အတိတ္ ၃၀အတိတ် ၃၀
222 0 0
Uni
အဆိပ်ဖြေဆေးတိုက်ထားတယ်ဆို...ခုချိန်ထိသတိမရသေးတာ ဘာလို့လဲတစ်နေ့နဲ့နှစ်ညတောင်..မင်းတို့သမားတော်တွေ ဘယ်လိုနည်းနဲ့သမားတော်ဖြစ်လာတာလဲသူ စိတ်ရှိလက်ရှိ အော်ပစ်လိုက်ပြီး ဘာမှပြန်မပြောဘဲ ခေါင်းငုံ့ခစားနေတဲ့ သမားတော်တွေကို ကျောခိုင်းလိုက်သည် သလွန်ပေါ်မှာ ငြိမ်ငြိမ်သက်သက် လဲလျောင်းနေတဲ့ သူမကတော့ အရာအားလုံးကို ကျောခိုင်းထားပြီး အိပ်မောကျသူလို ငြိမ်သက်နေခဲ့သည် ပြာနှမ်းမနေတော့ပေမယ့် ဖြူဖျော့နေတဲ့ အသားအရည်နဲ့အေးစက်တောင့်တင်းမနေပေမယ့် ပုံမှန်အနွေးဓာတ်လည်း မရှိတဲ့ ပျော့ဖပ်ဖပ်ကိုယ်လုံးလေးကို သူကိုယ်တိုင် ငြင်သာစွာ ရေဝတ်လေးနဲ့အသာ သန့်စင်ပေးရသည် တခါတရံမှာ ကြောက်စရာကောင်းလောက်အောင် ရေခဲတမျှ အေးစက်သွားလိုက် ခဏချင်း မီးခဲအလား ပူတက်လာလိုက်နဲ့ အမျိုးမျိုး ပြောင်းလဲနေတဲ့သူမရဲ့ကျန်းမာရေးအတွက် ဘယ်သမားတော်ကမှ အတိအကျ ကုထုံးမထုတ်နိုင်ခဲ့သူမသောက်လိုက်တဲ့အဆိပ်ရဲ့ ပါဝင်ပစ္စည်းက နှင်းဆီပန်းဝတ်ရည်လို့သာပြောပေမယ့် အခြားပါဝင်ပစ္စည်းအမျိုးမျိုးနဲ့ ပေါင်းစပ်ထားသေးတာမို့ ဖြေဆေးကလည်း သူမသာ သိနိုင်မည်သူကသာ စိုးရိမ်စိတ်တွေနဲ့ပူလောင်ရတာက တဖက် လကာၤရ ဥတ္တရ ဘောဂ တန္ဓရ တစ်နိုင်ငံလုံးကို အုပ်ချုပ်ရေးအခြေကျအောင် လုပ်ရတာက တဖက် ထွက်ပြေးလွတ်မြောက်သွားတဲ့ မုန်တိုင်းတပ်ကို ထောက်လှမ်းရတာတဖက်နဲ့ ရှုပ်ထွေးဒေါင်ချာစိုင်းနေခဲ့သည်အဆိပ်က ကျုပ်ရှေ့တင်သောက်ချလိုက်တာ ပုလင်းတောင်မောင်မင်းတို့ကိုပေးထားသေးတယ်ဒါတောင် ဖြေဆေးမဖေါ်နိုင်ဘူးဆိုတော့ ပေးအပ်ထားတဲ့သမားတော်ဘွဲ့တွေ အကုန် လွှင့်သာပစ်လိုက်ဖို့ကောင်းနေပြီသူ ပြန်ကောင်းလာဖို့ မျှော်လင့်ချက်ရှိလား မရှိလားဒါပဲ သိချင်တယ်မှန်လှပါသခင်မက သေချာပေါက် သတိပြန်ရလာမှာပါအချိန်တော့ အတိအကျ ကျွန်တော်မျိုး