွယ်တာ မဆန်း