မတွက်ချက်တတ်ပါဘုရားသခင်မ သောက်လိုက်တဲ့အဆိပ်က နှင်းဆီပန်းဝတ်ရည် နဲ့ နှင်းဆီပင်ရဲ့ သစ်ရည်ကို အခြေခံပြီး ဖေါ်စပ်ထားပြီး အဆိပ်ဖြေဖို့အတွက် အဲဒီဆေးကိုပဲ ကန်စွန်းပင်ရဲ့ အရည်နဲ့ရောစပ်ပြီး အဆိပ်ချင်းပြန်တိုက်တဲ့နည်းကို သုံးရတာပါ သခင်မခန္ဓာကိုယ်က ငယ်ရွယ်ပြီး အားအင်နဲ့ပြည့်စုံသူမို့ ကျန်ရစ်တဲ့အဆိပ်ကိုလည်း တွန်းလှန်နိုင်မှာပါဒါပေမယ့် အချိန်ကြာနေရတာက အဆိပ်ရည်ထဲမှာ ပါနေတဲ့ နှင်းဆီဝတ်ရည်အပြင် တခြားပေါင်းစပ်ပစ္စည်းတွေကို မသိရတဲ့အတွက် အတိအကျ ဖြေဆေးမဖေါ်နိုင်လို့ပါနောက်ဆုံးအဆင့် ဆေးနည်းတစ်ခုတော့ရှိပါတယ် မင်းကြီးဒါကလည်းဘယ်လိုမှကုသလို့မရတော့တဲ့ အဆိပ်တွေအတွက်သုံးတာပါပြောစမ်းပါဘာပဲဖြစ်ဖြစ်ဒါက ကျွန်တော်မျိုး တခါ အနောက်တိုင်းက သံတမန်တွေလာတုန်း သူတို့ဆီက သမားတော်ကြီးနဲ့ ပညာချင်းဖလှယ်ရာက သိလာတာပါ အဲဒီဆေးကို ပုံမှန်ကျန်းမာရေးရှိတဲ့လူတစ်ယောက်က သခင်မသောက်တဲ့ ပမာဏမဟုတ်ဘဲ နည်းနည်းချင်း တစ်ပတ်လောက် သောက်သောက်ထားပြီး အဆိပ်ဒဏ်ကို လုံးဝမခံစားရတော့တဲ့အချိန်ကျမှ အဲဒီလူရဲ့သွေးကို သခင်မရဲ့ကိုယ်ထဲသွင်းပြီး ကုသမှာ ပါသူတို့ဆီမှာတောင် စမ်းသပ်နေတုန်းပဲရှိပါသေးတယ်တဲ့သူတို့က ဒီနည်းကို တိရိစ္ဆာန်တွေနဲ့တော့ စမ်းသပ်ခဲ့ဖူးပါတယ် အောင်မြင်တော့ သေဒဏ်ကျအကျဥ်းသားတွေနဲ့ စမ်းသပ်ကြည့်တာ အဖိတ်အစင်လည်း ရှိခဲ့ပါတယ် ခုတော့ အောင်မြင်နေပြီလို့ပြောပါတယ်ပြဿနာက လူနာ သတိပြန်လည်မလာမချင်း နေ့တိုင်း စမ်းသပ်နေရတော့ သွေးထုတ်ပေးရတဲ့လူက အားနည်းရင် အသက်ဆုံးတဲ့အထိ ဖြစ်နိုင်ပါတယ်တဲ့ နောက်ပြီး သွေးပြောင်းလို့လည်းမဖြစ်ပါဘူး အဲဒီဆေးကိုစတိုက်ပြီဆိုကတည်းက ကိုယ့်ကိုကိုယ့် အဆိပ်သင့်စေပြီးမှ ခန္ဓာကိုယ်က ကိုယ်တိုင် အဆိပ်ကို သွေးနဲ့ ပြန်ချေဖျက်စေပြီးမှ အားပျော့သွားတဲ့ အဆိပ်သွေးနဲ့ ပြန်ကုသရတဲ့သဘောမို့ လူတစ်ယောက်တည်းရဲ့သွေးကိုပဲ ထည့်ပေးရတာပါရှည်ရှည်ဝေးဝေးပြောမနေနဲ့တော့ အဲဒီနည်းနဲ့ကုရင် အလွန်ဆုံးကြာနိုင်မယ့်အချိန်ကိုပဲ သိချင်တယ်ခုနစ်ရက်ပါခုနစ်ရက်အတွင်း သတိပြန်လည်လာမှာပါဒါပေမယ့်..ကောင်းပြီနန်းရင်းဝန် အခု သုန္ဓရဒေဝီ သောက်လိုက်တဲ့အဆိပ်ကို ယူပေးပါသမားတော်ကြီးသူ့အဆိပ်ကို ကျုပ်သောက်ပြီး ရလာတဲ့သွေးနဲ့ သူ့ကို ကုပေးပါမဖြစ်သင့်ပါဘူးမင်းကြီးရဲ့ခန္ဓာကိုယ်က တိုင်းပြည်အတွက်ပါကိုယ့်သဘောနဲ့ကိုယ် ထိခိုက်စေလို့မဖြစ်နိုင်ပါဘူးဒါဆို သူသေသွားတာ ထိုင်ကြည့်နေရမှာလားလူတစ်ယောက်လုံးကိုတောင် သက္ကအထိရအောင်သယ်လာပြီးမှ ဆေးကုလို့မရရင် ကျုပ်က ဘယ်လိုဆက်လုပ်ရမှာလဲ ဟမ်သူ ဒေါသတကြီး ပြောဆိုနေတာကို ခွန်းတုံ့မပြန်နိုင်ဘဲ သမားတော်တွေအားလုံး ပြားပြားဝပ်နေကြသည်ဒါပေမယ့် မင်းကြီး...သူ လက်ကာပြလိုက်သည်ငါ ဖြေရှင်းချက်တွေနားမထောင်ချင်ဘူးဆေးသာ ယူလာခဲ့ဒီနေ့ကစပြီး အဲဒီအဆိပ်ကို ငါသောက်မယ်ပမာဏဘယ်လောက်သောက်ရမှာလဲနေပါဦး မင်းကြီး ဒီတိုင်းသောက်လို့မရပါဘူးတစ်နေ့ကို အဆိပ်ထမင်းစားဇွန်းတစ်ဇွန်းစာကို အဆိပ်ဖြေရွက်နဲ့ပြန်ပေါင်းခံရပါမယ် ရလာတဲ့ဆေးရည်ကိုမှ မင်းကြီးသောက်လို့ရမယ်ကောင်းပြီကျုပ်တို့နှစ်ယောက်အသက်ကို သမားတော်ကြီးလက်ထဲအပ်လိုက်ပြီဒါဆို ကျွန်တော်မျိုး ဆေးဖေါ်စပ်ဖို့လိုအပ်တာတွေစီစဉ်လိုက်ပါ့မယ်မနက်ဖြန်ကစပြီး မင်းကြီးဆေးသောက်ရမှာမို့လို့ ဒီည အိပ်ရေးဝဝအိပ်ရပါ့မယ်ပြီးတော့ ခုချိန်ကစပြီး ဆေးကုသမှုပြီးတဲ့အချိန်ထိ မင်းကြီးက ကျွန်တော်မျိုးစီစဉ်ပေးတဲ့အစားအစာနဲ့သွေးအားဖြည့်ဆေးရည်သောက်ရပါ့မယ် အရေးအကြီးဆုံးက သေရည်လုံးဝသောက်လို့မဖြစ်ပါဘူး မင်းကြီး သွေးအားဖြည့်ဆေးရည်က သေရည်နဲ့မတည့်လို့ ခန္ဓာကိုယ်ထဲသေရည် တစ်ငုံစာလောက်ဝင်ရင်တောင် ချက်ခြင်းတုန့်ပြန်ပါလိမ့်မယ် ဒါဆို မင်းကြီးရဲ့သွေးက အဆိပ်ဖြေရာမှာ သုံးမရတော့လို့ ကြိုးစားသမျှ အလဟသဖြစ်ရပါလိမ့်မယ် အဲဒါတစ်ခုတော့ သတိပြုစေချင်ပါတယ်ကောင်းပြီ သမားတော်ကြီး ပြောတဲ့အတိုင်း လိုက်နာပါ့မယ်ဒါဆို နားလိုက်ပါတော့ မင်းကြီးအားလုံးထွက်သွားတော့မှ သူမဘေးမှာအသာအယာ ဝင်ထိုင်လိုက်သည် ဖြူဖျော့တဲ့ နှုတ်ခမ်းလေးကို ထိလိုက်ရင် ပဲကြွေသွားမှာတောင်ကြောက်နေသလို သူ အသာအယာအငွေ့လေးမျှနှင့် နမ်းရှိုက်လိုက်သည် ငါ မင်းဘေးမှာ အတူရှိနေတာ သိရင် မင်း စိတ်ဆိုးနေဦးမလားကျူပင်ခုတ်ကျူငုတ်မကျန်ရှင်းပစ်လိုက်ရတဲ့ မင်းအစ်ကိုတော်တွေအကြောင်းသိရင် မင်း ငါ့ကို မုန်းတီးနေမှာ ငါသိပါတယ်မုန်းသင့်လို့မုန်းတာ ငါ အပြစ်မတင်ပါဘူးငါ့ဖက်က တစ်ယောက်တည်း ချစ်နေရရင် အဆင်ပြေတာမို့ မင်းသာ ငါ့နားမှာရှိနေပေးပါငါ့တသက်တာလုံး မင်းကို ပြန်ပေးဆပ်ရင်းကုန်ဆုံးပေးမှာမို့လို့ မင်း ငါ့ဆီပြန်လာပေးပါမင်းကြီး ည ၇ မောင်းတီးပါပြီညစာပွဲတော်ပြင်ထားပါတယ်တော်ပြီပြန်ယူသွားသူ တစစ်စစ်ကိုက်နေသော ခေါင်းကို အသာ ဖိကာ လက်ကာပြလိုက်သည် သူရင်ထဲမှာ မီးစနဲ့ထိုးရုံမက မီးပုံပါ ရောက်နေသလို ပူလောင်နေသည် ဆေးက သူမအတွက် ထိရောက်နိုင်ပါ့မလား တကယ်လို့ သူ ဒီမိန်းကလေးကို လက်လွှတ်လိုက်ရရင်..မင်းကြီး ..ပြန်ယူသွားလို့ပြောနေတယ်လေအထိန်းတော်ကြီးကျုပ်ကို မလေးမခန့်လုပ်ချင်တာလားမင်းကြီး ညစာသုံးဆောင်မှဖြစ်ပါမယ်ကိုယ်တိုင်ကမှ အစားကောင်းကောင်းမဝင်လို့ အားအင်မရှိဘဲနဲ့ အဆိပ်မိလူနာအတွက် သွေးထုတ်ပေးဦးမယ်ဆိုတာ ကိုယ့်သေတွင်းကိုယ်တူးနေတာနဲ့အတူတူပါပဲသုံးဆောင်ပြီး ခဏစင်္ကြလျှောက်ပြီး စက်ရာဝင်ပါတော့ဒီနားမှာ မင်းကြီးထိုင်စောင့်နေတာက အကျိုးမရှိဘဲ ကိုယ့်ကိုယ်ကိုယ်ရော တာဝန်ကျမောင်းမတွေကိုပါ ညှင်းဆဲရာကျနေပါပြီမင်းကြီးကသာ စိတ်ပူပန်လို့အနားမယူချင်ပေမယ့် ကျန်တဲ့အပျိုတော်တွေက တညလုံး လူလဲလဲပြီး မိဖုရားလောင်းကို ပြုစုကြမှာပါမင်းကြီးရှိနေတော့ သူတို့လည်း အနားမယူရဲလို့ တနေကုန်ပင်ပန်းနေတာတောင် အားတင်းထိုင်စောင့်နေကြတာပါအထိန်းတော်ကြီးကလဲဗျာသူ သူမလေးအနားက မခါွချင်သေးလို့ ညည်းငြူမိပေမယ့် သူပြောတာကလည်း အမှန်မို့ အတင်းမငြင်းချင်တော့ကျုပ် ဒီမှာပဲ နားတော့မယ်မသင့်တော်ပါဘူး မင်းကြီးစိတ်ပူပန်တာကို နားလည်ပေမယ့်ဘိသိတ်မမြှောက်ရသေးတဲ့ မိန်းကလေးရဲ့နန်းဆောင်မှာ တညတာ အချိန်ကုန်လိုက်ရင် နောင်အခါကျ သုန္ဓရဒေဝီအတွက် ကိုယ်ကျင့်သိက္ခာ စွန်းထင်းသူလို့ အပြစ်ဆိုစရာဖြစ်ကုန်ပါ့မယ်ကျွန်တော်မျိုး စိတ်ချရတဲ့ ကိုယ်ရံတော်အဆင့် အပျိုတော်ထိန်းတွေ တာဝန်ချထားပေးမှာမို့ မင်းကြီး စိတ်ချလက်ချနဲ့ ကိုယ့်နန်းဆောင်မှာ ပြန်အနားယူတော်မူပါ ကိုယ့်နန်းဆောင်မှာပဲအနားယူပါဟင်းကောင်းပြီလေအခု သွားတော့မယ်ဒီဖက်အဆောင်အတွက် စိတ်ချပါ မင်းကြီးကျွန်တော်မျိုးတို့ သေသေချာချာ စောင့်ရှောက်ပါ့မယ်သူငယ်ငယ်ကတည်းက သားအရင်းလိုစောင့်ရှောက်ခဲ့တဲ့ အထိန်းတော်ကြီးက လက်ရုံးရည် နှလုံးရည် ပြည့်စုံသူဖြစ်ကာ သူ့အပေါ် ဦးရီးဘကြီးတမျှ သြဇာသက်ရောက်သူမို့သာ လက်လျှော့ခဲ့ရသည် စက်ရာပေါ်မှာ သူ တလူးလူးတလိမ့်လိမ့်သုန္ဓရ..သုန္ဓရမင်းငါ့အပေါ်လွှမ်းမိုးနိုင်လှချည့်လားစတွေ့တဲ့အချိန်ကတည်းက ခုထိ ဆယ်နှစ်ကျော်ခဲ့ပြီ ဆယ့်လေးနှစ်သမီးလေးက ချစ်စရာကောင်းခဲ့သလို အခု အသက်နှစ်ဆယ့်လေးနှစ်အရွယ် အမျိုးသမီးတစ်ယောက်ကလည်း ငါ့အသည်းစိုင်ကို ကိုင်လှုပ်နိုင်တုန်းပဲမင်းသတိရလာမှဖြစ်မယ်ငါ မင်းကို ဘယ်လောက်ချစ်တဲ့အကြောင်း..မင်းအတွက် ငါ ဘယ်အရာတွေကို ဘယ်လောက်ထိ တည်ဆောက်ထားရတဲ့အကြောင်းတဖွဲ့တနွဲ့ပြောပြချင်သေးတယ်မင်းနဲ့အတူ စစ်ဗျူဟာတွေအကြောင်း ဆွေးနွေးပြီး တိုက်ပွဲတွေအတူ တိုက်ပြီး အတူ အောင်ပွဲခံချင်သေးတယ်မင်းကို ငါ စောင့်နေမှာမို့ ပြန်လာပါ